သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားမွာ COVID-19 ကူးစက္မႈ ဆက္လက္ျမင့္တက္ခ်ိန္ စီးပြားေရး က်ားကန္ေပးဖို႔ ျပင္ဆင္


အင္ဒုိနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕ ရထားဘူတာ႐ုံတခုမွာ သြားလာေနသူေတြကုိ က်န္းမာေရးဆုိင္ရာ ထုတ္ျပန္ေၾကညာခ်က္ ေဝငွေနတဲ့ ျမင္ကြင္း။ (ေမ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ က်ဆင္းေနတဲ့ စီးပြားေရးကို က်ားကန္ေပးဖို႔ အင္ဒိုနီးရွားအစိုးရက စီးပြားေရးႏုိးထေရး အစီအစဥ္ကို ျပင္ဆင္ ထုတ္ျပန္လိုက္ခ်ိန္မွာပဲ အင္ဒိုနီးရွားႏုိင္ငံထဲ မေန႔ စေနေန႔တရက္တည္း ကို႐ုိနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ၁,ဝ၀၀ နီးပါး စံခ်ိန္တင္ ျမင့္တက္ခဲ့ပါတယ္။

မေန႔က ၂၄ နာရီအတြင္း အတည္ျပဳလူနာသစ္ ၉၉၃ ေယာက္ရွိခဲ့လို႔ စုစုေပါင္း ကူးစက္ခံရသူ ၃၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁,၈၀၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ကပ္ေရာဂါေၾကာင့္ က်ဆင္းေနတဲ့ စီးပြားေရးကို က်ားကန္ေပးဖို႔ အစိုးရက အေမရိကန္ေဒၚလာ ၄၇.၆ ဘီလီယံ တန္ဖိုးရွိတဲ့ အေထာက္အပံ့ အစီအစဥ္ေတြကို ေၾကညာခဲ့ပါတယ္။

က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ပိုအားေကာင္းလာေစဖို႔၊ စားသုံးသူပစၥည္း ဝယ္လိုအားကို ျမင့္တက္ေစမယ့္ လူမႈဖူလုံေရး ေထာက္ပံ့ေၾကးေတြေပးဖို႔၊ စီးပြားေရးလုပ္ငန္းေတြ ေဒဝါလီခံရမယ့္အေရး ကာကြယ္ဖို႔နဲ႔ အလုပ္လက္မဲ့ေတြကို အေထာက္အပံ့ ေပးဖို႔အတြက္ အစိုးရက ေဒၚလာ ၄၇.၆ ဘီလီယံနဲ႔ ညီမၽွတဲ့ ၆၇၇.၂ ထရီလီယံ ႐ူပီးယား အသုံးျပဳဖို႔ လ်ာထားတယ္လို႔ ဘ႑ာေရးဝန္ႀကီး Sri Mulyani Indrawati က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလေႏွာင္းပိုင္းတုန္းက ေၾကညာခဲ့တဲ့ ေထာက္ပံ့ေရး အစီအစဥ္က ၆၄၁ ထရီလီယံ ႐ူပီးယား ျဖစ္လို႔ အခုအစီအစဥ္က ေငြပမာဏ ပိုမ်ားလာတာပါ။ ဒီအစီအစဥ္ေၾကာင့္ စီးပြားေရးတိုးတက္မႈႏႈန္းကုိ သုညရာခိုင္ႏႈန္းအထက္မွာ ရွိဖို႔ ထိန္းထားႏုိင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္းနဲ႔ အဆိုးဆုံး အေျခအေနအေနနဲ႔ ၀.၄ ရာခိုင္ႏႈန္း က်ဆင္းဖို႔ ခန္႔မွန္းထားေၾကာင္း ဝန္ႀကီး Indrawati က ႐ုပ္သံသတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီႏွစ္ အင္ဒိုနီးရွားရဲ႕ ျပည္တြင္း အသားတင္ထုတ္လုပ္မႈတန္ဖိုး GDP တိုးတက္မႈႏႈန္းက အစိုးရက အရင္ခန္႔မွန္းထားတဲ့ ၂.၃ ရာခိုင္ႏႈန္းထက္ ပုိၿပီး ေလ်ာ့နည္းႏုိင္တယ္လို႔လည္း သူကေျပာပါတယ္။

ကပ္ေရာဂါေၾကာင့္ ပို႔ကုန္လုပ္ငန္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ စားသုံးကုန္ေစ်းကြက္ေတြကို ႐ုိက္ခတ္မႈရွိခဲ့တဲ့ အင္ဒိုနီးရွားႏုိင္ငံမွာ ဇန္နဝါရီနဲ႔ မတ္လ ပထမ ၃ လပတ္ကာလအတြင္း GDP ၂.၉ ရာခိုင္ႏႈန္းပဲ တိုးတက္ခဲ့လို႔ ၁၀ စုႏွစ္ ႏွစ္စုအတြင္း စီးပြားေရးတိုးတက္မႈ အေႏွးေကြးဆုံး အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အင်ဒိုနီးရှားမှာ COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်ချိန် စီးပွားရေး ကျားကန်ပေးဖို့ ပြင်ဆင်

COVID-19 ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အင်ဒိုနီးရှားအစိုးရက စီးပွားရေးနိုးထရေး အစီအစဉ်ကို ပြင်ဆင် ထုတ်ပြန်လိုက်ချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံထဲ မနေ့ စနေနေ့တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ၁,ဝ၀၀ နီးပါး စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မနေ့က ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၉၉၃ ယောက်ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံရသူ ၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၈၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရက အမေရိကန်ဒေါ်လာ ၄၇.၆ ဘီလီယံ တန်ဖိုးရှိတဲ့ အထောက်အပံ့ အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုအားကောင်းလာစေဖို့၊ စားသုံးသူပစ္စည်း ဝယ်လိုအားကို မြင့်တက်စေမယ့် လူမှုဖူလုံရေး ထောက်ပံ့ကြေးတွေပေးဖို့၊ စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံရမယ့်အရေး ကာကွယ်ဖို့နဲ့ အလုပ်လက်မဲ့တွေကို အထောက်အပံ့ ပေးဖို့အတွက် အစိုးရက ဒေါ်လာ ၄၇.၆ ဘီလီယံနဲ့ ညီမျှတဲ့ ၆၇၇.၂ ထရီလီယံ ရူပီးယား အသုံးပြုဖို့ လျာထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းတုန်းက ကြေညာခဲ့တဲ့ ထောက်ပံ့ရေး အစီအစဉ်က ၆၄၁ ထရီလီယံ ရူပီးယား ဖြစ်လို့ အခုအစီအစဉ်က ငွေပမာဏ ပိုများလာတာပါ။ ဒီအစီအစဉ်ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းကို သုညရာခိုင်နှုန်းအထက်မှာ ရှိဖို့ ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အဆိုးဆုံး အခြေအနေအနေနဲ့ ဝ.၄ ရာခိုင်နှုန်း ကျဆင်းဖို့ ခန့်မှန်းထားကြောင်း ဝန်ကြီး Indrawati က ရုပ်သံသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနှစ် အင်ဒိုနီးရှားရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP တိုးတက်မှုနှုန်းက အစိုးရက အရင်ခန့်မှန်းထားတဲ့ ၂.၃ ရာခိုင်နှုန်းထက် ပိုပြီး လျော့နည်းနိုင်တယ်လို့လည်း သူကပြောပါတယ်။

ကပ်ရောဂါကြောင့် ပို့ကုန်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စားသုံးကုန်ဈေးကွက်တွေကို ရိုက်ခတ်မှုရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီနဲ့ မတ်လ ပထမ ၃ လပတ်ကာလအတွင်း GDP ၂.၉ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့လို့ ၁၀ စုနှစ် နှစ်စုအတွင်း စီးပွားရေးတိုးတက်မှု အနှေးကွေးဆုံး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG