သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ

COVID -19 သံသယရှိ လူနာတဦးကို သယ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ဦးကို နယူယောက်ပြည်နယ် နယူးယောက်မြို့မှာ တွေ့ရ။ (ဧပြီ ၁၇၊ ၂၀၂၀)
COVID -19 သံသယရှိ လူနာတဦးကို သယ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ဦးကို နယူယောက်ပြည်နယ် နယူးယောက်မြို့မှာ တွေ့ရ။ (ဧပြီ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသန စင်တာနောက်ဆုံးရ စာရင်းတွေအရ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂,၀၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၁၀,၀၀၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှု အများဆုံးဖြစ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီသီတင်းပတ်တွေထဲ အသွားအလာတွေကိုဖြေလျှော့ပေး လိုက်တဲ့အတွက် ရောဂါကူးစက်မှုနှုန်း ပိုတိုးလာတာပါ။ Arizona ၊ New Mexico ၊ Texas နဲ့ Utah အပါအဝင် ပြည်နယ် ၂၁ ခုမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက လူမည်း အမျိုးသား ၁ ဦးကို ရဲက ဖမ်းဆီးတဲ့အချိန်မှာ သေဆုံးခဲ့တဲ့ အပေါ်နိုင်ငံအဝှမ်း လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကြောင့် ရောဂါကူးစက်မှုနှုန်း ပိုတိုးလာမှာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ Disneyland နဲ့ Disney California Adventure ဥယျာဉ်တွေကို Disneyland အပန်းဖြေဥယျာဉ်စတင်ဖွင့်လှစ်ခဲ့တဲ့ ၆၅ နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က စပြီး သတ်မှတ်အဆင့်တွေနဲ့ တဖြည်းဖြည်းပြန် ဖွင့်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ Florida ပြည်နယ် Orlando မြို့က Disneyland ဥယျာဉ်တွေကိုလည်း ဇူလိုင်လ အလယ်လောက်မှာ ပြန်ပြီးဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။

ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့

ဂျပန်နိုင်ငံ တိုဂျိုမြို့က Shopping စင်တာတခုထဲ မဝင်ခင် အပူချိန် တိုင်းပေးနေတဲ့ ဝန်တမ်းတဦး။ (ဇွန် ၁၁၊ ၂၀၂၀)
1/6 ဂျပန်နိုင်ငံ တိုဂျိုမြို့က Shopping စင်တာတခုထဲ မဝင်ခင် အပူချိန် တိုင်းပေးနေတဲ့ ဝန်တမ်းတဦး။ (ဇွန် ၁၁၊ ၂၀၂၀)
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
Indonesia နိုင်ငံ Jakarta မြို့မှာ Social Distancing လုပ်ပြီး အစားအသောက်များပေးဝေတဲ့နေရာမှာ တန်းစီနေကြသူများ။ (ဇွန် ၁၁၊ ၂၀၂၀)
2/6 Indonesia နိုင်ငံ Jakarta မြို့မှာ Social Distancing လုပ်ပြီး အစားအသောက်များပေးဝေတဲ့နေရာမှာ တန်းစီနေကြသူများ။ (ဇွန် ၁၁၊ ၂၀၂၀)
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါနဲ့ သေဆုံးသွားတဲ့ လူနာကို မြှုပ်နှံနေတဲ့ မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၀)
3/6 အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရောဂါနဲ့ သေဆုံးသွားတဲ့ လူနာကို မြှုပ်နှံနေတဲ့ မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၀)
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရှိ၊ မရှိစစ်ဆေးဖို့ Swab test ယူနေတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး။ (ဇွန် ၁၀၊ ၂၀၂၀)
4/6 အိန္ဒိယနိုင်ငံ New Delhi မြို့မှာ COVID-19 ရှိ၊ မရှိစစ်ဆေးဖို့ Swab test ယူနေတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး။ (ဇွန် ၁၀၊ ၂၀၂၀)
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတဦးကို ဂျပန်နိုင်ငံ တိုဂျိုမြို့မှာ တွေ့ရ။ (ဇွန် ၁၁၊ ၂၀၂၀)
5/6 နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတဦးကို ဂျပန်နိုင်ငံ တိုဂျိုမြို့မှာ တွေ့ရ။ (ဇွန် ၁၁၊ ၂၀၂၀)
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
6/6
ကမ္ဘာတလွှားက COVID ကာလ မြင်ကွင်းတချို့
Previous slide
Next slide

ရောဂါကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၀,၀၀၀ ကျော်နေပြီဖြစ်တဲ့ လက်တင်အမေရိကတိုက်နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာ အချက်အချာ နေရာသစ်တွေဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ ကူးစက်သူ စုစုပေါင်း ၇၇၀,၀၀၀ ကျော်နဲ့ ဒေသတွင်း ရောဂါကူးစက်မှုဒဏ်ကို အများဆုံးခံနေရသလို အမေရိကန်ပြီးရင် ကမ္ဘာမှာ ကူးစက်မှုနှုန်း ဒုတိယနေရာမှာရှိနေပါတယ်။ ပီရူးနိုင်ငံမှာ ကူးစက်သူပေါင်း ၂၀၀,၀၀၀ ကျော်၊ ချီလီမှာ ၁၄၀,၀၀၀ ကျော်နဲ့ မက္ကဆီကိုမှာ ၁၂၀,၀၀၀ ကျော်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့ထိ နောက်ဆုံးရ စာရင်းတွေအရ တကမ္ဘာလုံးမှာ ရောဂါကူးစက်ခံထားရသူ ၇,၃၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၁၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်ရှင်။

အမေရိကန်မှာ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







ဗုဒ်ဓဟူးနေ့ထိ နောကျဆုံးရ စာရငျးတှအေရ တကမ်ဘာလုံးမှာ ရောဂါကူးစကျခံထားရသူ ၇,၃၀၀,၀၀၀ ကြောျနဲ့ သဆေုံးသူ ၄၁၀,၀၀၀ ကြောျနပွေီ ဖွဈပါတယျရှငျ။

XS
SM
MD
LG