သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့အနီး ကုန်တင်ကား တစင်းထဲ လူရုပ်အလောင်း ၃၉ လောင်းတွေ့


ဗြိတိန်နိုင်ငံ Essex နယ် Grays မြို့က Waterglade စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ ကုန်တင်ကားထဲမှာ လူသေအလောင်း ၃၉ လောင်းကို တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူတွေက လူကြီး ၃၈ ယောက်နဲ့ ဆယ်ကျော်သက် တ ယောက်ဖြစ်ပုံရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

မြောက်ပိုင်း Ireland နယ်က အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်းကို လူသတ်မှုနဲ့ ဖမ်းဆီး စစ်ဆေးနေပါတယ်။ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ပထမဦးစားပေး စုံစမ်းနေတယ်လို့ ရဲ ကပြောပါတယ်။

ကုန်တင်ကားကြီးကို အရေးပေါ် တုံ့ပြန်သူတွေက စတင်တေ့ွရှိခဲ့တာပါ။ Essex နယ်ရဲတပ်ဖွဲ့ရဲ့ အပြောအရ Bulgaria နိုင်ငံကနေလာတဲ့ ဒီကုန်တင်ကားဟာ ဗြိတိန်နိုင်ငံ အနောက်ဖက် ဝေလနယ်ထဲက Anglesey ကျွန်းရဲ့ ဆိပ်ကမ်းဘက်ကနေ စနေနေ့က ဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီစိတ်မကောင်းစရာ ဖြစ်ရပ်အတွက် အင်မတန် တုန်လှုပ်ခဲ့ရတယ်လို့ ဝန်ကြီးချုပ် Boris Johnson က ပြောကြားပါတယ်။

Bulgaria နိုင်ငံဘက်ကနေလာတဲ့ ကုန်တင်ကားဟာ Anglesey ကျွန်းမှာရှိတဲ့ Holyhead ဆိပ်ကမ်းကနေ ပါတ်ဝင်လာတာက ပုံမှန်မဟုတ်ဘူးလို့ မြောက်ပိုင်း Ireland နယ်ရဲ့ ကုန်တင်ကုန်ပို့လုပ်ငန်းအသင်းတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

Holyhead ဆိပ်ကမ်းဟာ ဗြိတိန် အရှေ့တောင်ဘက်မှာရှိတဲ့ Dover ဆိပ်ကမ်းပြီးရင် ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက်အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ပြီး Ireland နိုင်ငံကနေ ဗြိတိန်နိုင်ငံဘက်ကို ဝင်ရောက်တဲ့ အဓိကလမ်းကြောင်းဖြစ်ပါတယ်။

[Unicode Version]






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG