သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုန္တင္ကားထဲ လူ ၃၉ ေယာက္ ေသဆုံးမႈအတြက္ မသကၤာသူ ၂ ေယာက္ ၿဗိတိန္ ဖမ္းဆီး


(Zawgyi/Unicode)

ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕အနီးက ရပ္ထားတဲ့ ထရပ္ကား တစင္းေပၚမွာ ေသဆုံးသြားခဲ့တဲ့ လူ ၃၉ ေယာက္နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ လူ ၂ ေယာက္ကို ၿဗိတိန္ရဲတပ္ဖဲြ႔က ဒီကေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။

အဲဒီလူ ၂ ေယာက္ဟာ အဂၤလန္ အေနာက္ေျမာက္ပိုင္း Warrington ၿမိဳ႕က အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသားတဦး နဲ႔ အမ်ိဳးသမီးတဦးျဖစ္ၿပီး သူတုိ႔ကို လူသတ္မႈ အပါအ၀င္ လူကုန္ကူးမႈမွာ ပူးေပါင္းၾကံစည္မႈေတြ သံသယရွိတဲ့အတြက္ ဖမ္းဆီးလိုက္တာ ျဖစ္တယ္လို႔ ၿဗိတိန္ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ဒီအမႈ နဲ႔ ဆက္စပ္ၿပီး အေစာပိုင္းက ဖမ္းဆီးထားတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ထရပ္ကားေမာင္းတဲ့သူကိုလည္း လူသတ္မႈနဲ႔ သံသယရွိလို႔ဆုိၿပီး ဆက္ၿပီးေတာ့ ဖမ္းဆီးထားပါတယ္။ ရဲတပ္ဖဲြ႔က ေသဆုံးသြားတဲ့သူေတြကို စတင္ စစ္ေဆးေဖာ္ထုတ္ေနတဲ့အခ်ိန္မွာပဲ အခုလုိမ်ိဳး ဖမ္းဆီးတာေတြ လုပ္ခဲ့တာျဖစ္ပါတယ္။

ေအာက္တုိဘာလ ၂၃ ရက္ေန႔က ၿဗိတိန္ႏိုင္ငံ Essex နယ္ Grays ၿမိဳ႕က Waterglade စက္မႈဇုန္တခုမွာ ရပ္ထားတဲ့ ကုန္တင္ကားထဲကေန အမ်ိဳသား ၃၁ ဦး အမ်ိဳးသမီး ၈ ဦး ပါ၀င္တဲ့ လူေသအေလာင္း ၃၉ ေတြ႔႐ွိခဲ့တာျဖစ္ၿပီး အဲဒီလူေတြဟာ တ႐ုတ္လူမ်ိဳးေတြျဖစ္တယ္လို႔ ၿဗိတိန္အာဏာပိုင္ေတြက ေျပာပါတယ္။

အဲဒီလူေတြဟာ တ႐ုတ္ႏုိင္ငံသားေတြ ဟုတ္မဟုတ္ဆုိတာကို အခုခ်ိန္ထိ အတည္မျပဳႏုိင္ ေသးေၾကာင္း နဲ႔ တ႐ုတ္ႏုိင္ငံအေနနဲ႔ ၿဗိတိန္တာ၀န္ရွိသူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ တ႐ုတ္နုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Hua Chunying က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

ၿဗိတိန္အေနနဲ႔ ေသဆုံးသြားတဲ့သူေတြ ဘယ္သူဘယ္၀ါျဖစ္တယ္ဆုိတာကို အျမန္ဆုံး ေဖာ္ထုတ္ၿပီး ဒီအမႈမွာ ပါ၀င္ပတ္သက္ေနတဲ့သူေတြကို ျပင္းျပင္းထန္ထန္ အေရးယူေပးဖို႔ တ႐ုတ္နုိင္ငံဘက္က ေတာင္းဆုိထားပါတယ္။

[Unicode Version]

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနီးက ရပ်ထားတဲ့ ထရပ်ကားတစင်းပေါ်မှာ သေဆုံးသွားခဲ့တဲ့ လူ ၃၉ ယောက်နဲ့ ပတ်သက်ပြီး နောက်ထပ် လူ ၂ ယောက်ကို ဗြိတိန်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလူ ၂ ယောက်ဟာ အင်္ဂလန် အနောက်မြောက်ပိုင်း Warrington မြို့က အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦး နဲ့ အမျိုးသမီးတဦးဖြစ်ပြီး သူတို့ကို လူသတ်မှု အပါအဝင် လူကုန်ကူးမှုမှာ ပူးပေါင်းကြံစည်မှုတွေ သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအမှု နဲ့ ဆက်စပ်ပြီး အစောပိုင်းက ဖမ်းဆီးထားတဲ့ အသက် ၂၅ နှစ်အရွယ် ထရပ်ကားမောင်းတဲ့သူကိုလည်း လူသတ်မှုနဲ့ သံသယရှိလို့ဆိုပြီး ဆက်ပြီးတော့ ဖမ်းဆီးထားပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသွားတဲ့သူတွေကို စတင် စစ်ဆေးဖော်ထုတ်နေတဲ့အချိန်မှာပဲ အခုလိုမျိုး ဖမ်းဆီးတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က ဗြိတိန်နိုင်ငံ Essex နယ် Grays မြို့က Waterglade စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ ကုန်တင်ကားထဲကနေ အမျိုသား ၃၁ ဦး အမျိုးသမီး ၈ ဦး ပါဝင်တဲ့ လူသေအလောင်း ၃၉ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီလူတွေဟာ တရုတ်လူမျိုးတွေဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေဟာ တရုတ်နိုင်ငံသားတွေ ဟုတ်မဟုတ်ဆိုတာကို အခုချိန်ထိ အတည်မပြုနိုင် သေးကြောင်း နဲ့ တရုတ်နိုင်ငံအနေနဲ့ ဗြိတိန်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဗြိတိန်အနေနဲ့ သေဆုံးသွားတဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အမြန်ဆုံး ဖော်ထုတ်ပြီး ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG