သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါကုိင္တြယ္ပုံနဲ႔ပတ္သက္လုိ႔ ၿဗိတိန္အစုိးရ ေ၀ဖန္ခံေနရ


ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson

Zawgyi/Unicode

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ေၾကာင့္ ကမာၻတလႊားစီးပြါးေရးထိခိုက္ၾကတဲ့ အထဲမွာ ၿဗိတိန္ႏိုင္ငံက အဆိုးဆံုး ျဖစ္ေနတယ္လို႔ ေနာက္ဆံုးခန္႔မွန္းခ်က္ေတြ ထြက္လာခ်ိန္မွာပဲ ၿဗိတိန္အစိုးရဟာ ဒီကပ္ေရာဂါဆိုင္ရာ တုန္႔ျပန္မႈအတြက္ အျပင္းအထန္ အေဝဖန္ခံေနရပါတယ္။

ၿဗိတိန္ဟာ ကမာၻေပၚမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါေၾကာင့္ ေသဆံုးသူအေရအတြက္ ဒုတိယမ်ားဆံုးႏိုင္ငံျဖစ္ေနသလို ဒီကပ္ေရာဂါေၾကာင့္ ကန္႔သတ္တားျမစ္မႈေတြ ဖယ္ရွားေပးရာမွာလည္း ဥေရာပတိုက္ ႏုိင္ငံေတြ ထဲမွာ ေနာက္အက်ဆံုး ျဖစ္ပါတယ္။

OECD ေခၚ စီးပြါးေရးပူးေပါင္းေဆာင္ရြက္မႈနဲ႔ ဖြံ႔ၿဖိဳးမႈ ဆိုင္ရာအဖြဲ႔ႀကီးရဲ့ ဒီသီတင္းပတ္ ခန္႔မွန္းခ်က္မွာ ၿဗိတိန္ႏိုင္ငံရဲ့ စီးပြါးေရးဟာ ၂၀၂၀ အတြက္ ၁၁.၅% က်ဆင္းဖို႔ရွိတာေၾကာင့္ အဆိုးဝါးဆံုး လို႔ ေဖၚျပထားပါတယ္။ ၿဗိတိန္ရဲ့ စီးပြါးေရး အေျခေနဟာ ျပင္သစ္ (၁၁.၄%) အီတလီ (၁၁.၃%) နဲ႔ စပိန္ (၁၁.၁%) ႏိုင္ငံေတြထက္ နဲနဲ ပိုဆိုးေနတာ ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံ ရဲ့ စီးပြါးေရးကေတာ့ ဒီႏွစ္အတြက္ ၇.၃ % က်ဆင္းမယ္လို႔ ခန္႔မွန္းထားတာပါ။



ၿဗိတိန္ႏိုင္ငံဟာ ဝန္ေဆာင္မႈေပၚ အေျခတည္တဲ့ စီးပြါးေရး ျဖစ္ေနၿပီး ဒီဝန္ေဆာင္မႈ က႑ဟာ တကမာၻလံုး အသြားအလာပိတ္ပင္မႈေတြ လုပ္ခ်ိန္မွာ ထိခိုက္မႈ အမ်ားဆံုးရွိတဲ့ က႑ေတြထဲက တခုျဖစ္တဲ့အတြက္ ၿဗိတိန္ရဲ့ စီးပြါးေရး အခုလို အထိနာရတာ ျဖစ္ေၾကာင္းလည္း စီးပြါးေရး ပညာရွင္ေတြက ေျပာပါတယ္။

ဒါ့အျပင္ အခုရင္ဆိုင္ေနရတဲ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါအတြက္ ဒုတိယအခ်ီ ကူးစက္မႈႏႈန္း ျမင့္မား တာမ်ိဳးေတြ ေပၚေပါက္လာမယ္ ဆိုရင္ ၿဗိတိန္စီးပြါးေရးဟာ အခုထက္ အေျခေနဆိုးလာႏုိင္ၿပီး ၁၄ % ႏႈန္းေလာက္ အထိ က်ဆင္းသြားႏုိင္တယ္လို႔လည္း OECD က သတိေပးထားပါတယ္။

ဒီကပ္ေရာဂါဟာ ဥေရာပတလႊား မတ္လအေစာပိုင္းမွာ ျပန္႔ႏွံခဲ့တာ ျဖစ္ၿပီး ၿဗိတိန္က တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ပိတ္ပင္တာကို မတ္လ ၂၃ ရက္ေန႔မွာ စခဲ့တာေၾကာင့္ ဒီကပ္ေရာဂါအတြက္ ျမန္ျမန္ဆန္ဆန္ မတုန္႔ျပန္ခဲ့ဘူးလို႔ ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် ကမ္ဘာတလွှားစီးပွါးရေးထိခိုက်ကြတဲ့ အထဲမှာ ဗြိတိန်နိုင်ငံက အဆိုးဆုံး ဖြစ်နေတယ်လို့ နောက်ဆုံးခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ ဗြိတိန်အစိုးရဟာ ဒီကပ်ရောဂါဆိုင်ရာ တုန့်ပြန်မှုအတွက် အပြင်းအထန် အဝေဖန်ခံနေရပါတယ်။

ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူအရေအတွက် ဒုတိယများဆုံးနိုင်ငံဖြစ်နေသလို ဒီကပ်ရောဂါကြောင့် ကန့်သတ်တားမြစ်မှုတွေ ဖယ်ရှားပေးရာမှာလည်း ဥရောပတိုက် နိုင်ငံတွေ ထဲမှာ နောက်အကျဆုံး ဖြစ်ပါတယ်။

OECD ခေါ် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာအဖွဲ့ကြီးရဲ့ ဒီသီတင်းပတ် ခန့်မှန်းချက်မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွါးရေးဟာ ၂၀၂၀ အတွက် ၁၁.၅% ကျဆင်းဖို့ရှိတာကြောင့် အဆိုးဝါးဆုံး လို့ ဖေါ်ပြထားပါတယ်။ ဗြိတိန်ရဲ့ စီးပွါးရေး အခြေနေဟာပြင်သစ် (၁၁.၄%) အီတလီ (၁၁.၃%) နဲ့ စပိန်(၁၁.၁%) နိုင်ငံတွေထက် နဲနဲ ပိုဆိုးနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ရဲ့ စီးပွါးရေးကတော့ ဒီနှစ်အတွက် ၇.၃ % ကျဆင်းမယ်လို့ ခန့်မှန်းထားတာပါ။

ဗြိတိန်နိုင်ငံဟာ ဝန်ဆောင်မှုပေါ် အခြေတည်တဲ့ စီးပွါးရေး ဖြစ်နေပြီး ဒီဝန်ဆောင်မှု ကဏ္ဍဟာ တကမ္ဘာလုံး အသွားအလာပိတ်ပင်မှုတွေ လုပ်ချိန်မှာ ထိခိုက်မှု အများဆုံးရှိတဲ့ ကဏ္ဍတွေထဲက တခုဖြစ်တဲ့အတွက် ဗြိတိန်ရဲ့ စီးပွါးရေး အခုလို အထိနာရတာ ဖြစ်ကြောင်းလည်း စီးပွါးရေး ပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် အခုရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် ဒုတိယအချီ ကူးစက်မှုနှုန်း မြင့်မား တာမျိုးတွေ ပေါ်ပေါက်လာမယ် ဆိုရင် ဗြိတိန်စီးပွါးရေးဟာ အခုထက် အခြေနေဆိုးလာနိုင်ပြီး ၁၄ % နှုန်းလောက် အထိ ကျဆင်းသွားနိုင်တယ်လို့လည်း OECD က သတိပေးထားပါတယ်။

ဒီကပ်ရောဂါဟာ ဥရောပတလွှား မတ်လအစောပိုင်းမှာ ပြန့်နှံခဲ့တာ ဖြစ်ပြီး ဗြိတိန်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်တာကို မတ်လ ၂၃ ရက်နေ့မှာ စခဲ့တာကြောင့် ဒီကပ်ရောဂါအတွက် မြန်မြန်ဆန်ဆန် မတုန့်ပြန်ခဲ့ဘူးလို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG