Zawgyi/Unicode
တရုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါေနာက္ထပ္ အကူးစက္ခံရသူ ၁၀၆ ေယာက္ ေတြ႔လာခဲ့တဲ့ ေနာက္မွာ ရပ္ကြက္ေပါင္း အနဲဆံုး ၂၁ ခုကို တရုတ္အာဏာပိုင္ေတြက Quarantine လုပ္ၿပီး သီးျခားခြဲထားလိုက္ သလို ၿမိဳ႕ေတာ္အတြက္ လည္း အသြားအလာေတြ ကန္႔သတ္လိုက္ပါတယ္။
ၾကာသပေတးေန႔မွာ လူနာသစ္ ရွိလာတာက ပထမဆံုး ေတြ႔ခဲ့ရၿပီး ဒါဟာ ေဘဂ်င္း အေနာက္ေတာင္ပိုင္းက Xinfadi ပင္လယ္စာ ေရာင္းခ်တဲ့ စူပါမားကက္နဲ႔ ဆက္ႏြယ္ေနတာပါ။ တနလၤာေန႔မွာေတာ့ ေနာက္ထပ္ ကူးစက္ခံရသူ ၂၇ ေယာက္ရွိခဲ့တဲ့ အတြက္ အကူးစက္ခံရသူ တိုးလာတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒသခံ ၉ ေသာင္းကို ေနအိမ္ေတြကေန အျပင္မထြက္ရ အမိန္႔ ထုတ္ျပန္လုိက္ၿပီး ေရာဂါပိုးရွိမရွိ စမ္းသပ္မႈေတြ လုပ္ေနတာပါ။
Quarantine လုပ္ထားတဲ့ ရပ္ကြက္ေတြက လူေတြ ဘယ္မွ မသြားဖို႔ တားျမစ္ထားသလို အငွါးကားေတြ ပါ မလာဖုိ႔ ပိတ္ပင္ထားတာပါ။ ေဘဂ်င္းမွာ အခုလို လူတရာေက်ာ္ ေရာဂါကူးစက္မႈရွိတာ ေတြ႔ခဲ့ရသလို Sichuan ခရိုင္မွာေတာ့ ေနာက္ထပ္ အကူးစက္ခံရသူ တဦးရွိေနပါတယ္။
တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕က စတင္ခဲ့တဲ့ ကိုရိုနာဗုိင္းရပ္စပ္ ကပ္ေရာဂါေၾကာင့္ ကမာၻတလႊားမွာ အကူးစက္ခံရသူဟာ အဂၤါေန႔ အထိဆို ၈ သန္းေက်ာ္ ( ၈ ၀၉ ၂ ၁၀၉ ) ရွိေနၿပီ ျဖစ္ၿပီး ေသဆံုးရသူက ၄ သိန္း ၄ ေသာင္းနီးပါး (၄၃၈ ၈၄၃) ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins စစ္တမ္းမွာ ေဖၚျပထားပါတယ္။
နယူးဇီလန္ႏိုင္ငံက Covid 19 ေရာဂါပိုး ကင္းေၾကာင္း ေၾကညာခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ အခု အကူးစက္ ခံရသူ တဦးထပ္ေတြ႔ခဲ့ရေၾကာင္းနဲ႔ သူဟာ လန္ဒန္ကေန ျပန္လာသူ ျဖစ္ေၾကာင္း ေျပာပါတယ္။
WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးကေတာ့ ကိုရိုနာဗိုုုင္းရပ္စ္ အႏၱရာယ္ ဟာ ဘယ္ေနရာမွာမွ မလြတ္ကင္းဘူးလို႔ ေျပာပါတယ္။
[Unicode]
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါနောက်ထပ် အကူးစက်ခံရသူ ၁၀၆ ယောက် တွေ့လာခဲ့တဲ့ နောက်မှာ ရပ်ကွက်ပေါင်း အနဲဆုံး ၂၁ ခုကို တရုတ်အာဏာပိုင်တွေက Quarantine လုပ်ပြီး သီးခြားခွဲထားလိုက် သလို မြို့တော်အတွက် လည်း အသွားအလာတွေ ကန့်သတ်လိုက်ပါတယ်။
ကြာသပတေးနေ့မှာ လူနာသစ် ရှိလာတာက ပထမဆုံး တွေ့ခဲ့ရပြီး ဒါဟာ ဘေဂျင်း အနောက်တောင်ပိုင်းက Xinfadi ပင်လယ်စာ ရောင်းချတဲ့ စူပါမားကက်နဲ့ဆက်နွယ်နေတာပါ။ တနင်္လာနေ့မှာတော့ နောက်ထပ် ကူးစက်ခံရသူ ၂၇ ယောက်ရှိခဲ့တဲ့ အတွက် အကူးစက်ခံရသူ တိုးလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံ ၉ သောင်းကို နေအိမ်တွေကနေ အပြင်မထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီး ရောဂါပိုးရှိမရှိ စမ်းသပ်မှုတွေ လုပ်နေတာပါ။
Quarantine လုပ်ထားတဲ့ ရပ်ကွက်တွေက လူတွေ ဘယ်မှ မသွားဖို့ တားမြစ်ထားသလို အငှါးကားတွေ ပါ မလာဖို့ ပိတ်ပင်ထားတာပါ။ ဘေဂျင်းမှာ အခုလို လူတရာကျော် ရောဂါကူးစက်မှုရှိတာ တွေ့ခဲ့ရသလို Sichuan ခရိုင်မှာတော့ နောက်ထပ် အကူးစက်ခံရသူ တဦးရှိနေပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စပ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ အကူးစက်ခံရသူဟာ အင်္ဂါနေ့ အထိဆို ၈ သန်းကျော် ( ၈ ၀၉ ၂ ၁၀၉ ) ရှိနေပြီ ဖြစ်ပြီး သေဆုံးရသူက ၄ သိန်း ၄ သောင်းနီးပါး (၄၃၈ ၈၄၃) ရှိနေပြီလို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။
နယူးဇီလန်နိုင်ငံက Covid 19 ရောဂါပိုး ကင်းကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခု အကူးစက် ခံရသူ တဦးထပ်တွေ့ခဲ့ရကြောင်းနဲ့ သူဟာ လန်ဒန်ကနေ ပြန်လာသူ ဖြစ်ကြောင်း ပြောပါတယ်။
WHOကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ဟာ ဘယ်နေရာမှာမှ မလွတ်ကင်းဘူးလို့ ပြောပါတယ်။