ၿဗိတိန္ႏိုင္ငံ ေအာက္တုိဘာလကုန္မွာ အီးယူကေန ႏုတ္ထြက္ေရး သူ႔ရဲ႕အစီအစဥ္ကို အျမန္အတည္ျပဳဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ရဲ႕ေတာင္းဆိုမႈကို လႊတ္ေတာ္အမတ္ေတြက အဂၤါေန႔မွာ ပယ္ခ်လုိက္ပါတယ္။
ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္ Johson ရဲ႕ စာမ်က္ႏွာ ၁၁၅ မ်က္ႏွာပါ ႏုတ္ထြက္ေရး သေဘာတူညီခ်က္မူၾကမ္းကိုေတာ့ ေထာက္ခံမဲ ၃၂၉ မဲ ကန္႔ကြက္မဲ ၂၉၉ မဲနဲ႔ ေအာက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ Brexit နဲ႔ပတ္သက္ၿပီး ဒါဟာ လႊတ္ေတာ္မွာ ပထမဆံုးအျဖစ္ ေထာက္ခံမဲ ရခဲ့တာ ျဖစ္ပါတယ္။
ေနာက္ဆံုး အတည္ျပဳခ်က္မူၾကမ္းကို အျမန္ဆံုး ၃ ရက္အတြင္း ေပးအပ္ရမွာလည္း ျဖစ္ပါတယ္။ ေရွ႕သီတင္းပတ္ ေအာက္တိုဘာ လကုန္မွာ အီးယူကေနခြဲထြက္ဖို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ပယ္ဖ်က္ႏုိင္ဖုိ႔ လႊတ္ေတာ္အမတ္ေတြက ႀကိဳးစားေနၾကပါတယ္။
ၿဗိတိန္လႊတ္ေတာ္အမတ္ေတြဘက္က Brexit အစီအစဥ္အတြက္ ဇန္နဝါရီလကုန္အထိ ေရႊ႕ဆိုင္းေပးဖို႔ ေျပာလာရင္ အီးယူဘက္က ေနာက္ထပ္ ၃ လ ထပ္ဆိုင္းေပးသင့္ မေပးသင့္ စဥ္းစားေနပါတယ္။
အခုလို လႊတ္ေတာ္မွာ မဲမခြဲခင္ကေတာ့ ဝန္ႀကီးခ်ဳပ္ Johnson က တကယ္လို႔ ခြဲထြက္မယ့္ အစီအစဥ္အတြက္ အခ်ိန္ကို ကန္႔ကြက္ခဲ့ရင္ လႊတ္ေတာ္ေရြးေကာက္ပြဲအသစ္လုပ္ဖို႔ သူေတာင္းဆိုမွာျဖစ္ေၾကာင္း သတိေပးခဲ့တာပါ။
ဒါေပမယ့္ မဲခြဲအၿပီးမွာေတာ့ ဒီဥပေဒမူၾကမ္းကို ဆိုင္းငံ့မွာျဖစ္ေၾကာင္းနဲ႔ Brexit ကို အခ်ိန္ထပ္ေပးဖုိ႔ အီးယူေခါင္းေဆာင္ေတြနဲ႔ တိုင္ပင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ အစီအစဥ္အတိုင္း အီးယူကေန ၿဗိတိန္ ႏုတ္ထြက္ဖို႔ ေျပာဆိုေနဆဲပါ။
...............
Brexit အစီအစဉ် အမြန်အတည်ပြုဖို့ ဗြိတိန်ဝန်ကြီးချုပ်ကြိုးပမ်းချက် လွှတ်တော်ပယ်ချ
ဗြိတိန်နိုင်ငံ အောက်တိုဘာလကုန်မှာ အီးယူကနေ နုတ်ထွက်ရေး သူ့ရဲ့အစီအစဉ်ကို အမြန်အတည်ပြုဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ရဲ့တောင်းဆိုမှုကို လွှတ်တော်အမတ်တွေက အင်္ဂါနေ့မှာ ပယ်ချလိုက်ပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် Johson ရဲ့ စာမျက်နှာ ၁၁၅ မျက်နှာပါ နုတ်ထွက်ရေး သဘောတူညီချက်မူကြမ်းကိုတော့ ထောက်ခံမဲ ၃၂၉ မဲ ကန့်ကွက်မဲ ၂၉၉ မဲနဲ့ အောက်လွှတ်တော်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ Brexit နဲ့ပတ်သက်ပြီး ဒါဟာ လွှတ်တော်မှာ ပထမဆုံးအဖြစ် ထောက်ခံမဲ ရခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး အတည်ပြုချက်မူကြမ်းကို အမြန်ဆုံး ၃ ရက်အတွင်း ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။ ရှေ့သီတင်းပတ် အောက်တိုဘာ လကုန်မှာ အီးယူကနေခွဲထွက်ဖို့ ဝန်ကြီးချုပ်ရဲ့ မျှော်လင့်ချက်တွေကို ပယ်ဖျက်နိုင်ဖို့ လွှတ်တော်အမတ်တွေက ကြိုးစားနေကြပါတယ်။
ဗြိတိန်လွှတ်တော်အမတ်တွေဘက်က Brexit အစီအစဉ်အတွက် ဇန်နဝါရီလကုန်အထိ ရွှေ့ဆိုင်းပေးဖို့ ပြောလာရင် အီးယူဘက်က နောက်ထပ် ၃ လ ထပ်ဆိုင်းပေးသင့် မပေးသင့် စဉ်းစားနေပါတယ်။
အခုလို လွှတ်တော်မှာ မဲမခွဲခင်ကတော့ ဝန်ကြီးချုပ် Johnson က တကယ်လို့ ခွဲထွက်မယ့် အစီအစဉ်အတွက် အချိန်ကို ကန့်ကွက်ခဲ့ရင် လွှတ်တော်ရွေးကောက်ပွဲအသစ်လုပ်ဖို့ သူတောင်းဆိုမှာဖြစ်ကြောင်း သတိပေးခဲ့တာပါ။
ဒါပေမယ့် မဲခွဲအပြီးမှာတော့ ဒီဥပဒေမူကြမ်းကို ဆိုင်းငံ့မှာဖြစ်ကြောင်းနဲ့ Brexit ကို အချိန်ထပ်ပေးဖို့ အီးယူခေါင်းဆောင်တွေနဲ့ တိုင်ပင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်နေ့မှာ အစီအစဉ်အတိုင်း အီးယူကနေ ဗြိတိန် နုတ်ထွက်ဖို့ ပြောဆိုနေဆဲပါ။