သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္မႈ ျမင့္တက္ေနဆဲ


ေသဆံုးခဲ့တဲ့ ကိုဗစ္လူနာတဦးရဲ႕ ေဆြမ်ိဳးမ်ား ၀မ္းနည္းေနတဲ့ ျမင္ကြင္းကို အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕မွာေတြ႔ရ။ (ဇြန္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးခံရသူ ဆက္တိုးလာေနၿပီး မေန႔တရက္ထဲ ၁၀,၀၀၀ နီးပါးရွိပါတယ္။ အိႏၵိယျပည္နယ္အေတာ္မ်ားမ်ားမွာ ၂ လနီးပါး ခ်မွတ္ထားတဲ့ ကန္႔သတ္မႈေတြ ေျဖေလ ွ်ာ့ၿပီး စီပြားေရးလုပ္ငန္းတခ်ိဳ ႔နဲ႔ ဘာသာေရးအေဆာက္အအုံေတြကို ျပန္ဖြင့္ေပးလိုက္ခ်ိန္မွာပဲ ပိုးကူးစက္မႈေတြ ခုလိုျမင့္တက္လာတာျဖစ္ပါတယ္။

ျပည္တြင္းေလေၾကာင္းလိုင္းနဲ႔ မိီးရထားလိုိင္းတခ်ိဳ႕ကို ျပန္ေျပးဆြဲေနသလုိ ေစ်းဆုိင္ေတြျပန္ဖြင့္ခြင့္ျပဳထားေပမဲ့ ေျမေအာက္ရထားလိုင္းေတြ၊ ဟိုတယ္ေတြ၊ ေက်ာင္းေတြကိုေတာ့ တႏုိင္ငံလုံးမွာ ဆက္ၿပီး ပိတ္ထားပါတယ္။

အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနရဲ ႔ ထုတ္ျပန္ခ်က္အရ လက္ရွိပိုးကူးခံထားရသူ ၂၇၆,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္း ၇,၇၀၀ ေက်ာ္ပါတယ္။ ပိုးကူးစက္မႈအဆိုးဆုံးကေတာ့ Maharashtra, Tamil Nadu နဲ႔ New Delhi ေဒသေတြမွာ ျဖစ္ပါတယ္။ တခါ ေတာင္ကိုရီးယားမွာလည္း လူ ၅၀ ပိုးကူးခံထားရတာကို စစ္ေဆးေတြ႔႐ွိခဲ့တာေၾကာင့္ ႏုိက္ကလပ္ေတြ၊ ကာရာအုိေကေတြနဲ႔ အားကစား႐ုံလာသူအားလုံးကို လိုအပ္ရင္ေျခရာေကာက္ႏုိင္ေအာင္ နာမည္စာရင္း ယူထားဖို႔ အစိုးရက အမိန္႔ထုတ္ျပန္လိုက္ပါတယ္။

အိႏၵိယႏိုင္ငံ Ahmedabad ၿမိဳ႕မွာေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၁၀၊ ၂၀၂၀)
အိႏၵိယႏိုင္ငံ Ahmedabad ၿမိဳ႕မွာေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၁၀၊ ၂၀၂၀)

ကပ္ေရာဂါဒဏ္ အလူးအလဲခံခဲ့ရတဲ့ ေတာင္ကိုရီးယားမွာ အေျခအေန တိုးတက္လာတဲ့အေတြက္ ကန္႔သတ္ခ်က္ေတြ ေျဖေလ ွ်ာ့ေပးလိုက္တဲ့ ေမလေႏွာင္းပိုင္းကစၿပီး ေန႔စဥ္ပိုးကူးခံရသူ ၃၀ ကေန ၅၀ ထိျပန္ေတြ႔လာတာပါ။

ခရစ္ယာန္ဘုရားေက်ာင္းေတြ၊ စာၾကည့္တုိ္က္ေတြနဲ႔ ေဆးရုံေတြ အျပင္ ရုပ္ရွင္ရုံေတြမွာလည္း ပိုးရွိသူနဲ႔ အနီးကပ္ ထိေတြ႔မႈရွိ၊ မရွိ ေျခရာေကာက္ႏုိင္မယ့္ နည္းကို ကိုယ့္သေဘာဆႏၵနဲ႔ အသုံးျပဳဖု႔ိ အစိုးရက တုိက္တြန္းထားပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာလည္း ကပ္ေရာဂါထိန္းခ်ဳပ္ေရးကန္႔သတ္ခ်က္ေတြ ၃ လနီးပါး ခ်မွတ္ခဲ့တာေၾကာင့္ ပိုးကူးစက္မႈ က်ဆင္းလာတဲ့အတြက္ စီးပြားေရးလုပ္ငန္းအားလုံးနီးပါး ဒိီကေန႔ ျပန္ဖြင့္လိုက္ပါၿပီ။

ျပည္တြင္းခရီးထြက္ခြင့္ရွိေပမဲ့ ႏိုက္ကလပ္ေတြ၊ ကာရာအိုေကနဲ႔ ပန္းျခံေတြေတာ့ ပိတ္ထားပါေသးတယ္။ ေက်ာင္းေတြနဲ႔ ဘာသာေရး အေဆာက္အအုံေတြကိုေတာ့ တျဖည္းျဖည္းျပန္ဖြင့္မွာျဖစ္ပါတယ္။ အင္ဒိုနီးရွားမွာ ပိုးကူးခံထားရသူ ၈,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၁၇ ဦးရွိၿပီး ပုိးကူးခံရသူေတြလည္း ေန႔စဥ္ က်ဆင္းလာေနတာျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ ျပည္ပကျပန္လာသူထဲက ၃ ဦးမွာ ေရာဂါပိုးကူးစက္တာကို ထပ္ေတြ႔ရပါတယ္။ ဗုဒၶဟူးေန႔မွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ မရွိသလို ေဆးကုသေပးေနတ့ဲလူ ၅၅ ဦးနဲ႔ ေရာဂါလကၡဏာမျပတဲ့ က်န္ ၁၅၇ ဦးကိုလည္း သီးျခားခြဲေစာင့္ၾကည့္ေနတာပါ။ တရုတ္အစိုးရထုတ္ျပန္ခ်က္အရ ပိုးကူးခံရသူ ၈၀,၀၀၀ ေက်ာ္မွာ ေသဆုံးသူက ၄,၆၀၀ ေက်ာ္ရွိတာျဖစ္ပါတယ္။

အိႏိၵယမွာ COVID-19 ကူးစက္မႈ ျမင့္တက္ေနဆဲ
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ COVID-19 ကူးစက်မှု မြင့်တက်နေဆဲ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူ ဆက်တိုးလာနေပြီး မနေ့တရက်ထဲ ၁၀,၀၀၀ နီးပါးရှိပါတယ်။ အိန္ဒိယပြည်နယ်အတော်များများမှာ ၂ လနီးပါး ချမှတ်ထားတဲ့ ကန့်သတ်မှုတွေ ဖြေလေ ျှာ့ပြီး စီပွားရေးလုပ်ငန်းတချို့နဲ့ ဘာသာရေးအဆောက်အအုံတွေကို ပြန်ဖွင့်ပေးလိုက်ချိန်မှာပဲ ပိုးကူးစက်မှုတွေ ခုလိုမြင့်တက်လာတာဖြစ်ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းနဲ့ မီးရထားလိုင်းတချို့ကို ပြန်ပြေးဆွဲနေသလို ဈေးဆိုင်တွေပြန်ဖွင့်ခွင့်ပြုထားပေမဲ့ မြေအောက်ရထားလိုင်းတွေ၊ ဟိုတယ်တွေ၊ ကျောင်းတွေကိုတော့ တနိုင်ငံလုံးမှာ ဆက်ပြီး ပိတ်ထားပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိပိုးကူးခံထားရသူ ၂၇၆,၀၀၀ ကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၇,၇၀၀ ကျော်ပါတယ်။ ပိုးကူးစက်မှုအဆိုးဆုံးကတော့ Maharashtra, Tamil Nadu နဲ့ New Delhi ဒေသတွေမှာ ဖြစ်ပါတယ်။ တခါ တောင်ကိုရီးယားမှာလည်း လူ ၅၀ ပိုးကူးခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် နိုက်ကလပ်တွေ၊ ကာရာအိုကေတွေနဲ့ အားကစားရုံလာသူအားလုံးကို လိုအပ်ရင်ခြေရာကောက်နိုင်အောင် နာမည်စာရင်း ယူထားဖို့ အစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကပ်ရောဂါဒဏ် အလူးအလဲခံခဲ့ရတဲ့ တောင်ကိုရီးယားမှာ အခြေအနေ တိုးတက်လာတဲ့အတွေက် ကန့်သတ်ချက်တွေ ဖြေလေ ျှာ့ပေးလိုက်တဲ့ မေလနှောင်းပိုင်းကစပြီး နေ့စဉ်ပိုးကူးခံရသူ ၃၀ ကနေ ၅၀ ထိပြန်တွေ့လာတာပါ။

ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာကြည့်တိုက်တွေနဲ့ ဆေးရုံတွေ အပြင် ရုပ်ရှင်ရုံတွေမှာလည်း ပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မှုရှိ၊ မရှိ ခြေရာကောက်နိုင်မယ့် နည်းကို ကိုယ့်သဘောဆန္ဒနဲ့ အသုံးပြုဖု့ိ အစိုးရက တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း ကပ်ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်တွေ ၃ လနီးပါး ချမှတ်ခဲ့တာကြောင့် ပိုးကူးစက်မှု ကျဆင်းလာတဲ့အတွက် စီးပွားရေးလုပ်ငန်းအားလုံးနီးပါး ဒီကနေ့ ပြန်ဖွင့်လိုက်ပါပြီ။

ပြည်တွင်းခရီးထွက်ခွင့်ရှိပေမဲ့ နိုက်ကလပ်တွေ၊ ကာရာအိုကေနဲ့ ပန်းခြံတွေတော့ ပိတ်ထားပါသေးတယ်။ ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကိုတော့ တဖြည်းဖြည်းပြန်ဖွင့်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ပိုးကူးခံထားရသူ ၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၇ ဦးရှိပြီး ပိုးကူးခံရသူတွေလည်း နေ့စဉ် ကျဆင်းလာနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ပြည်ပကပြန်လာသူထဲက ၃ ဦးမှာ ရောဂါပိုးကူးစက်တာကို ထပ်တွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသလို ဆေးကုသပေးနေတဲ့လူ ၅၅ ဦးနဲ့ ရောဂါလက္ခဏာမပြတဲ့ ကျန် ၁၅၇ ဦးကိုလည်း သီးခြားခွဲစောင့်ကြည့်နေတာပါ။ တရုတ်အစိုးရထုတ်ပြန်ချက်အရ ပိုးကူးခံရသူ ၈၀,၀၀၀ ကျော်မှာ သေဆုံးသူက ၄,၆၀၀ ကျော်ရှိတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG