သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနေ


အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူတဦးကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူတဦးကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်၊ ဘရာဇီးလ်နဲ့ ရုရှားနိုင်ငံတွေပြီးရင် စတုတ္ထအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ် သေဆုံးသူ ၂,၀၀၀ ကျော် တိုးလာပါတယ်။

Delhi နဲ့ Maharashtra ပြည်နယ်တွေက အစောပိုင်းစာရင်းတွေမှာ မပါခဲ့တဲ့ သေဆုံးသူဦးရေ ၁,၆၇၂ ယောက်ပါ ထည့်သွင်းထားတာပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်းသေဆုံးသူ ၁၁,၉၀၃ ယောက် ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ သေဆုံးမှုနှုန်း အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်မှာ နေ့စဉ်ကူးစက်သူ လူနာသစ် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၀၀ ကျော် ရှိနေတာပါ။ အခုနောက်တိုး စာရင်းတွေအရ သေဆုံးမှုနှုန်းဟာလည်း ၂.၉ ရာခိုင်နှုန်းကနေ ၃.၄ ရာခိုင်နှုန်းအထိ တက်လာပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern

နယူးဇီလန်နိုင်ငံမှာတော့ ရောဂါကင်းရှင်းကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ရောဂါကူးစက်မှုတွေ တကျော့ပြန်ပေါ်လာတဲ့အတွက် နယ်စပ်တွေမှာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးဖို့ ထိပ်တန်းစစ်တပ်အရာရှိ တဦးကို ဝန်ကြီးချုပ် Jacinda Ardern က ဒီကနေ့ပဲ တာဝန်ပေးလိုက်ပါတယ်။

ကမ္ဘာမှာသေဆုံးသူ အများဆုံးဖြစ်နေတဲ့ အမေရိကန်ကတော့ ကနေဒါနိုင်ငံနဲ့ နယ်စပ်တွေမှာ မဖြစ်မနေကိစ္စက လွဲလို့ သွားလာခွင့်မပေးဖို့ ပိတ်ထားတာကို ဇူလိုင်လ ၂၁ ရက်နေ့အထိ သက်တမ်းတိုးခဲ့တာပါ။ အမေရိကန်မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၁၆,၉၀၀ ကျော် ရှိနေပြီး ကူးစက်မှုပေါင်း ၂,၁၀၀,၀၀၀ ကျော် အတည်ပြုထားပါတယ်။

အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ပထမကမ္ဘာစစ်အတွင်း သေဆုံးသွားတဲ့ အမေရိကန် နိုင်ငံသားအရေအတွက်ထက် ပိုများသွားပြီဖြစ်ပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနေ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

အိန်ဒိယမှာ ကိုဗဈကွောင့ျ သဆေုံးသူအရအေတှကျ ပိုတိုးလာနေ


အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူတဦးကို မြေမြှုပ်ဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါကြောင့် သေဆုံးသူတဦးကို မြေမြှုပ်ဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၀)






XS
SM
MD
LG