သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ တရက်အတွင်း ကိုဗစ်ကူးစက်မှု စံချိန်တင်


(Zawgyi/Unicode)

မနေ့ ဗုဒ္ဓဟူးနေ့ကအင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့ချိန်မှာပဲ အသွားအလာ ပိတ်ပင်တား မြစ်ချက်တွေကို ဖြေလျှော့ပေးနေတာနဲ့ ပတ်သက်လို့ ကျန်းမာရေးပညာရှင်တွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် Jakarta မှာ ရုံးတွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကို တဖြည်းဖြည်း ပြန်ဖွင့် ပေးသွားဖို့ မြို့တော်အုပ်ချုပ်ရေးမှူးက ကြေညာပြီးတဲ့နောက် ၃ လနီးပါးပိတ်ထားတဲ့ ဗလီတွေကိုလည်း ပြီးခဲ့တဲ့ အပတ်တွင်း ပထမဆုံးအကြိမ် ပြန်ဖွင့်ပေးခဲ့တာပါ။

အလားတူပဲ ကျဆင်းနေတဲ့ စီးပွားရေးပြန်လည်နလန်ထူနိုင်အောင် ရည်ရွယ်ချက်နဲ့ လူဦးရေ သန်း ၂၇၀ နီးပါးရှိတဲ့ နိုင်ငံထဲ "New Normal" ပုံမှန် လူနေမှု ဘဝ ပုံစံသစ်နဲ့ သွားလာလှုပ်ရှားနိုင်ဖို့ စည်းမျဉ်းကန့်သတ် ချက်တွေ ထုတ်ပြန်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီလို ပြန်ဖွင့်ပေးလိုက်တာကြောင့် ရောဂါကူးစက်မှုစံချိန်တင်မြင့်သွားခဲ့ပြီး မနေ့က တရက်တည်း ကူးစက်သူ ၁၂၄၁ ယောက်ရှိခဲ့ပါတယ်။

COVID-19 ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရ Achmad Yurianto ကတော့ အခုလို ကူးစက်တဲ့ ဦးရေပိုများလာရတာက ရောဂါ စမ်းသပ်စစ်ဆေးမှုတွေကို တိုးပြီးလုပ်ဆောင်လာလို့ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ အင်ဒိုနီးရှားမှာ ရောဂါပိုးကူးစက်ခံထားရသူ ၃ သောင်း ၄ ထောင်ကျော်နဲ့ သေဆုံးသူ ၂ ထောင်နီးပါးရှိပါတယ်။

ရောဂါစမ်းသပ် စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ တကယ်တမ်း ကူးစက်သူဦးရေ ဒီထက်ပိုများနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ မူဆလင်အများစုရှိတဲ့ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့လ Ramadan ဥပုသ်လ အပြီး ပြည်တွင်းခရီးသွားလာမှုတွေ အတော်များများရှိခဲ့တဲ့ အတွက် ကူးစက်မှုနှုန်းတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မတိုင်မီ အသွားအလာ ဖြေလျှော့ပေးထားတာတွေကို ပြန်ပြီး သုံးသပ်ဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG