(Zawgyi / Unicode)
ၾသစေၾတးလ်ႏုိင္ငံမွာ အာရွတိုက္ကလူေတြကို လူမ်ိဳးေရး ခဲြျခားတာေတြနဲ႔ အၾကမ္းဖက္တာေတြေၾကာင့္ တ႐ုတ္ႏုိင္ငံသားေတြ အေနနဲ႔ ၾသစေၾတးလ်ႏုိင္ငံကို သြားေရာက္လည္ပတ္တာေတြ မလုပ္ၾကဖို႔ တ႐ုတ္အစိုးရက အႀကံေပး တုိက္တြန္းလိုက္ပါတယ္။
ဒါဟာ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ၾသစေၾတးလ်ႏုိင္ငံက တ႐ုတ္ႏုိင္ငံကို စုံစမ္းစစ္ေဆးဖို႔ ေျပာခဲ့တဲ့အေပၚ တ႐ုတ္အစိုးရက ၾသစေၾတးလ်ကို လက္တံု႔ျပန္တာ ျဖစ္ပံုရပါတယ္။
COVID-19 ကပ္ေရာဂါေၾကာင့္ ၾသစေၾတးလ်ႏုိင္ငံမွာ တ႐ုတ္လူမ်ိဳးေတြနဲ႔ အာရွတုိက္ကလူေတြကို လူမ်ိဳးေရး ခဲြျခားေျပာဆုိ ဆက္ဆံတာေတြနဲ႔ အၾကမ္းဖက္မႈေတြ တုိးလာေနတယ္လို႔ တ႐ုတ္ႏုိင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ ကမာၻ႔လွည့္ခရီးသြားလုပ္ငန္း ၀န္ႀကီးဌာနက ေသာၾကာေန႔က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။
တ႐ုတ္ႏုိင္ငံက ကမာၻလွည့္ခရီးသည္ေတြအေနနဲ႔ သူတုိ႔ရဲ႕လုံၿခဳံေရးကို ပိုၿပီး သတိထားဖို႔နဲ႔ ၾသစေၾတးလ်ႏုိင္ငံကို ခရီးသြားတာေတြ ေရွာင္ၾကဖို႔ အႀကံေပးလိုတယ္လို႔ အဲဒီေၾကညာခ်က္မွာ ေျပာထားပါတယ္။
တ႐ုတ္ႏုိင္ငံဟာ ၾသစေၾတးလ်ႏုိင္ငံကေန မုေယာစပါးေတြ တင္သြင္းေနတာကို ကုန္သြယ္ခြန္ ၈၀ ရာခုိင္ႏႈန္း တုိးျမႇင့္္ခ်မွတ္ခဲ့တာေၾကာင့္ ဒီလိုတင္သြင္းတာကို ရပ္ပစ္လိုက္တဲ့သေဘာ ေရာက္သြားပါတယ္။
ဒါ့အျပင္ ၾသစေၾတးလ်ႏုိင္ငံက အႀကီးဆုံး အမဲသားကုမၸဏီ ၄ ခုကေန အမဲသား တင္သြင္းေနတာေတြကိုလည္း အမွတ္တံဆိပ္ ျပႆနာေၾကာင့္ဆိုၿပီး တင္သြင္းတာေတြ ဆက္မလုပ္ဖို႔ တားျမစ္လိုက္ပါတယ္။
------------------------------
(Unicode)
တရုတ်နိုင်ငံသားတွေ သြစတြေးလျမသွားဖို့ တရုတ်အစိုးရ တိုက်တွန်း
သြစတြေးလျနိုင်ငံမှာ အာရှတိုက်ကလူတွေကို လူမျိုးရေး ခွဲခြားတာတွေနဲ့ အကြမ်းဖက်တာတွေကြောင့် တရုတ်နိုင်ငံသားတွေ အနေနဲ့ သြစတြေးလျနိုင်ငံကို သွားရောက်လည်ပတ်တာတွေ မလုပ်ကြဖို့ တရုတ်အစိုးရက အကြံပေး တိုက်တွန်းလိုက်ပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံကို စုံစမ်းစစ်ဆေးဖို့ ပြောခဲ့တဲ့အပေါ် တရုတ်အစိုးရက သြစတြေးလျကို လက်တုံ့ပြန်တာ ဖြစ်ပုံရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် သြစတြေးလျနိုင်ငံမှာ တရုတ်လူမျိုးတွေနဲ့ အာရှတိုက်ကလူတွေကို လူမျိုးရေး ခွဲခြားပြောဆို ဆက်ဆံတာတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတယ်လို့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးကို ပိုပြီး သတိထားဖို့နဲ့ သြစတြေးလျနိုင်ငံကို ခရီးသွားတာတွေ ရှောင်ကြဖို့ အကြံပေးလိုတယ်လို့ အဲဒီကြေညာချက်မှာ ပြောထားပါတယ်။
တရုတ်နိုင်ငံဟာ သြစတြေးလျနိုင်ငံကနေ မုယောစပါးတွေ တင်သွင်းနေတာကို ကုန်သွယ်ခွန် ၈၀ ရာခိုင်နှုန်း တိုးမြှင့်ချမှတ်ခဲ့တာကြောင့် ဒီလိုတင်သွင်းတာကို ရပ်ပစ်လိုက်တဲ့သဘော ရောက်သွားပါတယ်။
ဒါ့အပြင် သြစတြေးလျနိုင်ငံက အကြီးဆုံး အမဲသားကုမ္ပဏီ ၄ ခုကနေ အမဲသား တင်သွင်းနေတာတွေကိုလည်း အမှတ်တံဆိပ် ပြဿနာကြောင့်ဆိုပြီး တင်သွင်းတာတွေ ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။