သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hajj ဝတ်ပြုပွဲအတွက် ဆော်ဒီအာရေဗျ အသင့်ပြင်ဆင်


မက္ကာမှာ ဝတ်ပြုပွဲလာရောက်သူ မွတ်ဆလင် များ။
မက္ကာမှာ ဝတ်ပြုပွဲလာရောက်သူ မွတ်ဆလင် များ။

ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ နှစ်စဉ်ပြုလုပ်နေကျ ငါးရက်ကြာ Hajj ဘုရားဝတ်ပြုပွဲအတွက် ကမ္ဘာအရပ်ရပ်က လာမယ့် ဘုရားဖူးသူပေါင်း ၁ သန်းခွဲကျော်ကို လက်ခံဖို့ ပြင်ဆင်မှုတွေ ပြီးစီးပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ စတင်မယ့် နှစ်စဉ် အစ္စလမ်ဘာသာဝင်တွေရဲ့ Hajj ဘုရားဝတ်ပြုပွဲကို စောင့်ကြည့်နိုင်ဖို့ မီနာ၊ မက္ကာ၊ မောင့်တ် အာရဖတ် စတဲ့ မြို့နေရာတွေမှာ လုံခြုံရေးဝန်ထမ်းပေါင်း ၁၀၀,၀၀၀ ကျော်ကို ချထားမှာ ဖြစ်တယ်လို့ ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Mansour al-Turki က ပြောပါတယ်။

ဘုရားဝတ်ပြုတဲ့နေရာတွေမှာ ပြင်ပ ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဆော်ဒီ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်ကနေ အဆင်သင့်ပြင်ထားတယ်လို့လည်း al-Turki က ဆိုပါတယ်။ ဒါ့အပြင် ရွက်ဖျင် တဲတွေ ရှိနေတဲ့ မီနာမြို့မှာ လူအုပ်ပြိုပြီး အချင်းချင်းတက်နင်းမိတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လုံခြုံရေး တွေကို ပိုပြီးချထားတယ်လို့ သူကပြောပါတယ်။ ဘုရားဖူးတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း al-Turki က သတိပေးခဲ့ပါတယ်။

Hajj ဘုရားဝတ်ပြုတယ်ဆိုတာဟာ အစ္စလာမ်ဘာသာမှာရှိနေတဲ့ မဏ္ဍိုင် ငါးရပ်ထဲက တခုဖြစ်တဲ့အပြင် အစ္စလမ် ဘာသာဝင် တတ်နိုင်သူအားလုံး တသက်မှာ တကြိမ် ဘုရားဖူးလာဖို့ လိုအပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG