သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ေရြးေကာက္ပဲြ အာဏာရ ကြန္ဆာေဗးတစ္ပါတီ အႏုိင္ရ


(Zawgyi/Unicode)

ၾကာသပေတးေန႔ကက်င္းပခဲ့တဲ့ ၿဗိတိန္ႏိုင္ငံအေထြေထြေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ Boris Johnson ရဲ႕ Conservative ပါတီက ပါလီမန္မွာ မဲအမ်ားစုနဲ႔ အႏိုင္ရသြားပါတယ္။ ေအာက္လႊတ္ေတာ္အမတ္ေနရာ ၆၅၀ မွာ Conservative ပါတီက ၃၆၀ ေက်ာ္နဲ႔ ၈၀ ရာခိုင္ႏႈန္းေလာက္ အႏိုင္ရသြားတာျဖစ္ပါတယ္။ အေထြေထြေ႐ြးေကာက္ပြဲမွာ သမို္င္းဝင္အႏိုင္ရခဲ့တဲ့အတြက္ မဲဆႏၵ႐ွင္ေတြရဲ႕ ယံုၾကည္မႈကို တံု႔ျပန္တဲ့အေနနဲ႔ EU ဥေရာပသမဂၢထဲကေန ၿဗိတိန္ႏႈတ္ထြက္ေရးကို မျဖစ္မေနလုပ္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Johnson ကအႏိုင္ရမိန္႔ခြန္းမွာ ေျပာၾကားသြားပါတယ္။

“ၿဗိတိန္ႏုတ္ထြက္ဖုိ႔ သတ္မွတ္ထားတဲ့ ၂၀၂၀ ဇန္န၀ါရီ လ ၃၁ ရက္ေန႔မွာ ဘယ္လိုအေျခအေနမ်ဳိးမွာ မဆို မျဖစ္မေန ႏုတ္ထြက္ႏိုင္ေအာင္ လုပ္သြားမယ္” လို႔ ဝန္ႀကီးခ်ဳပ္ Johnson ကေျပာၾကားသြားတာျဖစ္ပါတယ္။ အစိုးရသစ္ဖြဲ႔ခြင့္ေပးဖုိ႔ ဝန္ႀကီးခ်ဳပ္ Johnson ဟာ ဘုရင္မႀကီးကို ဒီေန႔မနက္ကပဲ သြားေရာက္ေတြ႔ဆံု ခြင့္ေတာင္းထားၿပီးျဖစ္ပါတယ္။

EU ထဲက ထြက္ေရး မထြက္ေရးဆႏၵခံယူပြဲလုပ္မယ္လို႔ ေျပာၾကားမဲဆြယ္ခဲ့တဲ့ အတိုက္အခံ Labour ပါတီက အခုေ႐ြးေကာက္ပြဲမွာ အေတာ္ေလး႐ံႈးနိမ့္ခဲ့တာပါ။ Labour ပါတီေခါင္းေဆာင္ Jeremy Corbyn ကသူ႔အေနနဲ႔ ေနာင္အနာဂတ္ ေ႐ြးေကာက္ပြဲေတြအတြက္ ပါတီကို သူဦးေဆာင္ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမဲ့၊ ခ်က္ခ်င္းေတာ့ ပါတီေခါင္းေဆာင္ရာထူးကေန ဆင္းေပးမွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲရလဒ္ေတြကို ျပန္လည္သံုးသပ္ၿပီး ပါတီကို ဘယ္လိုေ႐ွ႕ဆက္သြားမလဲဆိုတာ ေဆြးေႏြးေနစဥ္ကာလမွာေတာ့ သူဦးေဆာင္ေနဦးမွာျဖစ္တယ္လို႔ ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။ အခုေ႐ြးေကာက္ပြဲမွာ EU ထဲမွာဆက္ေနခ်င္တဲ့ Scotland နယ္က Scotland အမ်ဳိးသားေရးပါတီ SNP ကလည္း အျပတ္အသတ္အႏိုင္ရခဲ့ပါတယ္။ Scotland နယ္ကို သီးျခားလြတ္လပ္တဲ့ ႏိုင္ငံတခုအျဖစ္ခြဲထြက္ေရး ဆႏၵခံယူပြဲ ဒုတိယအႀကိမ္လုပ္ေပးဖုိ႔ Scotland ျပည္သူေတြက ျပတ္ျပတ္သားသားျပသခဲ့တာျဖစ္တယ္လို႔ SNP ပါတီေခါင္းေဆာင္ Nicola Sturgeon ကေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................

ဗြိတိန်ရွေးကောက်ပွဲ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ

(Zawgyi/Unicode)

ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံအထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Boris Johnson ရဲ့ Conservative ပါတီက ပါလီမာန်မှာ မဲအများစုနဲ့ အနိုင်ရသွားပါတယ်။ အောက်လွှတ်တော်အမတ်နေရာ ၆၅၀ မှာ Conservative ပါတီက ၃၆၀ ကျော်နဲ့ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရသွားတာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲမှာ သမိုင်းဝင်အနိုင်ရခဲ့တဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကို တုံ့ပြန်တဲ့အနေနဲ့ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နှုတ်ထွက်ရေးကို မဖြစ်မနေလုပ်သွားမယ်လို့ ဝန်ကြီးချုပ် Johnson ကအနိုင်ရမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

“ဗြိတိန်နုတ်ထွက်ဖို့ သတ်မှတ်ထားတဲ့ ၂၀၂၀ ဇန်နဝါရီ လ ၃၁ ရက်နေ့မှာ ဘယ်လိုအခြေအနေမျိုးမှာ မဆို မဖြစ်မနေ နုတ်ထွက်နိုင်အောင် လုပ်သွားမယ်” လို့ ဝန်ကြီးချုပ် Johnson ကပြောကြားသွားတာဖြစ်ပါတယ်။ အစိုးရသစ်ဖွဲ့ခွင့်ပေးဖို့ ဝန်ကြီးချုပ် Johnson ဟာ ဘုရင်မကြီးကို ဒီနေ့မနက်ကပဲ သွားရောက်တွေ့ဆုံ ခွင့်တောင်းထားပြီးဖြစ်ပါတယ်။

EU ထဲက ထွက်ရေး မထွက်ရေးဆန္ဒခံယူပွဲလုပ်မယ်လို့ ပြောကြားမဲဆွယ်ခဲ့တဲ့ အတိုက်အခံ Labour ပါတီက အခုရွေးကောက်ပွဲမှာ အတော်လေးရှုံးနိမ့်ခဲ့တာပါ။ Labour ပါတီခေါင်းဆောင် Jeremy Corbyn ကသူ့အနေနဲ့ နောင်အနာဂါတ် ရွေးကောက်ပွဲတွေအတွက် ပါတီကို သူဦးဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမဲ့၊ ချက်ချင်းတော့ ပါတီခေါင်းဆောင်ရာထူးကနေ ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး ပါတီကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆွေးနွေးနေစဉ်ကာလမှာတော့ သူဦးဆောင်နေဦးမှာဖြစ်တယ်လို့ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ EU ထဲမှာဆက်နေချင်တဲ့ Scotland နယ်က Scotland အမျိုးသားရေးပါတီ SNP ကလည်း အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ Scotland နယ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်ခွဲထွက်ရေး ဆန္ဒခံယူပွဲ ဒုတိယအကြိမ်လုပ်ပေးဖို့ Scotland ပြည်သူတွေက ပြတ်ပြတ်သားသားပြသခဲ့တာဖြစ်တယ်လို့ SNP ပါတီခေါင်းဆောင် Nicola Sturgeon ကပြောကြားခဲ့ပါတယ်။

XS
SM
MD
LG