သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ COVID-19 ကူးစက္မႈ အႏၲရာယ္ႀကီးအဆင့္သစ္တခု ေရာက္လာၿပီလို႔ WHO သတိေပး


ကယ္လီဖုိးနီးယားျပည္နယ္ ေဆး႐ုံတခုမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံ လူနာတဦးကို ၾကည့္႐ႈေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ေမ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻေပၚမွာ ကိုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈဟာ အႏၲရာယ္ႀကီးတဲ့ အဆင့္သစ္တခုထဲကို ေရာက္လာၿပီး ပိုးကူးစက္မႈကလည္း အရွိန္ပိုျမင့္လာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က သတိေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ တေန႔တည္းမွာတင္ တကမာၻလံုးမွာ ပိုးကူးစက္မႈအသစ္ တသိန္းခြဲရွိခဲ့ၿပီး ဒါဟာ တေန႔တည္း အမ်ားဆံုးကူးစက္မႈ စံခ်ိန္တင္တာ ျဖစ္ပါတယ္။ အဲဒီထဲက ထက္ဝက္နီးပါးက အေမရိကတိုက္ ႏိုင္ငံေတြမွာ ျဖစ္ၾကပါတယ္။

ဒီဗိုင္းရပ္စ္ပိုးဟာ အရွိန္လွ်င္လွ်င္ျမန္ျမန္နဲ႔ ကူးစက္ျပန္႔ပြားေနဆဲ၊ အႏၱရာယ္ အႀကီးအက်ယ္ေပးေနဆဲ၊ လူေတြမွာလည္း ဒီပိုးကို ခုခံႏုိင္ရည္အား မရရွိေသးဘူးလို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔ကပဲ ေျပာသြားပါတယ္။

လူေတြအေနနဲ႔ တဦးနဲ႔တဦး အကြာအေဝးတခုနဲ႔ ဆက္ၿပီး သတိထားေနၾကဖို႔၊ သတိအထူးရွိဖို႔ သူက တိုက္တြန္းပါတယ္။

ေတာင္အေမရိကတိုက္ ဘရာဇီးႏိုင္ငံမွာ ေရာဂါကူးစက္မႈ အေျခအေန ဆိုးရြားေနၿပီး အေမရိကန္ျပည္ေထာင္စုမွာလည္း စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ၿပီးမွ ေရာဂါကူးစက္မႈ ျပန္ျမင့္လာခ်ိန္မွာ WHO အႀကီးအကဲက အခုလို သတိေပးသြားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ကမ္ဘာ့ COVID-19 ကူးစက်မှု အန္တရာယ်ကြီးအဆင့်သစ်တခု ရောက်လာပြီလို့ WHO သတိပေး

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ အန္တရာယ်ကြီးတဲ့ အဆင့်သစ်တခုထဲကို ရောက်လာပြီး ပိုးကူးစက်မှုကလည်း အရှိန်ပိုမြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ တနေ့တည်းမှာတင် တကမ္ဘာလုံးမှာ ပိုးကူးစက်မှုအသစ် တသိန်းခွဲရှိခဲ့ပြီး ဒါဟာ တနေ့တည်း အများဆုံးကူးစက်မှု စံချိန်တင်တာ ဖြစ်ပါတယ်။ အဲဒီထဲက ထက်ဝက်နီးပါးက အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်ကြပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ အရှိန်လျှင်လျှင်မြန်မြန်နဲ့ ကူးစက်ပြန့်ပွားနေဆဲ၊ အန္တရာယ် အကြီးအကျယ်ပေးနေဆဲ၊ လူတွေမှာလည်း ဒီပိုးကို ခုခံနိုင်ရည်အား မရရှိသေးဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ကပဲ ပြောသွားပါတယ်။

လူတွေအနေနဲ့ တဦးနဲ့တဦး အကွာအဝေးတခုနဲ့ ဆက်ပြီး သတိထားနေကြဖို့၊ သတိအထူးရှိဖို့ သူက တိုက်တွန်းပါတယ်။

တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်မှု အခြေအနေ ဆိုးရွားနေပြီး အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပြီးမှ ရောဂါကူးစက်မှု ပြန်မြင့်လာချိန်မှာ WHO အကြီးအကဲက အခုလို သတိပေးသွားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG