သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်ကြောင့် ဗြိတိန်မှာ နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးရွားဆုံး စီးပွားကပ်နဲ့ ရင်ဆိုင်ရနိုင်


COVID-19 ရောဂါ အကြီးအကျယ်ကူးစက်နေတဲ့ လန်ဒန်မြို့မှာရှိနေတဲ့ St Thomas' ဆေးရုံမှာ အရေးပေါ်လူနာ တင်ယာဉ်က လူနာ တဦးကို သယ်ယူနေတဲ့ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများ
COVID-19 ရောဂါ အကြီးအကျယ်ကူးစက်နေတဲ့ လန်ဒန်မြို့မှာရှိနေတဲ့ St Thomas' ဆေးရုံမှာ အရေးပေါ်လူနာ တင်ယာဉ်က လူနာ တဦးကို သယ်ယူနေတဲ့ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများ

Zawgyi/Unicode

နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးဝါးဆုံး စီးပွါးရေးကပ်ဆိုက်မယ့် အခြေနေ ရှိနေတဲ့ ဗြိတိန်နိုင်ငံကို ဝန်ကြီးချုပ် Boris Johnson က နောက်လလောက်အထိ ဆက်ပြီး ကိုရိုနာဗိုင်းရပ်စ်အတွက် ပိတ်ပင်တားမြစ်မှုလုပ်မှာကို သူ့ကက်ဘိနက် အဖွဲ့ဝင် တချို့က စိတ်ပျက်နေကြပါတယ်။အစိုးရအနေနဲ့အခုအချိန်မှာ နိုင်ငံ့စီးပွါးရေးကို ဦးစားပေးဖို့လည်း အခြေအတင် ပြောဆိုနေကြတာပါ။

ကက်ဘိနက်ဝန်ကြီးတွေနဲ့ တချို့ ရှေးဆန်တဲ့ ကွန်ဆာဗေးတစ်တွေကတော့ ဝန်ကြီးချုပ် အနေနဲ့ အနည်းဆုံးတော့ တားမြစ်ချက်တွေကို ဘယ်နေ့မှာ ဘယ်အဆင့်နဲ့ ဘယ်လိုလေ ျှာ့ ချပေးမယ်ဆိုတဲ့ အချိန်ဇယား ထုတ်ပြန်ပေးဖို့ တိုက်တွန်းနေတာပါ။

ကွန်ဆာဗေးတစ်လိုလားတဲ့ သတင်းစာတွေကတော့ ဝန်ကြီးချုပ် Johnson ဟာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကန့်သတ်ချက်အတော်များများကို မကြာခင်ရက်ပိုင်းအတွင်း ကြေညာမှာ ဖြစ်ကြောင်း ခန့်မှန်းရေးသား နေကြပါတယ်။ ဒါ့အပြင် ဒီရောဂါအတွက်ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ကြောင့် စီးပွါးရေးမှာ ထိခိုက်စေတာတွေကို ထောက်ပြနေကြတာပါ။ ဗြိတိန်ရဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ Bank of England ကလည်း နိုင်ငံဟာ ၁၇၀၆ ခုနှစ် စီးပွါးရေးကပ်ဆိုက်ခဲ့ချိန် ကလို ဆိုးဝါးတဲ့ အခြေနေကို ဦးတည်နေတယ်လို့ ကြာသပတေးနေ့မှာပဲ သတိပေးခဲ့ပါတယ်။

ဗြိတိန်အတွက်ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲလုပ်မှာတွေကို ဝန်ကြီးချုပ် Johnson က တနင်္ဂနွေနေ့မှာ ချပြ.ဖို့ စီစဉ်နေတာပါ။ ဗြိတိန်ရဲ့ အိမ်နီးချင်း တခြားဥရောပ နိုင်ငံတွေကတော့ဗြိတိန်နဲ့မတူပဲကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုတွေကို လ ျှင်လ ျှင်မြန်မြန် လေ ျှာ့ချ ပေးနေတာ ဖြစ်ပါတယ်။ဗြိတိန်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ ဒီကပ်ရောဂါ ကြောင့် သေဆုံးရသူ ၃ သောင်း ကျော် သွားတဲ့ ပထမဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

[Unicode]








XS
SM
MD
LG