သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ နိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် မြင့်တက်


တရုတ်နိုင်ငံ ဝူဟန်မြို့က လမ်းဘေးဈေးတခုမှာ မျက်နှာဖုံးဝတ်ဆင်ပြီး ဈေးရောင်းနေသူတဦး။ (ဇွန် ၈၊ ၂၀၂၀)
တရုတ်နိုင်ငံ ဝူဟန်မြို့က လမ်းဘေးဈေးတခုမှာ မျက်နှာဖုံးဝတ်ဆင်ပြီး ဈေးရောင်းနေသူတဦး။ (ဇွန် ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ ဒီကနေ့ တနင်္ဂနွေနေ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်သူ အသစ် ၅၇ ယောက် ရှိတဲ့အတွက် ၂ လတာအတွင်း ကူးစက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားတာတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း ကူးစက်မှု တကျော့ပြန် တိုးလာနေတာပါ။

ကူးစက်မှုအသစ်တွေက ဆိုးလ်မြို့နဲ့ ဒေသတဝိုက်မှာဖြစ်ပြီး နိုက်ကလပ်တွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ အိမ်အရောက် ပစ္စည်းရောင်းချပေးတဲ့ ဝန်ဆောင်မှုတွေက တဆင့် ကူးစက်မှုတွေ များပြားနေတာပါ။

အီဂျစ်၊ ယူကရိန်းနဲ့ မြောက်မက်ဆီဒိုးနီးယားမှာလည်း သောကြာနေ့ကစပြီး နေ့စဉ်ကူးစက်မှုနှုန်း တိုးလာပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့ကြားကပဲ သမ္မတ Donald Trump က စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ တိုက်တွန်းနေတာကြောင့် ကူးစက်သူ အရေအတွက် ပိုများလာနေပါတယ်။

ကူးစက်မှုအသစ်တွေက Arizona ပြည်နယ်မှာဖြစ်ပြီး မေလအလယ်ပိုင်း အသွားအလာ ကန့်သတ်ထားတာတွေ ဖြေလျှော့လိုက်ပြီးနောက်ပိုင်း တရက်ကို ကူးစက်သူ ၁,၀၀၀ ကျော်အထိ တိုးလာတယ်လို့လည်း AP သတင်းဌာနရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

အီတလီမှာတော့ စနေနေ့က COVID-19 အတည်ပြုလူနာ ၃၄၆ ယောက်နဲ့ သေဆုံးသူ ၇၈ ယောက်ရှိပါတယ်။ စနေနေ့ ကူးစက်သူတွေထဲ ရောဂါစပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ နိုင်ငံမြောက်ပိုင်း Lombardy ဒေသက ၂၁၀ ပါဝင်ပါတယ်။

ဖေဖော်ဝါရီနှောင်းပိုင်း ရောဂါစပြီးဖြစ်ပွားချိန်ကနေ အခုအထိ ကူးစက်သူပေါင်း ၂၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၃၄,၀၀၀ ကျော်ရှိတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ဘရာဇီးပြီးရင် COVID-19 ကြောင့် သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)











XS
SM
MD
LG