သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ဗြိတိန် နုတ်ထွက်ရေး ကြန့်ကြာဖွယ်ရှိ


( Zawgyi/ Unicode )

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရမယ့် Brexit နောက်ဆုံးရက်ကို ရွှေ့ပေးဖို့ EU အဖွဲ့ဝင်နိုင်ငံတွေ ဗုဒ္ဓဟူးနေ့က သဘောတူလိုက်ပေမယ့် ဗြိတိန်နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဘယ်လောက်ကြာကြာ အချိန်ပေးရမယ်ဆိုတဲ့ အပေါ်မှာ တော့ သဘောတူညီချက် မရကြသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်က EU ခေါင်းဆောင်တွေနဲ့ ရထားတဲ့ Brexit ဆိုင်ရာ သဘောတူညီချက်ကို ဗြိတိသျှ လွှတ်တော်အမတ်တွေက အလျင်အမြန် ထောက်ခံကြဖို့ ဝန်ကြီးချုပ် Boris Johnson အနေနဲ့ ကြိုးစားစည်းရုံးနေရသလို သတ်မှတ်ချက်မတိုင်ခင် ရွေးကောက်ပွဲ စောကျင်းပဖို့လည်း တွန်းအားပေးနေပါတယ်။

Brexit နောက်ဆုံး သတ်မှတ်ရက်ကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ မရွှေ့ချင်ဘူးဆိုတာ ဝန်ကြီးချုပ် Johnson က ဥရောပ ကောင်စီဥက္ကဋ္ဌ Donald Tusk ကို ဗုဒ္ဓဟူးနေ့ကပြောတယ်လို့ ဥရောပသတင်းရင်းမြစ်တခုက ပြောပါတယ်။

ဒါပေမယ့်လည်း ဗြိတိန်ဘက်က ကနဦး ပန်ကြားထားတဲ့အတိုင်း နောက်ဆုံးရက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းပေး ရေး အတည်ပြုကြဖို့ EU သံအမတ်ကြီးတွေကို Donald Tusk က အဆိုပြု ထောက်ခံထားပါတယ်။

EU သံအမတ်ကြီးတွေ ဗုဒ္ဓဟူးနေ့က အစည်းအဝေးလုပ်ကြပြီး ရက်တိုးပေးဖို့ မူအားဖြင့် သဘောတူကြတယ်လို့ တာဝန်ရှိသူ အတော်များများနဲ့ သံတမန် သတင်းရင်းမြစ်တွေက AFP သတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံက ရက်တိုတိုပဲ ရွှေ့ဆိုင်းပေးချင်တာကို လူသိရှင်ကြား ထုတ်ပြောထားတာနဲ့အတူ ဘယ်လောက်ကြာကြာ ရက်တိုးပေးမယ်ဆိုတဲ့အပေါ် သဘော တူညီချက် မရခဲ့ကြတာပါ။ နောက်ဆုံးရက်ကို သီတင်းနှစ်ပတ်ပဲ ပြင်သစ်က တိုးပေးချင်တာလို့ တချို့သတင်းတွေကပြောပါတယ်။

(Unicode)







တိုက်ရိုက် လင့်ခ်

XS
SM
MD
LG