သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္မွာ ကုိဗစ္တေၾကာ့ျပန္ကူးစက္ႏုိင္ေျခရွိတာေၾကာင့္ သြားလာမႈကန္႔သတ္ဖုိ႔ WHO တုိက္တြန္း


ပါကစၥတန္တြင္ ကိုရုိနာဗိုင္းရပ္စ္ ကာကြယ္ဖို႔ႏွာေခါင္းစည္းတပ္ထားသူမ်ား

Zawgyi/Unicode

ပါကစၥတန္ႏို္င္ငံမွာ မၾကာခင္ရက္ေတြ အတြင္း ကိုရိုနာဗုိင္းရပ္စ္ေရာဂါ အကူးစက္ခံရသူ အေရအတြက္ တိုးလာေနတာေၾကာင့္ ဒီေရာဂါအတြက္ အသြားအလာကန္႔သတ္မႈေတြ ေနာက္တႀကိမ္ ျပန္ခ်မွတ္ေပးဖုိ႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက တိုက္တြန္းလိုက္ပါတယ္။

ပါကစၥတန္ႏိုင္ငံက အႀကီးဆံုးျပည္နယ္ျဖစ္တဲ့ ပန္ဂ်ပ္ျပည္နယ္က က်န္းမာေရးအာဏာပိုင္ေတြဆီကို WHO ဌာေနကိုယ္စားလွယ္ Palitha Mahipala က အႀကံေပးစာ ေရးသားေပးပို႔ခဲ့တာ ျဖစ္ၿပီး ကန္႔သတ္မႈေတြကို သီတင္း ၂ ပတ္ ခ်မွတ္ၿပီးတိုင္း ေနာက္ သီတင္း ၂ ပတ္ ျပန္ဖြင့္ေပးဖို႔ နဲ႔ တေန႔ကို လူူ ၅ ေသာင္း ဒီေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈ လုပ္ဖို႔ေျပာၾကားခဲ့တာပါ။

ပါကစၥတန္ႏို္င္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ခံသူက အဂၤါေန႔ အထိဆို လူေပါင္း တသိန္းေက်ာ္ (၁၁၃ ၇၀၂) ရွိေနၿပီး ေသဆံုးရသူေပါင္းက ၂၁၀၀ ေက်ာ္ရွိေနပါတယ္။

ျပည္နယ္အမ်ားအျပားအတြက္ ေရာဂါဆိုင္ရာ ကန္႔သတ္မႈေတြကို ေမလအေစာပိုင္းမွာ ေျဖေလ ွ်ာ့ ေပးခဲ့ခ်ိန္ကစၿပီး အကူးစက္ခံရသူ အေရအတြက္ တိုးလာေနတာျဖစ္ေၾကာင္းလည္း WHO ကေျပာပါတယ္။

ပါကစၥတန္ႏိုင္ငံမွာရဲ့ စီးပြါးေရးဟာ အထူးသျဖင့္ ဆင္းရဲသားေတြအတြက္ ပိုထိခိုက္မႈ ရွိေနတာေၾကာင့္ တႏိုင္ငံလံုး အတုိင္းအတာနဲ႔ အသြားအလာ ျပန္ပိတ္ပစ္ဖို႔ ကိစၥကို ဝန္ႀကီးခ်ဳပ္ Imran Khan ကလက္မခံ ပယ္ခ်ခဲ့တာပါ။

တခ်ိန္ထဲမွာပဲ ဒီေရာဂါစတင္ျပန္႔ပြါးရာ တရုတ္ႏိုင္ငံ ဝူဟန္က အေမရိကန္ ေကာင္စစ္ရံုးဟာ သူ႔လုပ္ငန္းေတြ ျပန္လည္ပတ္ေနၿပီျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ကမာၻတလႊား ဒီေရာဂါပိုး ကူးစက္ျပန္႔နွံ႔မႈဟာ အံ့ၾသေလာက္ေအာင္ကိို ျမန္ဆန္ေၾကာင္းနဲ႔. ဒီ COVID-19 ေရာဂါဟာ အဆိုးဝါးးဆံုး ေရာဂါ ျဖစ္ၿပီး ကပ္ေရာဂါကေန မလြန္ေျမာက္ ေသးဘူးလို႔ အေမရိကန္ ကူးစက္ေရာဂါပညာရွင္ Dr. Anthony Fauci ကေျပာပါတယ္။ ကူးစက္ေရာဂါေတြ ကပ္ေရာဂါ ျဖစ္လာဖုိ႔ သာမန္အားျဖင့္ ၆ လကေန တႏွစ္ေလာက္ ၾကာျမင့္တတ္ေပမယ့္ အခု Covid 19 က တလအတြင္း ကပ္ေရာဂါ အျဖစ္ေရာက္ခဲ့တယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ပါကစ္စတန်နိုင်ငံမှာ မကြာခင်ရက်တွေ အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကူးစက်ခံရသူ အရေအတွက် တိုးလာနေတာကြောင့် ဒီရောဂါအတွက် အသွားအလာကန့်သတ်မှုတွေ နောက်တကြိမ် ပြန်ချမှတ်ပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံက အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဆီကို WHO ဌာနေကိုယ်စားလှယ် Palitha Mahipala က အကြံပေးစာ ရေးသားပေးပို့ခဲ့တာ ဖြစ်ပြီး ကန့်သတ်မှုတွေကို သီတင်း ၂ ပတ် ချမှတ်ပြီးတိုင်း နောက် သီတင်း ၂ ပတ် ပြန်ဖွင့်ပေးဖို့ နဲ့ တနေ့ကိုလူူ ၅ သောင်း ဒီရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှု လုပ်ဖို့ပြောကြားခဲ့တာပါ။

ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံသူက အင်္ဂါနေ့ အထိဆို လူပေါင်း တသိန်းကျော် (၁၁၃ ၇၀၂) ရှိနေပြီး သေဆုံးရသူပေါင်းက ၂၁၀၀ ကျော်ရှိနေပါတယ်။

ပြည်နယ်အများအပြားအတွက် ရောဂါဆိုင်ရာ ကန့်သတ်မှုတွေကို မေလအစောပိုင်းမှာ ဖြေလေ ျှာ့ ပေးခဲ့ချိန်ကစပြီး အကူးစက်ခံရသူ အရေအတွက် တိုးလာနေတာဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာရဲ့ စီးပွါးရေးဟာ အထူးသဖြင့် ဆင်းရဲသားတွေအတွက် ပိုထိခိုက်မှု ရှိနေတာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပြန်ပိတ်ပစ်ဖို့ ကိစ္စကို ဝန်ကြီးချုပ် Imran Khan ကလက်မခံ ပယ်ချခဲ့တာပါ။

တချိန်ထဲမှာပဲ ဒီရောဂါစတင်ပြန့်ပွါးရာ တရုတ်နိုင်ငံ ဝူဟန်က အမေရိကန် ကောင်စစ်ရုံးဟာ သူ့လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကမ္ဘာတလွှား ဒီရောဂါပိုး ကူးစက်ပြန့်နှံ့မှုဟာ အံ့သြလောက်အောင်ကိုမြန်ဆန်ကြောင်းနဲ့. ဒီCOVID-19 ရောဂါဟာ အဆိုးဝါးးဆုံး ရောဂါ ဖြစ်ပြီး ကပ်ရောဂါကနေ မလွန်မြောက် သေးဘူးလို့အမေရိကန် ကူးစက်ရောဂါပညာရှင် Dr. Anthony Fauci ကပြောပါတယ်။ ကူးစက်ရောဂါတွေကပ်ရောဂါ ဖြစ်လာဖို့ သာမန်အားဖြင့် ၆ လကနေ တနှစ်လောက် ကြာမြင့်တတ်ပေမယ့် အခုCovid 19 က တလအတွင်း ကပ်ရောဂါ အဖြစ်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG