သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ မွာ ကုိဗစ္နဲ႔ေသဆုံးခဲ့သူရဲ႕ ျမန္မာမိသားစုက အသားစက္ရုံကုိ တရားစြဲဖုိ႔ျပင္


JBS အမဲသားစက္ရံု

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ၊ ကိုလိုရာဒိုျပည္နယ္က JBS အမဲသားစက္ရံုခဲြတခုမွာ ျမန္မာ အမ်ဳိးသမီး၀န္ထမ္းတဦး အပါအ၀င္ COVID-19 နဲ႔ ေသဆံုးခဲ့သူ ေျခာက္ဦးရွိခဲ့ၿပီးေနာက္ က်န္ရစ္သူမိသားစုေတြက ကုမၸဏီကို တရားစဲြဖို႔ ျပင္ဆင္ေနပါတယ္။

ဒါအျပင္ စက္ရံုအလုပ္သမားေတြအတြက္ ကပ္ေရာဂါကာကြယ္ေရး ဗဟိုအစိုးရ ဘက္က အားနည္းခ်က္ေတြရွိခဲ့တဲ့အေပၚမွာ အစိုးရ အလုပ္သမားဆက္ဆံေရး ဘုတ္အဖဲြ႔ကို သက္ဆိုင္ရာ အလုပ္သမားသမဂၢဘက္က စဲြခ်က္တင္ထားေၾကာင္း United Food and Commercial Workers (UFCW) Local 7 ဥကၠဌ က ဗီြအိုေအကို ေျပာပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို တင္ျပမွာပါ။

ကိုလိုရာဒိုျပည္နယ္ Greeley က JBS အမဲသားစက္ရံုခဲြမွာ ၁၂ ႏွစ္ၾကာ အလုပ္လုပ္ကိုင္ေနတဲ့ အသက္ (၆၀) အရြယ္ နန္စန္းတင္ (ေခၚ) ေဒၚတင္ေအးဟာ ေမလ (၁၇)ရက္ေန႔က COVID-19 ေရာဂါနဲ႔ ေဆးရံုမွာ ကြယ္လြန္ခဲ့တာပါ။ေနာက္ဆံုးဖ်ားနာတဲ့ အခ်ိန္ထိ အလုပ္လုပ္ခဲ့ရသလို၊ စက္ရံုမွာ ေရာဂါကာကြယ္ေရး ထိထိေရာက္ေရာက္ မလုပ္ခဲ့တဲ့အတြက္ က်န္ရစ္သူ မိသားစုေတြက တရားစဲြဖို႔ ျပင္ဆင္ေနေၾကာင္း မိသားစု၀င္ တဦးက ဗီြအိုေအကို ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ JBS ကုမၸဏီကို ဗီြအိုေအက ဆက္သြယ္ေမးျမန္းရာမွာ JBS USA & Pilgrim’s ရဲ႕ အုပ္ခ်ဳပ္ေရးဌာန အႀကီးအကဲ Cameron Bruett က အီးေမးလ္နဲ႕ ေအာက္ပါအတိုင္း တံု႔ျပန္ခဲ့ပါတယ္။

" ပထမဆံုးအေနနဲ႕ ေသဆံုးသူအေရအတြက္ အမွန္ျပင္ခ်င္ပါတယ္။ သတင္းမီဒီယာေတြထဲမွာ ေဖၚျပခဲ့တဲ့ JBS ရဲ႕ Greeley အမဲသားစက္႐ုံခြဲမွာ ေသဆံုးခဲ့တဲ့ အလုပ္သမား ရွစ္ဦးဆိုတာ မဟုတ္ပါဘူး။ ေျခာက္ဦးပဲရွိပါတယ္။ အခုလို JBS မွာ ႏွစ္ေပါင္းမ်ားစြာအလုပ္လုပ္ခဲ့တဲ့ ဝန္ထမ္းတဦး ဆုံရႈံးခဲ့ရတဲ့အတြက္ အရမ္းဝမ္းနည္းရပါတယ္။ က်မတို႔အေနနဲ႔ က်န္ရစ္သူ မိသားစုကို ကူညီဖို႔ အရင္ကေရာ အခုပါ ဆက္ၿပီးေတာ့ ကမ္းလွမ္းထားပါတယ္။ COVID-19 ေၾကာင့္ ထိခိုက္ရသူ အားလုံး အေပၚ က်မတို႔ ကိုယ္ခ်င္းစာနာမိပါတယ္။စက္႐ုံမွာလုပ္တဲ့ ဝန္ထမ္းေတြအတြက္ လုံၿခဳံတဲ့ ပတ္ဝန္းက်င္ျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနသလို ေရာဂါႀကိဳတင္ကာကြယ္ေရး အစီအစဥ္အမ်ားအျပားကိုလည္း အေကာင္အထည္ေဖၚေဆာင္႐ြက္ခဲ့တယ္လို႔" ေရးထားပါတယ္။

Cameron Bruett ရဲ႕ အီးေမးလ္မွာ စက္ရံုအေနနဲ႕ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္ေရးဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို အေသးစိတ္ေဖၚျပထားသလို၊ ေရာဂါကာကြယ္ေရး ေဒသဆိုင္ရာ အဖဲြ႕အစည္းအသိုင္းအ၀ိုင္းအတြက္ ကုမၸဏီက ရန္ပံုေငြ ေဒၚလာ သန္း၂၀၀ ေက်ာ္လွဴဒါန္းခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ အခုလို JBS ကုမၸဏီဘက္က COVID-19 ေရာဂါကူးစက္မႈ ကာကြယ္ေရး ေဆာင္ရြက္ခ်က္ေတြဟာ ေနာက္က်ခဲ့ၿပီးျဖစ္သလို၊ လုံေလာက္မႈမရွိခဲ့ဘူးလို႔ United Food and Commercial Workers (UFCW) Local 7 ရဲ႕ အလုပ္သမားသမဂၢ ဥကၠဌ Kim Cordova က ဗီြအိုေအကို ေျပာပါတယ္။

"အခုေတာ့ ကုမၸဏီက လုံၿခဳံမႈဆိုင္ရာအေရးေပၚ ေဆာင္႐ြက္ခ်က္ေတြကို အေကာင္အထည္ေဖၚခဲ့ၿပီးၿပီလို႔ ေျပာေပမယ့္ က်မတို႔ အျမင္ေျပာရရင္ ဒီလို တုံ႔ျပန္မႈဟာ ေနာက္က်ေနပါၿပီ။ လုံေလာက္မႈမရွိသလို၊ အခ်ိန္နဲ႔ တေျပးညီ မျဖစ္ခဲ့ပါဘူး။ အခုသူတို႔ေျပာတဲ့ ေရာဂါကာကြယ္ေရး အေရးေပၚ စီမံေဆာင္႐ြက္ခ်က္ေတြ မ်ိဳးရွိခဲ့ရင္ စက္႐ုံအလုပ္သမားေတြ အသက္ဆုံးရႈံးတာမ်ိဳး က်မတို႔ ျမင္ေတြ႕ရမွာမဟုတ္ပါဘူး။"

စက္႐ုံမွာ အလုပ္သမားေတြအတြက္ ေရာဂါအႏၲရာယ္ ကင္းေဝးလုံၿခဳံေရး ဦးစားေပးလုပ္ေဆာင္ဖို႔ ေသခ်ာေစေရး အလုပ္သမားသမဂၢအေနနဲ႔ ကုမၸဏီလုပ္ငန္းရွင္ေတြကို ဖိအားေပးေနသလို၊ စက္႐ုံ အလုပ္႐ုံဆိုင္ရာ တင္းၾကပ္တဲ့ လုံၿခဳံေရးဥပေဒကို ျပင္ဆင္ျပဌာန္းဖို႔နဲ႔ ဒီဥပေဒေတြကို လိုက္နာ အေကာင္အထည္ေဖၚျခင္းရွိမရွိ ေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္ဖို႔ ျပည္နယ္လႊတ္ေတာ္အမတ္ေတြနဲ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ကို သမဂၢအေနနဲ႔ ဖိအားေပးေနပါတယ္။

ဒါအျပင္ ျပည္ေထာင္စုအစုိးရ အလုပ္သမားဌာနကိုလည္း အလုပ္သမားလံုၿခံဳေရးဆိုင္ရာ အားနည္းခ်က္ေတြနဲ႔ ပတ္သက္လို႔ တရားစဲြထားၿပီျဖစ္ေၾကာင္း Kim Cordova က ဆက္ေျပာပါတယ္။

" အလုပ္သမားေတြနဲ႔ မိသားစုေတြရဲ႕ လံုၿခံဳေရးဆိုင္ရာ နစ္နာခ်က္ေတြ က်မတို႔ ရရွိထားၿပီး၊ ေဆာင္ရြက္ႏိုင္သမွ် အဆင့္အားလံုးကို လုပ္ေဆာင္ေနပါတယ္။ အလုပ္သမားသမဂၢဘက္က ဗဟိုုအစိုးရရဲ႕ အလုပ္သမားဆက္ဆံေရးဌာနကို စဲြခ်က္တင္ထားသလို က်မနားလည္သေလာက္ဆိုရင္လည္း ေသဆံုးသြားတဲ့တျခား အလုပ္သမားေတြရဲ႕ မိသားစုေတြကလည္း ကုမၸဏီကို စြပ္စဲြခ်က္ေတြနဲ႔ တရားစဲြဖို႔ လုပ္ေနၾကပါတယ္။"

လက္ရွိ Greeley က JBS အမဲသားစက္ရံုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အလုပ္သမားေပါင္း ၂၇၀ ေက်ာ္ရွိေနေၾကာင္း Kim Cordova က ေျပာပါတယ္။အဲဒီစက္ရံုမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားေပါင္း ၂၀၀၀ ေက်ာ္ထဲမွာ ျမန္မာအလုပ္သမား စုစုေပါင္း ၂၀၀ ေက်ာ္ေလာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကန် မှာ ကိုဗစ်နဲ့သေဆုံးခဲ့သူရဲ့ မြန်မာမိသားစုက အသားစက်ရုံကို တရားစွဲဖို့ပြင်

(Unicode)

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်က JBS အမဲသားစက်ရုံခွဲတခုမှာ မြန်မာ အမျိုးသမီးဝန်ထမ်းတဦး အပါအဝင် COVID-19 နဲ့ သေဆုံးခဲ့သူ ခြောက်ဦးရှိခဲ့ပြီးနောက် ကျန်ရစ်သူမိသားစုတွေက ကုမ္ပဏီကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

ဒါအပြင် စက်ရုံအလုပ်သမားတွေအတွက် ကပ်ရောဂါကာကွယ်ရေး ဗဟိုအစိုးရ ဘက်က အားနည်းချက်တွေရှိခဲ့တဲ့အပေါ်မှာ အစိုးရ အလုပ်သမားဆက်ဆံရေး ဘုတ်အဖွဲ့ကို သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂဘက်က စွဲချက်တင်ထားကြောင်း United Food and Commercial Workers (UFCW) Local 7 ဥက္ကဌ က ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

ကိုလိုရာဒိုပြည်နယ် Greeley က JBS အမဲသားစက်ရုံခွဲမှာ ၁၂ နှစ်ကြာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၆၀) အရွယ် နန်စန်းတင် (ခေါ်) ဒေါ်တင်အေးဟာ မေလ (၁၇)ရက်နေ့က COVID-19 ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။နောက်ဆုံးဖျားနာတဲ့ အချိန်ထိ အလုပ်လုပ်ခဲ့ရသလို၊ စက်ရုံမှာ ရောဂါကာကွယ်ရေး ထိထိရောက်ရောက် မလုပ်ခဲ့တဲ့အတွက် ကျန်ရစ်သူ မိသားစုတွေက တရားစွဲဖို့ ပြင်ဆင်နေကြောင်း မိသားစုဝင် တဦးက ဗွီအိုအေကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ JBS ကုမ္ပဏီကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ JBS USA & Pilgrim’s ရဲ့ အုပ်ချုပ်ရေးဌာန အကြီးအကဲ Cameron Bruett က အီးမေးလ်နဲ့ အောက်ပါအတိုင်း တုံ့ပြန်ခဲ့ပါတယ်။

" ပထမဆုံးအနေနဲ့ သေဆုံးသူအရေအတွက် အမှန်ပြင်ချင်ပါတယ်။ သတင်းမီဒီယာတွေထဲမှာ ဖေါ်ပြခဲ့တဲ့ JBS ရဲ့ Greeley အမဲသားစက်ရုံခွဲမှာ သေဆုံးခဲ့တဲ့ အလုပ်သမား ရှစ်ဦးဆိုတာ မဟုတ်ပါဘူး။ ခြောက်ဦးပဲရှိပါတယ်။ အခုလို JBS မှာ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတဦး ဆုံရှုံးခဲ့ရတဲ့အတွက် အရမ်းဝမ်းနည်းရပါတယ်။ ကျမတို့အနေနဲ့ ကျန်ရစ်သူ မိသားစုကို ကူညီဖို့ အရင်ကရော အခုပါ ဆက်ပြီးတော့ ကမ်းလှမ်းထားပါတယ်။ COVID-19 ကြောင့် ထိခိုက်ရသူ အားလုံး အပေါ် ကျမတို့ ကိုယ်ချင်းစာနာမိပါတယ်။စက်ရုံမှာလုပ်တဲ့ ဝန်ထမ်းတွေအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသလို ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်အများအပြားကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တယ်လို့" ရေးထားပါတယ်။

Cameron Bruett ရဲ့ အီးမေးလ်မှာ စက်ရုံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို အသေးစိတ်ဖေါ်ပြထားသလို၊ ရောဂါကာကွယ်ရေး ဒေသဆိုင်ရာ အဖွဲ့အစည်းအသိုင်းအဝိုင်းအတွက် ကုမ္ပဏီက ရန်ပုံငွေ ဒေါ်လာ သန်း၂၀၀ ကျော်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို JBS ကုမ္ပဏီဘက်က COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေး ဆောင်ရွက်ချက်တွေဟာ နောက်ကျခဲ့ပြီးဖြစ်သလို၊ လုံလောက်မှုမရှိခဲ့ဘူးလို့ United Food and Commercial Workers (UFCW) Local 7 ရဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌ Kim Cordova က ဗွီအိုအေကို ပြောပါတယ်။

"အခုတော့ ကုမ္ပဏီက လုံခြုံမှုဆိုင်ရာအရေးပေါ် ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖေါ်ခဲ့ပြီးပြီလို့ ပြောပေမယ့် ကျမတို့ အမြင်ပြောရရင် ဒီလို တုံ့ပြန်မှုဟာ နောက်ကျနေပါပြီ။ လုံလောက်မှုမရှိသလို၊ အချိန်နဲ့ တပြေးညီ မဖြစ်ခဲ့ပါဘူး။ အခုသူတို့ပြောတဲ့ ရောဂါကာကွယ်ရေး အရေးပေါ် စီမံဆောင်ရွက်ချက်တွေ မျိုးရှိခဲ့ရင် စက်ရုံအလုပ်သမားတွေ အသက်ဆုံးရှုံးတာမျိုး ကျမတို့ မြင်တွေ့ရမှာမဟုတ်ပါဘူး။"

စက်ရုံမှာ အလုပ်သမားတွေအတွက် ရောဂါအန္တရာယ် ကင်းဝေးလုံခြုံရေး ဦးစားပေးလုပ်ဆောင်ဖို့ သေချာစေရေး အလုပ်သမားသမဂ္ဂအနေနဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို ဖိအားပေးနေသလို၊ စက်ရုံ အလုပ်ရုံဆိုင်ရာ တင်းကြပ်တဲ့ လုံခြုံရေးဥပဒေကို ပြင်ဆင်ပြဌာန်းဖို့နဲ့ ဒီဥပဒေတွေကို လိုက်နာ အကောင်အထည်ဖေါ်ခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို သမဂ္ဂအနေနဲ့ ဖိအားပေးနေပါတယ်။

ဒါအပြင် ပြည်ထောင်စုအစိုးရ အလုပ်သမားဌာနကိုလည်း အလုပ်သမားလုံခြုံရေးဆိုင်ရာ အားနည်းချက်တွေနဲ့ ပတ်သက်လို့ တရားစွဲထားပြီဖြစ်ကြောင်း Kim Cordova က ဆက်ပြောပါတယ်။

" အလုပ်သမားတွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးဆိုင်ရာ နစ်နာချက်တွေ ကျမတို့ ရရှိထားပြီး၊ ဆောင်ရွက်နိုင်သမျှ အဆင့်အားလုံးကို လုပ်ဆောင်နေပါတယ်။ အလုပ်သမားသမဂ္ဂဘက်က ဗဟိုအစိုးရရဲ့ အလုပ်သမားဆက်ဆံရေးဌာနကို စွဲချက်တင်ထားသလို ကျမနားလည်သလောက်ဆိုရင်လည်း သေဆုံးသွားတဲ့တခြား အလုပ်သမားတွေရဲ့ မိသားစုတွေကလည်း ကုမ္ပဏီကို စွပ်စွဲချက်တွေနဲ့ တရားစွဲဖို့ လုပ်နေကြပါတယ်။"

လက်ရှိ Greeley က JBS အမဲသားစက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အလုပ်သမားပေါင်း ၂၇၀ ကျော်ရှိနေကြောင်း Kim Cordova က ပြောပါတယ်။အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားပေါင်း ၂၀၀၀ ကျော်ထဲမှာ မြန်မာအလုပ်သမား စုစုပေါင်း ၂၀၀ ကျော်လောက်ရှိပါတယ်။

XS
SM
MD
LG