သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit အစီအစဉ် ရွှေ့ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် EU ကို တိုက်တွန်း


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson. (အောက်တိုဘာ ၁၇၊ ၂၀၁၉)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson. (အောက်တိုဘာ ၁၇၊ ၂၀၁၉)

ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး (Brexit) နဲ့ ပတ်သက်ပြီး EU အနေနဲ့ စောင့်ဆိုင်းပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့ နှောင်းပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အဆိုကို ပါလီမန်ဘက်က ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းလိုက်တာကြောင့် အခုလို ဗြိတိန်ဝန်ကြီးချုပ်ဘက်က EU ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ EU ကနေ ဗြိတိန်နုတ်ထွက်ဖို့ကိစ္စကို ဆိုင်းငံ့မယ့်အပေါ် သူ့တဦးချင်းအနေနဲ့တော့ ဆန့်ကျင်တယ်လို့ ဝန်ကြီးချုပ် Johnson က ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗြိတိန်ပါလီမန်က ပြီးခဲ့တဲ့လက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ EU ကနေ ဗြိတိန်နုတ်ထွက်ရေး သဘောတူညီမှုကို ပါလီမန်လွှတ်တော်အမတ်တွေက စနေနေ့ညမှာ အတည်မပြုဘူးဆိုရင် သတ်မှတ်ထားတဲ့အချိန် မတိုင်ခင်မှာ ဗြိတိန်အစိုးရအနေနဲ့ ဥရောပကနေ ဗြိတိန်ခွဲထွက်ရေးကိစ္စကို ၃ လ ရွှေ့ဆိုင်းပေးဖို့ စာရေးသား တောင်းဆိုရမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ၁ နာရီအလိုမှာပဲ ဥရောပကနေ ဗြိတိန်ခွဲထွက်ရေးကိစ္စနဲ့ ပတ်သက်ပြီး အချိန်ထပ်တိုးပေးဖို့ တောင်းဆိုချက် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ဒီကိစ္စကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာကို EU ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk က ပြောကြားလိုက်ပါတယ်။

----------------------------------

(Unicode)






Brexit အစီအစဉ် ရွှေ့ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် EU ကို တိုက်တွန်း
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG