သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားအစိုးရက သူ့နိုင်ငံသားတွေ ဆော်ဒီ Hajj ဘုရားဖူးသွားခွင့်ပိတ်ပင်


HAJJ ဘုရားဖူး ဝတ်ပြုကြသူများ
HAJJ ဘုရားဖူး ဝတ်ပြုကြသူများ

Zawgyi/Unicode

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် ဆော်ဒီ အာရေးဗျနိုင်ငံ MECCAမြို့မှာ နှစ်စဉ်ကျင်းပတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတို့ရဲ့ကမ္ဘာ့ အကြီးဆုံး HAJJ ဘုရားဖူးပွဲတော်ကို ဒီနှစ်မှာ အင်ဒိုနီးရှားက ဘုရားဖူးတွေကို သွားရောက်ဆင်နွှဲခွင့်ပြုမှာ မဟုတ်ဘူးလို့အင်ဒို နီးရှား သာသနာရေးဝန်ကြီး ဌာနပြောပါတယ်။

HAJJ ဘုရားဖူးပွဲတော်ကို နှစ်စဉ် မူဆလင်ဘာသာဝင် သန်းနဲ့ ချီပြီး သွားရောက် စုဝေးဝတ်ပြု ကြ တာပါ။ အခုလို ဆုံးဖြတ်ရတာ ခက်ခဲသလို သိပ်ကို စိတ်မကောင်းဖြစ် ရပါတယ်လို့ အင်ဒိုနီးရှား သာသနာရေး ဝန်ကြီး FACHRUL RAZI က ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

HAJJ ဘုရားဖူးပွဲတော်ကို ဒီနှစ်မှာလည်း ခါတိုင်းလို မူဆလင် အများစုရှိတဲ့ အင်ဒိုနီးရှား နိုင်ငံက လူ ၂ သိန်း ၂ သောင်းကျော်လောက် သွားရောက်ဆင်နွှဲကြဖို့ ပြင်ဆင်ထားခဲ့တာပါ။

အိမ်ရှင် ဆော်ဒီနိုင်ငံကိုယ်နှိုက်ကတော့ လာမယ့် ဇူလိုင် လကုန် ဝတ်ပြုဆုတောင်းပွဲ တွေကျင်းပ ဖြစ် - မဖြစ်ကို မဆုံးဖြတ်ရ သေးပါဘူး။ ဘုရားဖူး ဥပုသ်သည်တွေ နိုင်ငံတွင်း လာရောက်တာကိုတော့ ဆော်ဒီက ရပ်ဆိုင်းထားပါတယ်။

HAJJ ဘုရားဖူးပွဲတော် ကျင်းပဖြစ် မဖြစ် ဆုံးဖြတ်ချက်ကို ကြေညာဖို့ ပြီးခဲ့တဲ့ လအတွင်း အင်ဒိုနီးရှားကဆော်ဒီကို ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား သမ္မတ JOKO WIDODO က ဆော်ဒီဘုရင် KING SALMAN နဲ့ ဖုန်းဆက်သွယ်စကားပြောခဲ့ တယ်လို့ ဝန်ကြီး RAZI ကပြောပါတယ်။

ကနဦးတုန်းက တော့ အင်ဒိုနီးရှားက နှစ်စဉ် HAJJ ဘုရားဖူး ဝတ်ပြုသူ ပုံမှန် ဘုရားဖူးသွားသူ ဦးရေရဲ့ ထက်ဝက် လောက် သွားခွင့်ပြုဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ သန်းနဲ့ ချီတဲ့ ဘုရားဖူးတွေကြား ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်မြင့်မားတာကြောင့် သူတို့ကို အိမ်မှာပဲနေခိုင်းဖို့ ဆုံးဖြတ်လိုက်ရကြောင်းလည်း သူကပြောပါတယ်။

HAJJ ဘုရားဖူးပွဲတော်ကို သွားရောက်ဝတ်ပြုခွင့်ရဖို့ နှစ်နဲ့ချီပြီးစောင့်ဆိုင်းနေခဲ့ကြရသူ အင်ဒိုနီးရှားက မူဆလင်တွေအတွက်တော့ အခုဆုံးဖြတ်ချက်အပေါ် စိတ်ပျက် ဝမ်းနည်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]





XS
SM
MD
LG