သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လန္ဒန္တံတားအနီး ဓားနဲ႔တုိက္ခုိက္မႈျဖစ္


လန္ဒန္တံတားအနီးေတြ႕ရတဲ့ ျမင္ကြင္း (ႏို၀င္ဘာ၊ ၂၉၊ ၂၀၁၉) (သတင္းဓာတ္ပံု-Twitter @ShippersUnbound)

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္က နာမည္ေက်ာ္ လန္ဒန္ တံတားအနီး လူေတာ္ေတာ္မ်ားမ်ား ဒါးနဲ႔ ထိုး တိုက္ခိုက္ခံခဲ့ရၿပီး အမ်ိဳးသားတဦးကို ဖမ္းဆီးလိုက္တဲ့အေၾကာင္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

အခင္းျဖစ္ရာေနရာ အနီး ေသနတ္အသံေတြ ၾကားခဲ့ရတဲ့အေၾကာင္း ကိုယ္တိုင္ေတြ႔ျမင္ခဲ့ၾကသလို Sky news သတင္းဌာနကေတာ့ တိုက္ခိုက္သူအျဖစ္ သံသယ ရွိသူကို ရဲေတြက ပစ္ခတ္ခဲ့တာျဖစ္တယ္ဆိုၿပီးေတာ့လည္း ေဖာ္ျပထားပါတယ္။

၀န္ၾကီးခ်ဳပ္ Boris Johnson ကေတာ့ အခင္းျဖစ္ခဲ့တာနဲ႔ ပတ္သက္လို႔ အဆက္မျပတ္သတင္းေတြ ရရွိေနတဲ့အေၾကာင္းနဲ႔ ခ်က္ခ်င္းတံု႔ျပန္ေဆာင္ရြက္ခဲ့ၾကတဲ့ ရဲတပ္ဖဲြ႔၀င္ေတြ အေရးေပၚ၀န္ထမ္းေတြကို ေက်းဇူးတင္ခဲ့ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

အခု အခင္းျဖစ္ခဲ့တဲ့ လန္ဒန္တံတားမွာ ၂၀၁၇ ခုႏွစ္ ဇြန္လတုန္းကလည္း IS အစၥလာမ္အစြန္းေရာက္ အဖဲြ႔ကို ေထာက္ခံသူေတြက ကားန႔ဲအတင္း၀င္တိုက္ၿပီး တိုက္ခိုက္ခဲ့မႈေၾကာင္း လူ ႏွစ္ဦး ေသဆံုးခဲ့သလို အနီးအနားေစ်းတခုမွာလည္း လူေတြကို ဒါးနဲ႔ထိုး တိုက္ခိုက္ခဲ့ဖူးပါတယ္။

လန္ဒန္တံတားအနီး ဓားနဲ႔တုိက္ခုိက္မႈျဖစ္
please wait

No media source currently available

0:00 0:00:44 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လန်ဒန်တံတားအနီး ဓားနဲ့တိုက်ခိုက်မှုဖြစ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က နာမည်ကျော် လန်ဒန် တံတားအနီး လူတော်တော်များများ ဒါးနဲ့ ထိုး တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာနေရာ အနီး သေနတ်အသံတွေ ကြားခဲ့ရတဲ့အကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့ကြသလို Sky news သတင်းဌာနကတော့ တိုက်ခိုက်သူအဖြစ် သံသယ ရှိသူကို ရဲတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Boris Johnson ကတော့ အခင်းဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အဆက်မပြတ်သတင်းတွေ ရရှိနေတဲ့အကြောင်းနဲ့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေးပေါ်ဝန်ထမ်းတွေကို ကျေးဇူးတင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အခု အခင်းဖြစ်ခဲ့တဲ့ လန်ဒန်တံတားမှာ ၂၀၁၇ ခုနှစ် ဇွန်လတုန်းကလည်း IS အစ္စလာမ်အစွန်းရောက် အဖွဲ့ကို ထောက်ခံသူတွေက ကားနဲ့အတင်းဝင်တိုက်ပြီး တိုက်ခိုက်ခဲ့မှုကြောင်း လူ နှစ်ဦး သေဆုံးခဲ့သလို အနီးအနားဈေးတခုမှာလည်း လူတွေကို ဒါးနဲ့ထိုး တိုက်ခိုက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG