သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်အထွေထွေရွေးကောက်ပွဲ ကျင်းပ


၀န်ကြီးချုပ် Boris Johnson (ဒီဇင်ဘာ၊ ၁၂၊ ၂၀၁၉)
၀န်ကြီးချုပ် Boris Johnson (ဒီဇင်ဘာ၊ ၁၂၊ ၂၀၁၉)

(Zawgyi/Unicode)

ဗြိတိန်နိုင်ငံမှာတော့ အထွေထွေရွေးကောက်ပွဲကို ကျင်းပနေပြီး ဗြိတိန် နိုင်ငံသားတွေလည်း မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲကနေ ၂၀၁၆ လူထုဆန္ဒခံယူပွဲမှာ သဘောတူထားတဲ့ EU ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး (Brexit) နဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းနေတဲ့ ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Boris Johnson ကတော့ မဲဆွယ်စည်းရုံးရေးတွေ အတွင်း EU ကနေ ဗြိတိန်နုတ်ထွက်ရေး အပြီးသတ်ဆောင်ရွက်ဖို့ကို အလေးပေးပြီး မဲဆွယ်ခဲ့ပါတယ်။ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီအနေနဲ့ ပါလီမန်မှာ အမတ်နေရာအများစုခဲ့မယ်ဆိုရင် (Brexit) နဲ့ ပတ်သက်ပြီး အရင်ပယ်ချခံထားရတဲ့ အစီအစဉ်ကို ဖြစ်အောင်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ EU ကနေ ဗြိတိန်ခဲွဲထွက်ဖို့ ကိစ္စကို လုပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn ကတော့ တကယ်လို့ သူအနေနဲ့အနိုင်ရခဲ့မယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဥရောပသမဂ္ဂကနေ ခွဲထွက်မလား ဒါမှမဟုတ် နေမလား ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် လူထုဆန္ဒခံယူပွဲအသစ်ကို လုပ်သွားမယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် နဲ့ EU ကြားသဘောတူညီမှုကို ဗြိတိန်ပါလီမန်ဘက်ကနေ အတည်မပြုဘဲ အကြိမ်ကြိမ် ပယ်ချခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ထရီဇာမေ နုတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာ Boris Johnson ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း ထရီဇာမေဟာ EU ကနေ ဗြိတိန်နုတ်ထွက်ရေးကိစ္စ အားကောင်းလာစေဖို့အတွက် ရွေးကောက်ပွဲကို စောပြီးကျင်းပဖို့ လုပ်ခဲ့ပေမယ့်၊ အဲဒီရွေးကောက်ပွဲမှာ သူ့ရဲ့ ကွန်ဆားဗေးတစ်ပါတီ ရှုံးနိမ့်ခဲ့တာကြောင့် Brexit အစီအစဉ်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီကနေ့ ရွေးကောက်ပွဲမတိုင်ခင် လူထုစစ်တမ်းတွေမှာတော့ ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ ကွန်ဆားဗေးတစ်ပါတီ အနိုင်ရနိုင်ချေရှိတယ်လို့ ဖော်ပြနေပေမယ့် ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာတော့ ပိုပြီးတော့ အကြိတ်အနယ် ဖြစ်လာနေပါတယ်။

ဗြိတိန်အထွေထွေရွေးကောက်ပွဲ ကျင်းပ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG