သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္တေၾကာ့ျပန္ျဖစ္လာမယ့္အေရး ေတာင္ကုိရီးယား ႀကိဳတင္ျပင္ဆင္ေန


(Zawgyi/Unicode)

ေတာင္ကိုရီးယားနိုင္ငံ Seoul ၿမိဳ႕ နဲ႔ တဝိုက္ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ အသစ္ေတြ ျပန္ေတြ႕ေနရၿပီးတဲ့ေနာက္ က်န္းမာေရး ဆိုင္ရာ တာဝန္ရွိသူေတြက COVID-19 ဒုတိယ လွိုင္း ကူးစက္မႈကို တားဆီးနိုင္ဖို႔ လိုအပ္တဲ့ အေရးယူေဆာင္ရြက္မႈေတြကို မျဖစ္မေန လုပ္ေဆာင္သြားဖို႔ သတိေပး ေျပာဆိုလိုက္ပါတယ္။ ၾကာသပေတးေန႔က အတည္ျပဳလူနာ ၄၅ ေယာက္ရွိေၾကာင္း ေတာင္ကိုရီးယား ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန CDC က အတည္ျပဳေျပာခဲ့ပါတယ္။

ကူးစက္မႈ ကြင္းဆက္ေတြက Seoul ၿမိဳ႕နဲ႔ ပတ္ဝန္းက်င္ ေဒသတဝိုက္ကျဖစ္ၿပီး အဲဒီ ကူးစက္မႈ ကြင္းဆက္ေတြကို မျဖတ္ေတာက္ နိုင္ဘူးဆိုရင္ ေနာက္ထပ္ ကူးစက္မႈႀကီး တစ္ခု ျဖစ္လာနိုင္တယ္လို႔ ဗုဒၶဟူးေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ CDC ညႊန္ၾကား ေရးမွဴး Jung Eun-Kyeong က ေျပာပါတယ္။နိုင္ငံတြင္း အသြားအလာေတြ ေျဖေလၽွာ့ေပးခဲ့ၿပီးတဲ့ေနာက္ ဒီလို ကူးစက္မႈ အသစ္ ေတြျပန္ေတြ႕ရတာလို႔လည္း သူက ေျပာပါတယ္။

အစိုးရ တာဝန္ရွိသူေတြကေတာ့ စီးပြါးေရး ထိခိုက္မွာကို စိုးရိမ္ေနတာေၾကာင့္ ပိုၿပီးတင္းက်ပ္တဲ့ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ဖို႔ ျငင္းဆန္ေနတာပါ။

တားျမစ္ခ်က္ေတြကို ေျဖေလၽွာ့လိုက္လို႔ လူေတြ အသြားအလာ ပိုမ်ားလာၿပီး လူခ်င္းခြာ ေနရမယ့္ သတ္မွတ္ခ်က္ေတြကို မလိုက္နာတာ ေၾကာင့္ အခု တေက်ာ့ျပန္ ကူးစက္မႈေတြက ပိုၿပီးျမန္ဆန္သလို ေျခရာခံဖို႔ လည္း ပိုခက္ခဲလာတယ္ လို႔ေတာင္ကိုရီးယား CDC က သတိေပးထားပါတယ္။ ေရာဂါ ကာကြယ္ေရး ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို တိတိက်က်လိုက္နာမွ ေရာဂါကူးစက္ျပန္႔ပြါးေနတာကို တားဆီးနိုင္မယ္လို႔လည္း က်န္းမာေရး ဝန္ႀကီးဌာန အႀကီးတန္း အရာရွိ Yoon Tae-Ho က ေျပာပါတယ္။ က်န္းမာေရး ဆိုင္ရာ တာဝန္ရွိသူေတြကေတာ့ လူေတြကို ႏွာေခါင္းစည္း တပ္ၾကဖို႔၊ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာၾကဖို႔နဲ႔ လူစုလူေဝးမလုပ္ၾကဖို႔ ေမတၱာရပ္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်တကြော့ပြန်ဖြစ်လာမယ့်အရေး တောင်ကိုရီးယား ကြိုတင်ပြင်ဆင်နေ

(Unicode)

တောင်ကိုရီးယားနိုင်ငံ Seoul မြို့ နဲ့ တဝိုက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ ပြန်တွေ့နေရပြီးတဲ့နောက် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက COVID-19 ဒုတိယ လှိုင်း ကူးစက်မှုကို တားဆီးနိုင်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က အတည်ပြုလူနာ ၄၅ ယောက်ရှိကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC က အတည်ပြုပြောခဲ့ပါတယ်။

ကူးစက်မှု ကွင်းဆက်တွေက Seoul မြို့နဲ့ ပတ်ဝန်းကျင် ဒေသတဝိုက်ကဖြစ်ပြီး အဲဒီ ကူးစက်မှု ကွင်းဆက်တွေကို မဖြတ်တောက် နိုင်ဘူးဆိုရင် နောက်ထပ် ကူးစက်မှုကြီး တစ်ခု ဖြစ်လာနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ CDC ညွှန်ကြား ရေးမှူး Jung Eun-Kyeong က ပြောပါတယ်။နိုင်ငံတွင်း အသွားအလာတွေ ဖြေလျှော့ပေးခဲ့ပြီးတဲ့နောက် ဒီလို ကူးစက်မှု အသစ် တွေပြန်တွေ့ရတာလို့လည်း သူက ပြောပါတယ်။

အစိုးရ တာဝန်ရှိသူတွေကတော့ စီးပွါးရေး ထိခိုက်မှာကို စိုးရိမ်နေတာကြောင့် ပိုပြီးတင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ဖို့ ငြင်းဆန်နေတာပါ။

တားမြစ်ချက်တွေကို ဖြေလျှော့လိုက်လို့ လူတွေ အသွားအလာ ပိုများလာပြီး လူချင်းခွာ နေရမယ့် သတ်မှတ်ချက်တွေကို မလိုက်နာတာ ကြောင့် အခု တကျော့ပြန် ကူးစက်မှုတွေက ပိုပြီးမြန်ဆန်သလို ခြေရာခံဖို့ လည်း ပိုခက်ခဲလာတယ် လို့တောင်ကိုရီးယား CDC က သတိပေးထားပါတယ်။ ရောဂါ ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းကမ်းတွေကို တိတိကျကျလိုက်နာမှ ရောဂါကူးစက်ပြန့်ပွါးနေတာကို တားဆီးနိုင်မယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိ Yoon Tae-Ho က ပြောပါတယ်။ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေကတော့ လူတွေကို နှာခေါင်းစည်း တပ်ကြဖို့၊ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG