ဥေရာပသမဂၢ EU ထဲကေန ၿဗိတိန္ႏုိင္္ငံႏုတ္ထြက္ရမယ့္ Brexit ေနာက္ဆံုးရက္ကို ထပ္တိုးေပးဖို႔ ပန္ၾကားတဲ့စာတေစာင္ကို ဝန္ႀကီးခ်ဳပ္ Boris Johnson က လက္မွတ္မထိုးဘဲ စေနေန႔က ေပးပို႔လိုက္ၿပီး အဲဒီလိုရက္ထပ္တိုးေပးဖို႔ သူသေဘာမတူူဘူး ဆိုတာေရးထားတဲ့ ေနာက္စာတေစာင္ကိုလည္း ေပးပို႔ခဲ့တယ္လုိ႔ ဝန္ႀကီးခ်ဳပ္႐ံုး သတင္းရင္းျမစ္တခုက စေနေန႔မွာေျပာပါတယ္။
EU နဲ႔ ဝန္ႀကီးခ်ဳပ္ Johnson တို႔ မၾကာေသးခင္ကပဲရထားတဲ့ Brexit ဆိုင္ရာ သေဘာတူညီခ်က္ကို မဲခြဲဆံုးျဖတ္မယ့္ကိစၥ ၿဗိတိန္ လႊတ္ေတာ္က စေနေန႔မွာ ရက္ေရႊ႕လိုက္ၿပီးတဲ့ေနာက္ ေနာက္ဆံုးရက္သတ္မွတ္ခ်က္ကို ထပ္တိုးေပးဖို႔ ဥပေဒအရ ဝန္ႀကီးခ်ဳပ္ Johnson အေနနဲ႔ ပန္ၾကားရမွာျဖစ္ပါတယ္။ ဒါေပမယ့္ စီစဥ္ထားတဲ့အတိုင္း ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ႏုတ္ထြက္မယ္လုိ႔ ဝန္ႀကီးခ်ဳပ္က အခိုင္အမာေျပာထားတာပါ။
Brexit ဆိုင္ရာ သေဘာတူညီခ်က္မရရင္ ရက္ထပ္တိုးေပးဖို႔ သူ႔အေနနဲ႔ပန္ၾကားရမယ့္ ဥပေဒထဲမွာပါတဲ့စာကို ဝန္ႀကီးခ်ဳပ္ Johnson က မိတၱဴကူး ေပးပို႔ခဲ့ေပမယ့္ လက္မွတ္ထိုးမထားဘူးလို႔ ဝန္ႀကီးခ်ဳပ္႐ံုး သတင္းရင္းျမစ္ကေျပာပါတယ္။
ဒါေပမယ့္ ႏုတ္ထြက္မယ့္ရက္ကို သူ႔အေနနဲ႔ ဒီလကုန္ထက္မေက်ာ္ခ်င္ဘူးဆိုတာကို ရွင္းေအာင္ေျပာထားတဲ့ တျခားစာတေစာင္ကိုေတာ့ ဝန္ႀကီးခ်ဳပ္က လက္မွတ္ထိုး ေပးပို႔ခဲ့တာပါ။
Brexit ေနာက္ဆံုးရက္ကို ထပ္တိုးေပးဖို႔ ပန္ၾကားတဲ့စာကို ဥပေဒနဲ႔အညီ လိုက္နာၿပီး ေပးပို႔ခဲ့တာသာျဖစ္တယ္လုိ႔ EU ဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Tim Barrow က ရွင္းလင္းေျပာဆိုထားတဲ့ တတိယစာတေစာင္ကိုလည္း EU ကို ေပးပို႔ခဲ့ပါတယ္။ ရက္တိုးေပးဖို႔ပန္ၾကားခ်က္ ရတယ္ဆိုတာ ဥေရာပေကာင္စီဥကၠ႒ Donald Tusk က ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ အတည္ျပဳခဲ့ေပမယ့္ အေသးစိတ္မွတ္ခ်က္ေပးဖို႔ကိုေတာ့ EU သတင္းရင္းျမစ္တခုက ျငင္းခဲ့ပါတယ္။
-------------------------------
(Unicode)
Brexit ရက်တိုးပေးဖို့ ပန်ကြားစာ ဝန်ကြီးချုပ် Johnson လက်မှတ်မထိုးဘဲပေးပို့
ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရမယ့် Brexit နောက်ဆုံးရက်ကို ထပ်တိုးပေးဖို့ ပန်ကြားတဲ့စာတစောင်ကို ဝန်ကြီးချုပ် Boris Johnson က လက်မှတ်မထိုးဘဲ စနေနေ့က ပေးပို့လိုက်ပြီး အဲဒီလိုရက်ထပ်တိုးပေးဖို့ သူသဘောမတူူဘူး ဆိုတာရေးထားတဲ့ နောက်စာတစောင်ကိုလည်း ပေးပို့ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး သတင်းရင်းမြစ်တခုက စနေနေ့မှာပြောပါတယ်။
EU နဲ့ ဝန်ကြီးချုပ် Johnson တို့ မကြာသေးခင်ကပဲရထားတဲ့ Brexit ဆိုင်ရာ သဘောတူညီချက်ကို မဲခွဲဆုံးဖြတ်မယ့်ကိစ္စ ဗြိတိန် လွှတ်တော်က စနေနေ့မှာ ရက်ရွှေ့လိုက်ပြီးတဲ့နောက် နောက်ဆုံးရက်သတ်မှတ်ချက်ကို ထပ်တိုးပေးဖို့ ဥပဒေအရ ဝန်ကြီးချုပ် Johnson အနေနဲ့ ပန်ကြားရမှာဖြစ်ပါတယ်။ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ်က အခိုင်အမာပြောထားတာပါ။
Brexit ဆိုင်ရာ သဘောတူညီချက်မရရင် ရက်ထပ်တိုးပေးဖို့ သူ့အနေနဲ့ပန်ကြားရမယ့် ဥပဒေထဲမှာပါတဲ့စာကို ဝန်ကြီးချုပ် Johnson က မိတ္တူကူး ပေးပို့ခဲ့ပေမယ့် လက်မှတ်ထိုးမထားဘူးလို့ ဝန်ကြီးချုပ်ရုံး သတင်းရင်းမြစ်ကပြောပါတယ်။
ဒါပေမယ့် နုတ်ထွက်မယ့်ရက်ကို သူ့အနေနဲ့ ဒီလကုန်ထက်မကျော်ချင်ဘူးဆိုတာကို ရှင်းအောင်ပြောထားတဲ့ တခြားစာတစောင်ကိုတော့ ဝန်ကြီးချုပ်က လက်မှတ်ထိုး ပေးပို့ခဲ့တာပါ။
Brexit နောက်ဆုံးရက်ကို ထပ်တိုးပေးဖို့ ပန်ကြားတဲ့စာကို ဥပဒေနဲ့အညီ လိုက်နာပြီး ပေးပို့ခဲ့တာသာဖြစ်တယ်လို့ EU ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Tim Barrow က ရှင်းလင်းပြောဆိုထားတဲ့ တတိယစာတစောင်ကိုလည်း EU ကို ပေးပို့ခဲ့ပါတယ်။ ရက်တိုးပေးဖို့ပန်ကြားချက် ရတယ်ဆိုတာ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk က ဘရပ်ဆဲလ်စ်မြို့မှာ အတည်ပြုခဲ့ပေမယ့် အသေးစိတ်မှတ်ချက်ပေးဖို့ကိုတော့ EU သတင်းရင်းမြစ်တခုက ငြင်းခဲ့ပါတယ်။