သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ခွဲထွက်ရေး သဘောတူညီချက် အတည်ပြုဆုံးဖြတ်ရေး ရက်ရွှေ့


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson (အောက်တိုဘာ ၁၉၊ ၂၀၁၉)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson (အောက်တိုဘာ ၁၉၊ ၂၀၁၉)

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်ခွဲထွက်ရေး အဆုံးအဖြတ်ပေးဖို့ ဗြိတိန်လွှတ်တော်က ဒီကနေ့ပဲ ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဒီလကုန် နောက်ဆုံးထား ခွဲထွက်ရေး အစီအစဉ်လည်း မရေမရာ ဖြစ်သွားပါတယ်။

ဗြိတိန်ခွဲထွက်ရေးအတွက် ဝန်ကြီးချုပ် Boris Johnson က EU နဲ့ ညှိနှိုင်းရရှိထားတဲ့ သဘောတူညီချက်ကို အတည်ပြုနိုင်ရေး ဗြိတိန်လွှတ်တော်မှာ ဒီကနေ့ အရေးပေါ် ညီလာခံ ကျင်းပပြီး အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ထောက်ခံမဲ ၃၂၂ မဲ၊ ကန့်ကွက်မဲ ၃၀၆ မဲနဲ့ ဥပဒေအဖြစ် လွှတ်တော်က အတည်ပြုတဲ့အချိန်အထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ။

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သတ်မှတ်ရက်မှာ ခွဲထွက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ရက်ထပ်တိုးဖို့ EU ကို ဝန်ကြီးချုပ် Johnson က တောင်းခံရတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေး ကျင်းပဖို့အတွက် နှစ်ပေါင်း ၃၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စနေနေ့မှာ ဗြိတိန် လွှတ်တော်အစည်းအဝေးကို ထူးထူးခြားခြား ကျင်းပတာလည်း ဖြစ်ပါတယ်။

EU ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တာမှာ ထောက်ခံမဲ ၅၂%၊ ကန့်ကွက်မဲ ၄၈% နဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အတည်ပြုခဲ့တာပါ။

ဝန်ကြီးချုပ် Johnson ကတော့ ခွဲထွက်ရေးသဘောတူညီမှုနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကြာသပတေးနေ့က ရခဲ့တဲ့ သူ့အစီအစဉ်ကို ဗြိတိန်လွှတ်တော်က ထောက်ခံအတည်ပြုဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Mr. Johnson ရဲ့ အစီအစဉ်ကို ဒီကနေ့ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေးငြင်းခုံပြီးတဲ့ အချိန်မှာတော့ EU နဲ့ နောက်ဆုံးရလာတဲ့ ဗြိတိန်ခွဲထွက်ရေး သဘောတူညီမှုကို မဲပေးဖိ့ု ကနဦး စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

-------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG