သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္လႊတ္ေတာ္ ဆုိင္းငံ့ထားတဲ့ ၀န္ႀကီးခ်ဳပ္ ဆုံးျဖတ္ခ်က္ တရား႐ုံးခ်ဳပ္ပယ္ဖ်က္


ၿဗိတိသွ် ပါလီမန္ကုိ သီတင္း ၅ ပတ္ၾကာ ဆုိင္းငံ့ထားဖုိ႔ ၀န္ႀကီးခ်ဳပ္ Boris Johnson ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ဥပေဒနဲ႔ မညီေၾကာင္းနဲ႔ ပယ္ဖ်က္လုိက္ေၾကာင္း တရား႐ုံးခ်ဳပ္က ဒီကေန႔ပဲ ဆုံးျဖတ္လုိက္ပါတယ္။

အစုိးရရဲ႕ လုပ္ရပ္ေတြကို ေစာင့္ၾကည့္ ထိန္းေၾကာင္းဖုိ႔ တာ၀န္ရွိတဲ့ လႊတ္ေတာ္ရဲ႕ လုပ္ငန္းေတြကုိ ၀န္ႀကီးခ်ဳပ္က ဟန္႔တားခဲ့တဲ့ လုပ္ရပ္အျဖစ္ တရား႐ုံးခ်ဳပ္က တခဲနက္ ဆုံးျဖတ္ခဲ့တာပါ။

ဥေရာပသမဂၢ (EU) ကေန ၿဗိတိန္ႏုိင္ငံ ခဲြထြက္ဖုိ႔ ေနာက္ဆုံးသတ္မွတ္ရက္ မတုိင္ခင္ သီတင္း ၈ ပတ္အလုိမွာ သီတင္း ၅ ပတ္ ဆုိင္းငံ့ခဲ့တာကုိလည္း တရား႐ုံးခ်ဳပ္က ေထာက္ျပခဲ့ပါတယ္။ ေအာက္တုိဘာလ ၃၁ ရက္ေန႔မွာ EU က ခဲြထြက္ဖုိ႔ သတ္မွတ္ထားၿပီး ဒီလုိအေရးႀကီးတဲ့ အခ်ိန္ကာလမ်ဳိးမွာ လႊတ္ေတာ္ရဲ႕ ဒီမုိကေရစီနည္းက် လုပ္ငန္းစဥ္ေတြကုိ အခ်ိန္အေတာ္ၾကာ ဆုိင္းငံ့ထားဖုိ႔ ၀န္ႀကီးခ်ဳပ္က ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

ၿဗိတိသွ် လႊတ္ေတာ္မွာ အထူးသျဖင့္ ေအာက္လႊတ္ေတာ္ဟာ ျပည္သူလူထုက ေရြးခ်ယ္ တင္ေျမွာက္ထားတာ ျဖစ္တာေၾကာင့္ တုိင္းျပည္အတြက္ အေရးႀကီးတဲ့ အေျပာင္းအလဲနဲ႔ ႀကံဳရမယ့္ အခ်ိန္မ်ဳိးမွာ လူထုအသံကုိ ထင္ဟပ္ဖုိ႔ လုိအပ္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။ ၀န္ႀကီးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ၿဗိတိသွ် လႊတ္ေတာ္ကုိ လတ္တေလာ ေအာက္တုိဘာလလယ္ အထိ ဆုိင္းထားတာပါ။

ဒါေပမဲ့လည္း လႊတ္ေတာ္ရဲ႕ လုပ္ငန္းေတြကုိ ခ်က္ခ်င္းျပန္စႏုိင္ဖုိ႔ သက္ဆိုင္ရာ တာ၀န္ရွိသူေတြ စီစဥ္ဖုိ႔လည္း တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခဲ့ပါတယ္။ ၀န္ႀကီးခ်ဳပ္ Johnson ကေတာ့ EU ကေန ၿဗိတိန္ခဲြထြက္ရာမွာ သေဘာတူညီခ်က္ ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ သတ္မွတ္ရက္မွာ ခဲြထြက္မယ္ဆုိၿပီး ကတိေပး ထားတာပါ။

EU နဲ႔ သေဘာတူညီခ်က္ မရဘဲ ႏုတ္ထြက္မယ့္ အစီအစဥ္ကုိ ကန္႔ကြက္ဖုိ႔ အလားအလာရွိေနတဲ့ လႊတ္ေတာ္ကုိ ဆုိင္းငံ့ထားဖုိ႔ ၀န္ႀကီးခ်ဳပ္က ခြင့္ျပဳခ်က္ ေတာင္းခံခဲ့တာကုိေတာ့ Elizabeth ဘုရင္မႀကီးကလည္း ခြင့္ျပဳခ်က္ေပးထားတာ ျဖစ္ပါတယ္။

..............................

{Unicode}

ဗြိတိန်လွှတ်တော် ဆိုင်းငံ့ထားတဲ့ ဝန်ကြီးချုပ် ဆုံးဖြတ်ချက် တရားရုံးချုပ်ပယ်ဖျက်

ဗြိတိသျှ ပါလီမန်ကို သီတင်း ၅ ပတ်ကြာ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီကြောင်းနဲ့ ပယ်ဖျက်လိုက်ကြောင်း တရားရုံးချုပ်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့် ထိန်းကြောင်းဖို့ တာဝန်ရှိတဲ့ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ဝန်ကြီးချုပ်က ဟန့်တားခဲ့တဲ့ လုပ်ရပ်အဖြစ် တရားရုံးချုပ်က တခဲနက် ဆုံးဖြတ်ခဲ့တာပါ။

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ဖို့ နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် သီတင်း ၈ ပတ်အလိုမှာ သီတင်း ၅ ပတ် ဆိုင်းငံ့ခဲ့တာကိုလည်း တရားရုံးချုပ်က ထောက်ပြခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ EU က ခွဲထွက်ဖို့ သတ်မှတ်ထားပြီး ဒီလိုအရေးကြီးတဲ့ အချိန်ကာလမျိုးမှာ လွှတ်တော်ရဲ့ ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်တွေကို အချိန်အတော်ကြာ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဗြိတိသျှ လွှတ်တော်မှာ အထူးသဖြင့် အောက်လွှတ်တော်ဟာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတာ ဖြစ်တာကြောင့် တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲနဲ့ ကြုံရမယ့် အချိန်မျိုးမှာ လူထုအသံကို ထင်ဟပ်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဗြိတိသျှ လွှတ်တော်ကို လတ်တလော အောက်တိုဘာလလယ် အထိ ဆိုင်းထားတာပါ။

ဒါပေမဲ့လည်း လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ချက်ချင်းပြန်စနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စီစဉ်ဖို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Johnson ကတော့ EU ကနေ ဗြိတိန်ခွဲထွက်ရာမှာ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သတ်မှတ်ရက်မှာ ခွဲထွက်မယ်ဆိုပြီး ကတိပေး ထားတာပါ။

EU နဲ့ သဘောတူညီချက် မရဘဲ နုတ်ထွက်မယ့် အစီအစဉ်ကို ကန့်ကွက်ဖို့ အလားအလာရှိနေတဲ့ လွှတ်တော်ကို ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ်က ခွင့်ပြုချက် တောင်းခံခဲ့တာကိုတော့ Elizabeth ဘုရင်မကြီးကလည်း ခွင့်ပြုချက်ပေးထားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG