သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘဂ်င္းမွာ Coronavirus တေက်ာ့ျပန္ကူးစက္လာမႈ WHO စံုစမ္းစစ္ေဆးေန


ေဘဂ်င္းၿမိဳ႕မွာ ကိုရုိနာဗိုင္းရပ္စ္ကာကြယ္ရန္ မ်က္ႏွာဖံုးတပ္ဆင္ထားေသာျပည္သူမ်ား

Zawgyi/Unicode

တရုတ္ႏုိင္ငံၿမိဳ႕ေတာ္ ေဘဂ်င္းမွာ COVID-19 ကူးစက္သူအေရအတြက္ တဖန္ျပန္တုိးလာတာကုိ ၾကည့္ျခင္းအားျဖင့္ ဒီဗုိင္းရပ္စ္ကုိ ေအာင္ျမင္စြာ ထိန္းခ်ဳပ္လုိက္ႏုိင္တဲ့ေနရာေတြမွာေတာင္ တေက်ာ့ျပန္ ကူးစက္ျပန္႔ႏွံ႔ျခင္းမရွိေအာင္ အင္မတန္ သတိထားေဆာင္ရြက္ဖုိ႔ လုိအပ္တယ္ဆုိတာကုိ ျပသလုိက္ျခင္းျဖစ္ေၾကာင္း WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ေျပာပါတယ္။

ေရာဂါပုိးကုိ ေအာင္ျမင္စြာ ထိန္းခ်ဳပ္လုိက္ႏုိင္တဲ့ႏုိင္ငံေတြမွာေတာင္ တေက်ာ့ျပန္ ေရာဂါပုိး ကူးစက္မႈေတြ ျဖစ္ေပၚေနေၾကာင္း တရုတ္ႏုိင္ငံမွာ ျဖစ္ေပၚလက္ရွိအေျခအေနေတြကုိ နမူနာေပးၿပီး WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အခုလုိ ေျပာပါတယ္။

“ေဘဂ်င္းၿမိဳ႕ေတာ္မွာ ရက္ေပါင္း ၅၀ ၾကာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ျခင္းမရွိေအာင္ ထိန္းခ်ဳပ္ထားခဲ့ႏုိင္ေပမယ့္ ၿပီးခဲ့တဲ့ သီတင္းပတ္ကစလုိ႔ လူ ၁၀၀ ေရာဂါပုိးကူးစက္ေနတာကုိ ေတြ႔ရေၾကာင္း၊ ေရာဂါပုိး ဘယ္ေနရာကေန ဘယ္လုိစတင္ ကူးစက္တယ္ဆုိတာကုိေတာ့ စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း” WHO အႀကီးအကဲ Ghebreyesus က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့တာပါ။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကစလုိ႔ တရုတ္ႏုိင္ငံတ၀ွမ္း ေရာဂါပုိးကူးစက္သူ ၁၇၇ ဦး ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ လြန္ခဲ့တဲ့ ၆ လေလာက္အတြင္း တရုတ္ႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ၈၃,၀၀၀ ရွိခဲ့ရာ အာဏာပုိင္ေတြက ေရာဂါပုိး ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ အျပင္းအထန္ ေဆာင္ရြက္ခဲ့တာေၾကာင့္ ေရာဂါပုိး ကူးစက္သူ လုံး၀မရွိေတာ့တဲ့အေနအထားေရာက္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာပါ။

တရုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕မွာ စတင္ျဖစ္ေပၚစဥ္က ေရာဂါပုိးကူးစက္ျပန္႔ႏွံ႔တဲ့အထဲ မပါခဲ့တဲ့ ၿမိဳ႕ေတာ္ ေဘဂ်င္းပါ အခု တေက်ာ့ျပန္ျဖစ္တဲ့အထဲ ပါ၀င္လာတဲ့အေပၚ ကမၻာ့က်န္းမာေရးပညာရွင္ေတြအၾကား စုိးရိမ္မႈေတြ ထြက္ေပၚလာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ Covid-19 ကူးစက်သူအရေအတွက် တဖန်ပြန်တိုးလာတာကို ကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်တဲ့နေရာတွေမှာတောင် တကျော့ပြန် ကူးစက်ပြန့်နှံ့ခြင်းမရှိအောင် အင်မတန် သတိထားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ရောဂါပိုးကို အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်တဲ့နိုင်ငံတွေမှာတောင် တကျော့ပြန် ရောဂါပိုး ကူးစက်မှုတွေ ဖြစ်ပေါ်နေကြောင်း တရုတ်နိုင်ငံမှာ ဖြစ်ပေါ်လက်ရှိအခြေအနေတွေကို နမူနာပေးပြီး WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောပါတယ်။

“ဘေဂျင်းမြို့တော်မှာ ရက်ပေါင်း ၅၀ ကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိအောင် ထိန်းချုပ်ထားခဲ့နိုင်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လူ ၁၀၀ ရောဂါပိုးကူးစက်နေတာကို တွေ့ရကြောင်း၊ ရောဂါပိုး ဘယ်နေရာကနေ ဘယ်လိုစတင် ကူးစက်တယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း” WHO အကြီးအကဲ Ghebreyesus က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ တရုတ်နိုင်ငံတဝှမ်း ရောဂါပိုးကူးစက်သူ ၁၇၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်အတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၃,၀၀၀ ရှိခဲ့ရာ အာဏာပိုင်တွေက ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ဆောင်ရွက်ခဲ့တာကြောင့် ရောဂါပိုး ကူးစက်သူ လုံးဝမရှိတော့တဲ့အနေအထားရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပေါ်စဉ်က ရောဂါပိုးကူးစက်ပြန့်နှံ့တဲ့အထဲ မပါခဲ့တဲ့ မြို့တော် ဘေဂျင်းပါ အခု တကျော့ပြန်ဖြစ်တဲ့အထဲ ပါဝင်လာတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG