သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ္႔ေရြးေကာက္ပြဲမွာ ၿဗိတိန္လူထု ဘာကိုအေလးထားမလဲ


(Zawgyi/Unicode)

ၿဗိတိန္ႏုိ္င္ငံမွာ သီတင္းငါးပတ္ၾကာ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ံုးေရးအတြက္ ပါလီမန္ကို ဗုဒၶဟူးေန႔က ဖ်က္သိမ္း လိုက္ပါတယ္။ ႏွစ္ကုန္ပိုင္း အားလပ္ရက္ကာလမတိုင္ခင္ က်င္းပမယ့္ ၿဗိတိန္ အေထြေထြေရြးေကာက္ပြဲေတြမွာ ဆင္းရဲခ်မ္းသာ ကြာဟမႈ ႀကီးထြားလာေနတာက အဓိကကိစၥရပ္တခုျဖစ္မယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

ဒီဇင္ဘာလ ၁၂ ရက္ေန႔က်င္းပမယ့္ ေရြးေကာက္ပြဲေတြမွာ ကြန္ဆာေဗးတစ္ပါတီက လက္ရွိဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ေလဘာပါတီေခါင္းေဆာင္ Jeremy Corbyn တို႔ ယွဥ္ၿပိဳင္ၾကရမွာပါ။ ဗီြအိုေအသတင္းေထာက္ Zlatica Hoke ရဲ႕သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ဥေရာပသမဂၢ EU ကေန ၿဗိတိန္ႏုိ္င္ငံ ႏုတ္ထြက္ေရးဆိုင္ရာ သူ႔ရဲ႕အစီအစဥ္ကို လႊတ္ေတာ္ေထာက္ခံမႈ ပိုရဖို႔ရည္ရြယ္ၿပီး အခ်ိန္မတိုင္ခင္ ေရြးေကာက္ပြဲက်င္းပဖို႔ ဝန္ႀကီးခ်ဳပ္ Johnson က စီစဥ္လိုက္တာပါ။ ေစ်းဆုိင္ပိုင္ရွင္ Bron Stringer လို မဲဆႏၵရွင္ ေတြကေတာ့ Brexit ေၾကာင့္ျဖစ္လာတဲ့ မေရရာမႈေတြအေပၚ စိတ္ပ်က္ေနၾကပါတယ္။

“အဲဒါျဖစ္ဖို႔လိုပါတယ္။ ဒါေပမယ့္ က်မတို႔႔ ေစာင့္ေနရတာ စိတ္ပ်က္လွပါၿပီ။ မေရမရာနဲ႔ စိတ္ပူစရာျဖစ္ေနပါ တယ္။ မ္ိသားစုနဲ႔ကေလးေတြ စားဝတ္ေနေရးအတြက္ လုပ္ၾကမွာလား … ဘယ္လိုလုပ္ၿပီး စားေသာက္ေနထိုင္ၾကမွာလဲ … ေငြသံုးရမွာလား မသံုးရဘူးလား … ဘယ္သူမွ မသိၾကပါဘူး။”

EU ထဲကေန ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ ၿဗိတိန္ႏုတ္ထြက္မွာလဲဆိုတာထက္ အလုပ္အကိုင္၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ သဘာဝပတ္ဝန္းက်င္ေရးရာနဲ႔ တျခားကိစၥရပ္ေတြက ၿဗိတိသွ် မဲဆႏၵရွင္တခ်ဳိ႕အတြက္ ပိုအေရးႀကီးပါတယ္။ Workington အရပ္က ေနာက္ထပ္ ဆိုုင္ပိုင္ရွင္တဦးျဖစ္သူ Charlotte Byus တို႔လို တခ်ဳိ႕လူေတြအတြက္ အမ်ားႀကီး ပိုအေရးပါတဲ့ တျခားကိစၥေတြ ရွိေနတာပါ။

“NHS လို႔ေခၚတဲ့ တႏုိင္ငံလံုး က်န္းမာေရးေစာင့္ေရွာက္မႈအစီအစဥ္ကို သူတို႔ တကယ္ပဲ ယံုၾကည္ပါတယ္။ အလုပ္အကိုင္ ပိုမ်ားဖို႔၊ ဆိုင္ေတြ ဘဏ္ေတြ လည္ပတ္ေနႏိုင္ဖို႔လိုတယ္လို႔ သူတို႔ယံုၾကည္ပါတယ္။ Brexit ထက္ ပိုၿပီး ဦးစားေပးရ မွာေတြ အမ်ားႀကီးပါ။ ဒီကိစၥက သာမန္လူတေယာက္ကို မထိခိုက္ပါဘူး။ လုပ္ငန္းရွင္ႀကီးေတြကိုပဲ ထိခိုက္္မွာပါ။ ဒါေၾကာင့္ သူတို႔ Brexit ကို လိုခ်င္ေနတာပါ။”

ဝန္ႀကီးခ်ဳပ္ Boris Johnson အေနနဲ႔ သူဟာ အဲဒီလိုလူေတြအတြက္ လုပ္ကိုင္ေနတာပါဆိုတာကို သူတို႔ယံုၾကည္ေအာင္ ဆြဲေဆာင္စည္း႐ံုးရမယ္ဆိုတာ သိထားတာေၾကာင့္ အခုလို အာမခံေျပာဆိုေနရပါတယ္။

“က်ေနာ့္အေနနဲ႔ ပါလီမန္မွာ လူမ်ားစုရၿပီဆိုရင္ လူႀကီးမင္းတုိ႔အတြက္ လႊတ္ေတာ္က လုပ္ကိုင္ေဆာင္ရြက္လာ ဖို႔ က်ေနာ္လုပ္မွာပါ။ ဒီဇင္ဘာလမွာ လႊတ္ေတာ္သစ္စၿပီဆုိတာနဲ႔ က်ေနာ္တို႔လုပ္ရမွာေတြ ၿပီးေျမာက္ေအာင္ျမင္ေအာင္ စလုပ္ပါ မယ္။ ဇန္နဝါရီလမွာ Brexit ကိစၥကို ျပတ္ေအာင္လုပ္ၿပီး ဒီႏုိ္င္ငံရဲ႕ အလားအလာေကာင္းေတြကို အစြမ္းကုန္ ေဖာ္ထုတ္ေတာ့မွာ ျဖစ္ပါတယ္။”

ဝန္ႀကီးခ်ဳပ္ Johnson ရဲ႕ အဓိကၿပိဳင္ဘက္ ေလဘာပါတီေခါင္းေဆာင္ Jeremy Corbyn ကေတာ့ ကြန္ဆာေဗးတစ္ေတြဟာ လူ ခ်မ္းသာေတြအတြက္သာ လုပ္ကိုင္ေနၿပီး ၿဗိတိသွ်အလုပ္သမားေတြအေနနဲ႔ သူတို႔အတြက္ လုပ္ကိုင္ေပးတဲ့ အစိုးရတရပ္ လိုတယ္လို႔ေျပာေနပါတယ္။

“သိပ္ေကာင္းတဲ့တခုခုကို က်ေနာ္တို႔အတူတကြ လုပ္ေဆာင္ႏုိင္ပါတယ္။ က်ေနာ္တို႔ မဲဆြယ္စည္း႐ံုးေရးမွာ အားလံုးပါဝင္ေစၿပီး ခိုင္မာတဲ့သႏၷိ႒ာန္နဲ႔ လူထုရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို က်ေနာ္တို႔ ေျပာင္းလဲပစ္ႏုိင္ပါတယ္။ ဒါဆိုရင္ ဘယ္သူမွ ကန္႔သတ္ ခ်န္ထားခံရတာမ်ဳိး ရွိေတာ့မွာမဟုတ္ပါဘူးး။ တကယ့္အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္တန္ၿပီလို႔ က်ေနာ္ယူဆပါတယ္။”

Johnson က Corbyn ထက္ လူထုေထာက္ခံမႈ ေကာင္းေကာင္းအသာရေနတယ္ဆိုတာ စစ္တမ္းေတြမွာျပေပမယ့္ လြန္ခဲ့တဲ့ ရက္အနည္းငယ္အတြင္း ကြာဟာခ်က္ ေလ်ာ့လာပါတယ္။ Johnson အေနနဲ႔ လူမ်ားစုေထာက္ခံမႈ အခုိင္အမာရေအာင္ ဒီ့ထက္ ပိုလုပ္ႏုိင္ခဲ့ဖို႔ေကာင္းတယ္လုိ႔ Brexit ပါတီေခါင္းေဆာင္ Nigel Farage ကေျပာပါတယ္။

“EU ကႏုတ္ထြက္ေရး ေထာက္ခံၾကသူေတြပါတဲ့ Leave ဆိုတဲ့ ၫြန္႔ေပါင္းတခုဖြဲ႔ဖို႔ Johnson နဲ႔ က်န္တဲ့လူေတြကို က်ေနာ္ တိုက္တြန္းဖူးပါတယ္။ ကြန္ဆာေဗးတစ္ေတြရယ္၊ Brexit ပါတီရယ္၊ ေလဘာပါတီက ထင္ရွားသူတခ်ဳိ႕ရယ္ အားလံုးကိုစု ၿပီး Leave ၫြန္႔ေပါင္းတခုဖြဲ႔မယ္ဆိုရင္ ေရြးေကာက္ပြဲမွာ အသာရမယ္လုိ႔ က်ေနာ္ယူဆပါတယ္။ ဒါေပမယ့္ အေၾကာင္းမလွစြာဘဲ ၿဗိတိသွ်ႏုိင္ငံေရးဟာ သိပ္ကို အုပ္စုဖြဲ႔လြန္းပါတယ္။”

ဒီဇင္ဘာလ ၁၂ ရက္ေန႔ေရြးေကာက္ပြဲမွာ ၿဗိတိန္ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၆၅၀ အတြက္ မဲဆႏၵရွင္ေတြ မဲေပးၾကရမွာပါ။ အမတ္ေနရာ ၃၂၆ ေနရာ အႏုိင္ရတဲ့့ပါတီက လူမ်ားစုအသာနဲ႔ အစိုးရဖြဲ႔ႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္ပါတီကမွ အမ်ားစု အႏုိင္မရဘူးဆိုရင္ေတာ့ အမတ္အေရအတြက္ ပိုမ်ားတဲ့ပါတီက တျခားပါတီေတြနဲ႔ေပါင္းၿပီး ၫြန္႔ေပါင္းအစိုးရ ဖြဲ႔ႏုိင္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

လာမယ့်ရွေးကောက်ပွဲမှာ ဗြိတိန်လူထု ဘာကိုအလေးထားမလဲ

(Unicode)

ဗြိတိန်နိုင်ငံမှာ သီတင်းငါးပတ်ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ပါလီမန်ကို ဗုဒ္ဓဟူးနေ့က ဖျက်သိမ်း လိုက်ပါတယ်။ နှစ်ကုန်ပိုင်း အားလပ်ရက်ကာလမတိုင်ခင် ကျင်းပမယ့် ဗြိတိန် အထွေထွေရွေးကောက်ပွဲတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးထွားလာနေတာက အဓိကကိစ္စရပ်တခုဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ကွန်ဆာဗေးတစ်ပါတီက လက်ရှိဝန်ကြီးချုပ် Boris Johnson နဲ့ လေဘာပါတီခေါင်းဆောင် Jeremy Corbyn တို့ ယှဉ်ပြိုင်ကြရမှာပါ။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးဆိုင်ရာ သူ့ရဲ့အစီအစဉ်ကို လွှတ်တော်ထောက်ခံမှု ပိုရဖို့ရည်ရွယ်ပြီး အချိန်မတိုင်ခင် ရွေးကောက်ပွဲကျင်းပဖို့ ဝန်ကြီးချုပ် Johnson က စီစဉ်လိုက်တာပါ။ ဈေးဆိုင်ပိုင်ရှင် Bron Stringer လို မဲဆန္ဒရှင် တွေကတော့ Breixt ကြောင့်ဖြစ်လာတဲ့ မရေရာမှုတွေအပေါ် စိတ်ပျက်နေကြပါတယ်။

“အဲဒါဖြစ်ဖို့လိုပါတယ်။ ဒါပေမယ့် ကျမတို့ စောင့်နေရတာ စိတ်ပျက်လှပါပြီ။ မရေမရာနဲ့ စိတ်ပူစရာဖြစ်နေပါ တယ်။ မိသားစုနဲ့ကလေးတွေ စားဝတ်နေရေးအတွက် လုပ်ကြမှာလား … ဘယ်လိုလုပ်ပြီး စားသောက်နေထိုင်ကြမှာလဲ … ငွေသုံးရမှာလား မသုံးရဘူးလား … ဘယ်သူမှ မသိကြပါဘူး။”

EU ထဲကနေ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ဗြိတိန်နုတ်ထွက်မှာလဲဆိုတာထက် အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ တခြားကိစ္စရပ်တွေက ဗြိတိသျှ မဲဆန္ဒရှင်တချို့အတွက် ပိုအရေးကြီးပါတယ်။ Workington အရပ်က နောက်ထပ် ဆိုင်ပိုင်ရှင်တဦးဖြစ်သူ Charlotte Byus တို့လို တချို့လူတွေအတွက် အများကြီး ပိုအရေးပါတဲ့ တခြားကိစ္စတွေ ရှိနေတာပါ။

“NHS လို့ခေါ်တဲ့ တနိုင်ငံလုံး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို သူတို့ တကယ်ပဲ ယုံကြည်ပါတယ်။ အလုပ်အကိုင် ပိုများဖို့၊ ဆိုင်တွေ ဘဏ်တွေ လည်ပတ်နေနိုင်ဖို့လိုတယ်လို့ သူတို့ယုံကြည်ပါတယ်။ Brexit ထက် ပိုပြီး ဦးစားပေးရ မှာတွေ အများကြီးပါ။ ဒီကိစ္စက သာမန်လူတယောက်ကို မထိခိုက်ပါဘူး။ လုပ်ငန်းရှင်ကြီးတွေကိုပဲ ထိခိုက်မှာပါ။ ဒါကြောင့် သူတို့ Brexit ကို လိုချင်နေတာပါ။”

ဝန်ကြီးချုပ် Boris Johnson အနေနဲ့ သူဟာ အဲဒီလိုလူတွေအတွက် လုပ်ကိုင်နေတာပါဆိုတာကို သူတို့ယုံကြည်အောင် ဆွဲဆောင်စည်းရုံးရမယ်ဆိုတာ သိထားတာကြောင့် အခုလို အာမခံပြောဆိုနေရပါတယ်။

“ကျနော့်အနေနဲ့ ပါလီမန်မှာ လူများစုရပြီဆိုရင် လူကြီးမင်းတို့အတွက် လွှတ်တော်က လုပ်ကိုင်ဆောင်ရွက်လာ ဖို့ ကျနော်လုပ်မှာပါ။ ဒီဇင်ဘာလမှာ လွှတ်တော်သစ်စပြီဆိုတာနဲ့ ကျနော်တို့လုပ်ရမှာတွေ ပြီးမြောက်အောင်မြင်အောင် စလုပ်ပါ မယ်။ ဇန်နဝါရီလမှာ Brexit ကိစ္စကို ပြတ်အောင်လုပ်ပြီး ဒီနိုင်ငံရဲ့ အလားအလာကောင်းတွေကို အစွမ်းကုန် ဖော်ထုတ်တော့မှာ ဖြစ်ပါတယ်။”

ဝန်ကြီးချုပ် Johnson ရဲ့ အဓိကပြိုင်ဘက် လေဘာပါတီခေါင်းဆောင် Jeremy Corbyn ကတော့ ကွန်ဆာဗေးတစ်တွေဟာ လူ ချမ်းသာတွေအတွက်သာ လုပ်ကိုင်နေပြီး ဗြိတိသျှအလုပ်သမားတွေအနေနဲ့ သူတို့အတွက် လုပ်ကိုင်ပေးတဲ့ အစိုးရတရပ် လိုတယ်လို့ပြောနေပါတယ်။

“သိပ်ကောင်းတဲ့တခုခုကို ကျနော်တို့အတူတကွ လုပ်ဆောင်နိုင်ပါတယ်။ ကျနော်တို့ မဲဆွယ်စည်းရုံးရေးမှာ အားလုံးပါဝင်စေပြီး ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ လူထုရဲ့မျှော်လင့်ချက်တွေကို ကျနော်တို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါဆိုရင် ဘယ်သူမှ ကန့်သတ် ချန်ထားခံရတာမျိုး ရှိတော့မှာမဟုတ်ပါဘူးး။ တကယ့်အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပြီလို့ ကျနော်ယူဆပါတယ်။”

Johnson က Corbyn ထက် လူထုထောက်ခံမှု ကောင်းကောင်းအသာရနေတယ်ဆိုတာ စစ်တမ်းတွေမှာပြပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကွာဟာချက် လျော့လာပါတယ်။ Johnson အနေနဲ့ လူများစုထောက်ခံမှု အခိုင်အမာရအောင် ဒီ့ထက် ပိုလုပ်နိုင်ခဲ့ဖို့ကောင်းတယ်လို့ Brexit ပါတီခေါင်းဆောင် Nigel Farage ကပြောပါတယ်။

“EU ကနုတ်ထွက်ရေး ထောက်ခံကြသူတွေပါတဲ့ Leave ဆိုတဲ့ ညွန့်ပေါင်းတခုဖွဲ့ဖို့ Johnson နဲ့ ကျန်တဲ့လူတွေကို ကျနော် တိုက်တွန်းဖူးပါတယ်။ ကွန်ဆာဗေးတစ်တွေရယ်၊ Brexit ပါတီရယ်၊ လေဘာပါတီက ထင်ရှားသူတချို့ရယ် အားလုံးကိုစု ပြီး Leave ညွန့်ပေါင်းတခုဖွဲ့မယ်ဆိုရင် ရွေးကောက်ပွဲမှာ အသာရမယ်လို့ ကျနော်ယူဆပါတယ်။ ဒါပေမယ့် အကြောင်းမလှစွာဘဲ ဗြိတိသျှနိုင်ငံရေးဟာ သိပ်ကို အုပ်စုဖွဲ့လွန်းပါတယ်။”

ဒီဇင်ဘာလ ၁၂ ရက်နေ့ရွေးကောက်ပွဲမှာ ဗြိတိန်အောက်လွှတ်တော် အမတ်နေရာ ၆၅၀ အတွက် မဲဆန္ဒရှင်တွေ မဲပေးကြရမှာပါ။ အမတ်နေရာ ၃၂၆ နေရာ အနိုင်ရတဲ့ပါတီက လူများစုအသာနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ပါတီကမှ အများစု အနိုင်မရဘူးဆိုရင်တော့ အမတ်အရေအတွက် ပိုများတဲ့ပါတီက တခြားပါတီတွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG