သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ဒံုးက်ည္ပစ္လႊတ္ျပန္ၿပီ


ေျမာက္ကုိရီးယား ဒုံးက်ည္စမ္းသပ္မႈသတင္း ထုတ္လႊင့္ေနမႈ ၾကည့္႐ႈေနသူအခ်ဳိ႕။ (မတ္လ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားႏုိင္ငံက အမ်ိဳးအမည္ မသိရတဲ့ ဒံုးက်ည္သံုးစင္းကို တနလၤာေန႔က ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။ ဒါဟာဆိုရင္ ဒီႏွစ္အတြင္း ေျမာက္ကိုရီးယားရဲ႕ ဒုတိယအႀကိမ္ေျမာက္ ဒံုးက်ည္စမ္းသပ္မႈ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ South Hamgyong ျပည္နယ္ Sondok ၿမိဳ႕ကေန ႏုိင္ငံအေရွ႕ပိုင္း ကမ္းလြန္ပင္လယ္ထဲကို ဒံုးက်ည္ေတြ ပစ္လႊတ္ခဲ့တာျဖစ္ေၾကာင္း ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔က ေျပာပါတယ္။

ဒံုးက်ည္စမ္းသပ္မႈ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ ထြက္ေပၚမလာေသးပါဘူး။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္လာႏုိင္တဲ့ အေျခအေနကို ကိုင္တြယ္ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ ေျမာက္ကိုရီးယားဘက္က ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေရာေထြးေနတဲ့ သတင္းစကားေတြ ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔က ေျမာက္ကိုရီးယားဘက္က တာတိုပစ္ ပဲ့ထိန္းတပ္ဒံုးက်ည္ ၂ စင္း စမ္းသပ္ပစ္လႊြတ္ခဲ့ပါတယ္။ အဂၤါေန႔မွာေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ရဲ႕ ညီမ Kim Yo Jong က ေတာင္ကိုရီးယား သမၼတ႐ုံးကို ဉာဏ္နည္းတယ္ဆိုၿပီး ေ၀ဖန္ခဲ့ပါတယ္။

ၾကာသပေတးေန႔ေရာက္ေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က ေတာင္ကိုရီးယားသမၼတ Moon Jae-in အေပၚ သူ႔ရဲ႕ ခင္မင္ရင္းႏွီးမႈနဲ႔ ယံုၾကည္မႈေတြကို ေရးထားတဲ့ စာတေစာင္ ေပးပို႔ခဲ့တယ္လို႔ ေတာင္ကိုရီးယား အစိုးရက ေျပာပါတယ္။ ဒါဟာဆိုရင္ ေခါင္းေဆာင္ႏွစ္ဦးၾကား လေပါင္းမ်ားစြာ အတြင္း ပထမဆံုး ဆက္သြယ္မႈလည္း ျဖစ္ပါတယ္။

ဒီလို ခုတမ်ိဳး ေတာ္ၾကာတမ်ိဳး လုပ္ရပ္ေတြေၾကာင့္ ၂၀၂၀ မွာ ေျမာက္ကိုရီးယားရဲ႕ ရည္ရြယ္ခ်က္က ဘာလဲဆိုတာ မရွင္းမလင္း ျဖစ္ေနေစပါတယ္။

---------------------------

(Unicode)

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြန်ပြီ

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည် မသိရတဲ့ ဒုံးကျည်သုံးစင်းကို တနင်္လာနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါဟာဆိုရင် ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ South Hamgyong ပြည်နယ် Sondok မြို့ကနေ နိုင်ငံအရှေ့ပိုင်း ကမ်းလွန်ပင်လယ်ထဲကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

ဒုံးကျည်စမ်းသပ်မှု အသေးစိတ် အချက်အလက်တွေကတော့ ထွက်ပေါ်မလာသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်လာနိုင်တဲ့ အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ကြိုးစားနေတဲ့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရောထွေးနေတဲ့ သတင်းစကားတွေ ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က မြောက်ကိုရီးယားဘက်က တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှွတ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမ Kim Yo Jong က တောင်ကိုရီးယား သမ္မတရုံးကို ဉာဏ်နည်းတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ကြာသပတေးနေ့ရောက်တော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တောင်ကိုရီးယားသမ္မတ Moon Jae-in အပေါ် သူ့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေကို ရေးထားတဲ့ စာတစောင် ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ ဒါဟာဆိုရင် ခေါင်းဆောင်နှစ်ဦးကြား လပေါင်းများစွာ အတွင်း ပထမဆုံး ဆက်သွယ်မှုလည်း ဖြစ်ပါတယ်။

ဒီလို ခုတမျိုး တော်ကြာတမျိုး လုပ်ရပ်တွေကြောင့် ၂၀၂၀ မှာ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မရှင်းမလင်း ဖြစ်နေစေပါတယ်။

ေျမာက္ကိုရီးယား ဒံုးက်ည္ပစ္လႊတ္ျပန္ၿပီ
please wait

No media source currently available

0:00 0:00:37 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG