သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

COVID-19 ကာကြယ္ေဆးစမ္းသပ္မႈအမ်ားအျပား ဇူလိုင္လအတြင္းလုပ္ဖို႔ စီစဥ္ေနၾက


တရုတ္ႏိုင္ငံ Shenyang ၿမိဳ႕က Yisheng Biopharma ကုမၸဏီရဲ႕ ဓာတ္ခဲြခန္းအတြင္း အလုပ္လုပ္ေနၾကတဲ့ သုေတသီတခ်ိဳ႕။ (ဇြန္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္က Moderna ဇီ၀နည္းပညာကုမၸဏီ
အေမရိကန္က Moderna ဇီ၀နည္းပညာကုမၸဏီ

ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေဆး စမ္းသပ္မႈေတြကို ဇူလိုင္လအတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ စမ္းသပ္သြားမွာျဖစ္တယ္လို႔ အေမရိကန္က Moderna ဇီ၀နည္းပညာကုမၸဏီက ေျပာလိုက္ပါတယ္။ COVID-19 ကာကြယ္ေဆးထုတ္လုပ္ႏုိင္ဖို႔အတြက္ Moderna ကုမၸဏီက အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနနဲ႔ အတူ လုပ္ေနတာျဖစ္ပါတယ္။

အေမရိကန္မွာ ေရွ႕လက်ရင္ ေစတနာ့၀န္ထမ္း ၃၀,၀၀၀ ေလာက္ကို ပထမဆုံးအႀကိမ္အျဖစ္နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ စမ္းသပ္သြားမွာျဖစ္တယ္လို႔ ကုမၸဏီက မေန႔က ေျပာပါတယ္။ အဲဒီထဲက တခ်ဳိ႕ကို တကယ့္ စမ္းသပ္ကာကြယ္ေဆးအစစ္ ထိုးေပးၿပီး တခ်ဳိ႕ကိုေတာ့ အႏၲရာယ္မရွိတဲ့ စမ္းသပ္ေဆး ထိုးၿပီးေတာ့ ႏိႈင္းယွဥ္ သုေတသနျပဳမွာျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ တ႐ုတ္ဇီ၀နည္းပညာကုမၸဏီ Sinovac ကလည္း သူတို႔ရဲ႕ ကာကြယ္ေဆးကို ဘရာဇီးလ္ႏိုင္ငံက ေစတနာ့၀န္ထမ္း ၉,၀၀၀ ေလာက္နဲ႔ ေရွ႕လမွာ စမ္းသပ္သြားဖို႔ စီစဥ္ေနပါတယ္။ ဒ့ါအျပင္ ၿဗိတိန္ႏုိင္ငံက Oxford တကၠသိုလ္ကလည္း သူတို႔ဆီက ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးကို ဘရာဇီးလ္မွာပဲ စမ္းသပ္သြားမွာျဖစ္ပါတယ္။

အေမရိကန္အစိုးရကေတာ့ ပုဂၢလိက ဓာတ္ခဲြခန္းေတြနဲ႔ အတူေပါင္းၿပီး Operation Warp Speed လို႔ေခၚတဲ့ စီမံကိန္းကိုလုပ္ေနပါတယ္။ အဲဒီကေန COVID-19 ကာကြယ္ေဆး သန္း ၃၀၀ ေလာက္ကို ဇန္န၀ါရီလမွာ ထုတ္လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမဲ့လည္း ကာကြယ္ေဆးေတြ အလုပ္ျဖစ္မယ္ မျဖစ္ဘူးဆုိတာ ဘာမွ အာမခံခ်က္မရွိသလို အလုပ္ျဖစ္မယ္ဆုိရင္ေတာ့ လအနည္းငယ္ထက္ပိုၿပီး အကာအကြယ္ရၾကမွာျဖစ္တယ္လုိ႔ ကၽြမ္းက်င္သူေတြကေျပာပါတယ္။

အခုဆိုရင္ ကမာၻတ၀န္းမွာ ကုုိ႐ုိနာဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၇,၅၀၀,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၄၂၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကာကွယ်ဆေးစမ်းသပ်မှုအများအပြား ဇူလိုင်လအတွင်းလုပ်ဖို့ စီစဉ်နေကြ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုတွေကို ဇူလိုင်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွားမှာဖြစ်တယ်လို့ အမေရိကန်က Moderna ဇီဝနည်းပညာကုမ္ပဏီက ပြောလိုက်ပါတယ်။ COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် Moderna ကုမ္ပဏီက အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ အတူ လုပ်နေတာဖြစ်ပါတယ်။

အမေရိကန်မှာ ရှေ့လကျရင် စေတနာ့ဝန်ထမ်း ၃၀,၀၀၀ လောက်ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီက မနေ့က ပြောပါတယ်။ အဲဒီထဲက တချို့ကို တကယ့် စမ်းသပ်ကာကွယ်ဆေးအစစ် ထိုးပေးပြီး တချို့ကိုတော့ အန္တရာယ်မရှိတဲ့ စမ်းသပ်ဆေး ထိုးပြီးတော့ နှိုင်းယှဉ် သုတေသနပြုမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ဇီဝနည်းပညာကုမ္ပဏီ Sinovac ကလည်း သူတို့ရဲ့ ကာကွယ်ဆေးကို ဘရာဇီးလ်နိုင်ငံက စေတနာ့ဝန်ထမ်း ၉,၀၀၀ လောက်နဲ့ ရှေ့လမှာ စမ်းသပ်သွားဖို့ စီစဉ်နေပါတယ်။ ဒ့ါအပြင် ဗြိတိန်နိုင်ငံက Oxford တက္ကသိုလ်ကလည်း သူတို့ဆီက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ဘရာဇီးလ်မှာပဲ စမ်းသပ်သွားမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရကတော့ ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေနဲ့ အတူပေါင်းပြီး Operation Warp Speed လို့ခေါ်တဲ့ စီမံကိန်းကိုလုပ်နေပါတယ်။ အဲဒီကနေ COVID-19 ကာကွယ်ဆေး သန်း ၃၀၀ လောက်ကို ဇန်နဝါရီလမှာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေ အလုပ်ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘာမှ အာမခံချက်မရှိသလို အလုပ်ဖြစ်မယ်ဆိုရင်တော့ လအနည်းငယ်ထက်ပိုပြီး အကာအကွယ်ရကြမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

အခုဆိုရင် ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇,၅၀၀,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၂၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG