သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် တာဝန်စတင်


မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screenshot)
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screenshot)

(Zawgyi/Unicode)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။

မကြာခင်က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ ပါမောက္ခ Yanghee Lee ရဲ့ နေရာမှာ သူ့ကို တာဝန်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Maine ပြည်နယ်ကိုယ်စားပြုအမတ်အဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူ Thomas H. Andrews ဟာ Andrews Strategic Services ဆိုတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်တဲ့ National Democratic Institute (NDI) အဖွဲ့အစည်းအတွက် Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ့ Yemen နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက လွှတ်တော်အမတ်တွေ၊ NGO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” နိုဘယ်ငြိမ်းရေးဆုရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူများအရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့မှာ ၂၀၀၁ ခုနှစ်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB နဲ့ Euro-Burma Network ကွန်ယက်အဖွဲ့တွေအတွက်လည်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

Win Without War နဲ့ United to End Genocide စတဲ့ NGO အဖွဲ့တွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ရဲ့နေရာမှာ အထူးကိုယ်စားလှယ်သစ်အဖြစ် Thomas H. Andrews တာဝန် စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]



မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း ပါမောက္ခ Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း ပါမောက္ခ Yanghee Lee






XS
SM
MD
LG