သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ေရြးေကာက္ပြဲမွာ အာဏာရကြန္ဆာေဗးတစ္ပါတီ အသာစီးရေန


(Zawgyi/Unicode)

လန္ဒန္ျမိဳ႕ အေနာက္ေျမာက္ပိုင္း ေဒသ Camden မွာရွိတဲ့ မဲဆႏၵရွင္ေတြ မေန႔ ၾကာသပေတးေန႕က ျဗိတိန္ အေထြေထြေရြးေကာက္ပြဲအတြက္ ဆႏၵမဲေပးခဲ့ၾကပါတယ္္။ ျဗိတိန္ႏိုင္ငံဟာ ဥေရာပ သမဂၢက ခြဲထြက္ေရး ကိစၥေတြနဲ႕ ပတ္သက္ျပီး ႏိုင္ငံေရး အရႈပ္အေထြးေတြ ရင္ဆိုင္ေနရတာ ၃ နွစ္နီးပါးရွိေနပါျပီ။

သီတင္း ၅ ပတ္ၾကာ အျပန္အလွန္မဲဆြယ္စည္းရံုးမႈေတြအျပီး မေန႕ကေတာ့ မိုးရြာျပီး မႈန္မႈိင္းေနတဲ့ ရာသီဥတုအေျခအေနထဲမွာပဲ မဲေပးသူေတြဟာ မဲေပးရာေနရာေတြျဖစ္တဲ့ ေက်ာင္းေတြ၊ ဘုရားေက်ာင္းေတြ၊ ရပ္ကြက္ ခန္းမေတြနဲ႔ ျမိဳ႕ေတာ္ခန္းမ စတဲ့ ေနရာေတြမွာ လာေရာက္မဲေပးခဲ့ၾကတာပါ။

ကြန္ဆာေဗးတစ္ပါတီ ကို ဦးေဆာင္သူ ၀န္ၾကီးခ်ဳပ္ Boris Johnsonက ျဗိတိန္ကို ၂၀၂၀ ဇန္န၀ါရီလ ၃၁ ရက္ေန႔မွာ ဥေရာပသမဂၢက ခြဲထြက္ဖို႕ ေျပာဆိုထားပါတယ္။ အတိုက္အခံ ေလဘာပါတီ ေခါင္းေဆာင္ Jeremy Corbyn ကေတာ့ ျဗိတိန္ခြဲထြက္ေရး အတြက္ ေနာက္ထပ္ လူထုဆႏၵခံယူပြဲ က်င္းပေပးမယ္လို႕ ကတိျပဳထားတာပါ။

အေထြေထြ ေရြးေကာက္ပြဲမွာ အမတ္ေနရာ ၆၅၀ အတြက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မဲေပးျပီးျပန္ထြက္လာသူေတြအေပၚ သေဘာထားေကာက္ခံတဲ့ စစ္တမ္းေတြအရ ၀န္ၾကီးခ်ဳပ္ Boris Johnsonဦးေဆာင္တဲ့ ကြန္ဆာေဗးတစ္ပါတီ က အသာရႏိုင္ေခ်ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဗြိတိန်ရွေးကောက်ပွဲမှာ အာဏာရကွန်ဆာဗေးတစ်ပါတီ အသာစီးရနေ

(Unicode)

လန်ဒန်မြို့ အနောက်မြောက်ပိုင်း ဒေသ Camden မှာရှိတဲ့ မဲဆန္ဒရှင်တွေ မနေ့ ကြာသပတေးနေ့က ဗြိတိန် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံဟာ ဥရောပ သမဂ္ဂက ခွဲထွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အရှုပ်အထွေးတွေ ရင်ဆိုင်နေရတာ ၃ နှစ်နီးပါးရှိနေပါပြီ။

သီတင်း ၅ ပတ်ကြာ အပြန်အလှန်မဲဆွယ်စည်းရုံးမှုတွေအပြီး မနေ့ကတော့ မိုးရွာပြီး မှုန်မှိုင်းနေတဲ့ ရာသီဥတုအခြေအနေထဲမှာပဲ မဲပေးသူတွေဟာ မဲပေးရာနေရာတွေဖြစ်တဲ့ ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ရပ်ကွက် ခန်းမတွေနဲ့ မြို့တော်ခန်းမ စတဲ့ နေရာတွေမှာ လာရောက်မဲပေးခဲ့ကြတာပါ။

ကွန်ဆာဗေးတစ်ပါတီ ကို ဦးဆောင်သူ ဝန်ကြီးချုပ် Boris Johnsonက ဗြိတိန်ကို ၂၀၂၀ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂက ခွဲထွက်ဖို့ ပြောဆိုထားပါတယ်။ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn ကတော့ ဗြိတိန်ခွဲထွက်ရေး အတွက် နောက်ထပ် လူထုဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ကတိပြုထားတာပါ။

အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၅၀ အတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မဲပေးပြီးပြန်ထွက်လာသူတွေအပေါ် သဘောထားကောက်ခံတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Boris Johnsonဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီ က အသာရနိုင်ချေရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG