သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘဂ်င္းၿမိဳ႕ေတာ္ ေလယာဥ္အဝင္အထြက္အမ်ားစု ရပ္ဆိုင္းထား


တရုတ္ႏိုင္ငံ Beijing ၿမိဳ႕ရဲ႕ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ခရီးသြားတခ်ိဳ႕ ေလယာဥ္ပ်ံလက္မွတ္ကို စစ္ေဆးေနၾကတဲ့ ျမင္ကြင္း။ (ဇြန္ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာ အစားအေသာက္ လက္ကားေစ်းကေန ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတာကို ထိန္းခ်ဳပ္ဖုိ႔ ဒီကေန႔ပဲ ေလယာဥ္ခရီးစဥ္ ၃ ပုံ ၂ ပုံေလာက္ကုိ ရပ္ဆုိင္းလုိက္သလုိ ေက်ာင္းေတြကုိလည္း ပိတ္လုိက္ပါတယ္။

ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေရာဂါကူးစက္သူ ၃၁ ေယာက္ကုိလည္း ဒီကေန႔ပဲ ထပ္မံအတည္ျပဳလုိက္တာပါ။ ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္မွာပဲ ဒုတိယအႀကိမ္ ကူးစက္မႈေတြ ၾကံဳရမွာကုိ စုိးရိမ္ေနတဲ့အတြက္လည္း အာဏာပုိင္ေတြက ၿမိဳ႕ခံေတြကုိ ခရီးမသြားၾကဖုိ႔ တုိက္တြန္းထားပါတယ္။

လက္ကားေစ်းကေန တေက်ာ့ျပန္ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ေထာင္နဲ႔ခ်ီတဲ့လူေတြကုိ ေရာဂါပုိးရွိ-မရွိ စစ္ေဆးေနသလုိ ၿမိဳ႕တြင္းက ရပ္ကြက္ေပါင္း ၃၀ ေလာက္ကုိလည္း အသြားအလာေတြ ကန္႔သတ္တားဆီးထားပါတယ္။

ေဘဂ်င္းၿမိဳ႕ေတာ္မွာရွိတဲ့ အဓိကေလဆိပ္ေတြကေန အ၀င္အထြက္ ၇၀ ရာခိုင္ႏႈန္း ေလာက္ရွိတဲ့ ေလယာဥ္ခရီးစဥ္ေပါင္း ၁,၂၅၅ ခုကုိ ဒီေန႔မနက္မွာပဲ ဖ်က္လုိက္ေၾကာင္းလည္း ႏုိင္ငံပုိင္သတင္းမွာ ေဖာ္ျပခဲ့တာပါ။

တရုတ္ႏိုင္ငံ Beijing ၿမိဳ႕ရဲ႕ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ၀တ္စံုျပည့္၀တ္ထားတဲ့ ခရီးသြားတဦး။ (ဇြန္ ၁၇၊ ၂၀၂၀)
တရုတ္ႏိုင္ငံ Beijing ၿမိဳ႕ရဲ႕ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ၀တ္စံုျပည့္၀တ္ထားတဲ့ ခရီးသြားတဦး။ (ဇြန္ ၁၇၊ ၂၀၂၀)

တေက်ာ့ျပန္ကူးစက္မႈေၾကာင့္ အလယ္အလတ္နဲ႔ အျမင့္ဆုံးကူးစက္မႈ အႏၲရာယ္ရွိတဲ့ ေနရာေတြအျဖစ္ သတ္မွတ္ထားတဲ့ နယ္ေျမက ၿမိဳ႕ခံေတြ ခရီးမသြားၾကဖုိ႔ အာဏာပုိင္ေတြ တားျမစ္ထားသလုိ တျခားနယ္ေျမက ၿမိဳ႕ခံေတြ ခရီးသြားမယ္ဆုိရင္လည္း ေဆးစစ္ခံဖုိ႔ ညႊန္ၾကားထားပါတယ္။

ေဘဂ်င္းၿမိဳ႕ေတာ္က ေစ်း ၁၁ ခုကုိ ပိတ္လုိက္သလုိ ေထာင္နဲ႔ခ်ီတဲ့ အစားအေသာက္နဲ႔ အေဖ်ာ္ယမကာ လုပ္ငန္းေတြကုိလည္း ပုိးသန္႔စင္ရွင္းလင္းေနပါတယ္။ လြန္ခဲ့တဲ့ ၆ ရက္အတြင္း ေဘဂ်င္းၿမိဳ႕ေတာ္မွာ ကူးစက္သူ ၁၃၇ ေယာက္ကုိလည္း အတည္ျပဳထားပါတယ္။ တ႐ုတ္ႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၄,၆၃၄ ေယာက္ အပါအ၀င္ ကူးစက္သူ ၈၃,၀၀၀ ေက်ာ္ ရွိေၾကာင္းလည္း အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘေဂျင်းမြို့တော် လေယာဉ်အဝင်အထွက်အများစု ရပ်ဆိုင်းထား

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အစားအသောက် လက်ကားဈေးကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ ဒီကနေ့ပဲ လေယာဉ်ခရီးစဉ် ၃ ပုံ ၂ ပုံလောက်ကို ရပ်ဆိုင်းလိုက်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ရောဂါကူးစက်သူ ၃၁ ယောက်ကိုလည်း ဒီကနေ့ပဲ ထပ်မံအတည်ပြုလိုက်တာပါ။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်မှာပဲ ဒုတိယအကြိမ် ကူးစက်မှုတွေ ကြုံရမှာကို စိုးရိမ်နေတဲ့အတွက်လည်း အာဏာပိုင်တွေက မြို့ခံတွေကို ခရီးမသွားကြဖို့ တိုက်တွန်းထားပါတယ်။

လက်ကားဈေးကနေ တကျော့ပြန်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ထောင်နဲ့ချီတဲ့လူတွေကို ရောဂါပိုးရှိ-မရှိ စစ်ဆေးနေသလို မြို့တွင်းက ရပ်ကွက်ပေါင်း ၃၀ လောက်ကိုလည်း အသွားအလာတွေ ကန့်သတ်တားဆီးထားပါတယ်။

ဘေဂျင်းမြို့တော်မှာရှိတဲ့ အဓိကလေဆိပ်တွေကနေ အဝင်အထွက် ၇၀ ရာခိုင်နှုန်း လောက်ရှိတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၁,၂၅၅ ခုကို ဒီနေ့မနက်မှာပဲ ဖျက်လိုက်ကြောင်းလည်း နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့တာပါ။

တကျော့ပြန်ကူးစက်မှုကြောင့် အလယ်အလတ်နဲ့ အမြင့်ဆုံးကူးစက်မှု အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေက မြို့ခံတွေ ခရီးမသွားကြဖို့ အာဏာပိုင်တွေ တားမြစ်ထားသလို တခြားနယ်မြေက မြို့ခံတွေ ခရီးသွားမယ်ဆိုရင်လည်း ဆေးစစ်ခံဖို့ ညွှန်ကြားထားပါတယ်။

ဘေဂျင်းမြို့တော်က ဈေး ၁၁ ခုကို ပိတ်လိုက်သလို ထောင်နဲ့ချီတဲ့ အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေကိုလည်း ပိုးသန့်စင်ရှင်းလင်းနေပါတယ်။ လွန်ခဲ့တဲ့ ၆ ရက်အတွင်း ဘေဂျင်းမြို့တော်မှာ ကူးစက်သူ ၁၃၇ ယောက်ကိုလည်း အတည်ပြုထားပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄,၆၃၄ ယောက် အပါအဝင် ကူးစက်သူ ၈၃,၀၀၀ ကျော် ရှိကြောင်းလည်း အတည်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG