သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကူးစက် သေဆုံးမှုနှုန်း အများဆုံး အမေရိကန်မှာ နှာခေါင်းစည်းတပ်ရေး မတပ်ရေး သဘောကွဲ


နယူးယောက်မြို့မှာ COVID-19 စစ်ဆေးခံဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံများ။ (မေ ၁၄၊ ၂၀၂၀)
နယူးယောက်မြို့မှာ COVID-19 စစ်ဆေးခံဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံများ။ (မေ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ အမေရိကန်နိုင်ငံမှာ ၂ သန်းကျော်နဲ့ အများဆုံးဖြစ်နေပေမယ့် အမေရိကန်နိုင်ငံသားတွေဟာ အခုချိန်အထိ နှာခေါင်းစည်း တပ်သင့်မတပ်သင့် မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။

ဒီရောဂါကူးစက်မှု လျော့ကျစေရေးအတွက် အကောင်းဆုံး နည်းလမ်းတခုက နှာခေါင်းစည်း တပ်ဆင်ဖို့ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ခံတွေက အကြံပေးနေတာပါ။

တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ ဒီရောဂါကူးစက်မှုနှုန်း တိုးမြင့်လာနေတဲ့အတွက် ပြည်နယ်တွင်းက မြို့တော်ဝန် ၉ ဦးကတော့ သူတို့မြို့သားတွေ နှာခေါင်းစည်းတပ်ကြဖို့ စာပေးပို့နေကြပါတယ်။

ဒေသတွင်း ကူးစက်မှုနှုန်း မြင့်မားလာနေသလို ဆေးရုံတွေမှာလည်း လူတွေပြည့်နေတဲ့အတွက် အထူးသတိထားကြဖို့ နှိုးဆော်စာ ပေးပို့ကြတာပါ။

တောင်ကာရိုလိုင်းနားပြည်နယ်မှာလည်း တနေ့ကို ကူးစက်ခံရသူ ၁,၀၀၀ ကျော်နဲ့ စနေနေ့မှာလည်း ဒုတိယနေ့အဖြစ် လူ ၁,၀၀၀ ကျော် ထပ်ပြီး ကူးစက်ခံခဲ့ရတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

အရီဇိုးနား၊ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေးပြီး ရောဂါအတွက် စမ်းသပ်မှုတွေ တိုးလုပ်လာတဲ့နောက် ကူးစက်ခံရသူ အရေအတွက် များလာတာ တွေ့နေရပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူက စနေနေ့မှာ ၈ သန်း ၇ သိန်းကျော် ရှိနေပြီး သေဆုံးရသူက ၄ သိန်းခွဲကျော် ရှိနေတယ်လို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဒီရောဂါကြောင့် မတ်လကတည်းက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ စပိန်အပါအဝင် တချို့နိုင်ငံတွေကတော့ တနင်္ဂနွေနေ့မှာ ပြန်ရုပ်သိမ်းပေးတော့မှာ ဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဒီကပ်ရောဂါဟာ အန္တရာယ်ကြီးတဲ့ အဆင့်သစ်ထဲ ရောက်လာနေပြီလို့ သောကြာနေ့မှာပဲ သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)










WHO ကမ်ဘာ့ကနြျးမာရေးအဖှဲ့ အကွီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဒီကပျရောဂါဟာ အန်တရာယျကွီးတဲ့ အဆင့ျသဈထဲ ရောကျလာနပွေီလို့ သောကွာနေ့မှာပဲ သတိပေးခဲ့ပါတယျ။

XS
SM
MD
LG