သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္မႈ တရက္အတြင္း စံခ်ိန္တင္ျမင့္တက္


အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕မွာ COVID 19 ရွိမရွိ စစ္ေဆးဖို႔ swab နမူနာ ယူေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္ဟာ ဒီေန႔ တရက္တည္းမွာ ၁၃၅၈၆ ေယာက္ ရွိတာေၾကာင့္ အမ်ားဆုံးစံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၃၈၀,၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ၿပီး၊ ေသဆုံးသူလည္း ေနာက္ထပ္ ၃၃၆ ေယာက္ ထပ္တုိးတာေၾကာင့္ စုစုေပါင္း ေသဆုံးသူအေရအတြက္ဟာ ၁၂,၅၇၃ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္တယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳပါတယ္။

ဗုိင္းရပ္စ္ကူးစက္ခံရသူေတြထဲက ၆၀ ရာခိုင္ႏႈန္း က Maharashtra, Tamil Nadu နဲ႔ New Delhi ျပည္နယ္ေတြကျဖစ္ၾကပါတယ္။ ကူးစက္မႈ အႏၱရာယ္အမ်ားဆုံးေနရာေတြက လဲြၿပီး နုိင္ငံတ၀န္း က်န္တဲ့ေနရာေတြမွာ အျပင္မထြက္ရ အမိန္႔ထုတ္ထားတာကို ျပန္႐ုပ္သိမ္းလုိက္ၿပီး ေစ်းဆုိင္ေတြ၊ ဘုရားေက်ာင္းေတြ၊ ကုန္ထုတ္လုပ္တဲ့ေနရာေတြကို ျပန္ဖြင့္လိုက္ပါတယ္။ ဒါေပမဲ့ ေက်ာင္းေတြ၊ တကၠသိုလ္ေတြနဲ႔ ႐ုပ္ရွင္႐ံုေတြကိုေတာ့ ပိတ္ထားပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၄၉ ေယာက္ရွိၿပီး အဲဒီထဲက ၂၆ ေယာက္က ဆုိးလ္ၿမိဳ႕ေတာ္နဲ႔ အနားက Incheon ၿမိဳ႕ေတြက ျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ ေတာင္ကိုရီးယားႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူဟာ ၁၂,၃၀၆ ေယာက္နဲ႔ ေသဆုံးသူ ၂၈၀ ရွိပါတယ္။ ေတာင္ကိုရီးယားမွာ ၿပီးခဲ့တဲ့ ေမလေႏွာင္းပိုင္းကစၿပီး ေန႔စဥ္ ေရာဂါပိုးေတြ႔ရွိသူဟာ ၃၀ ကေန ၅၀ ၾကားမွာရွိတယ္လို႔ဆုိပါတယ္။

စင္ကာပူမွာေတာ့ အိမ္ထဲကေန အျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြအေတာ္မ်ားမ်ားကို ျပန္႐ုပ္သိမ္းလိုက္တာေၾကာင့္ လူေတြအေနနဲ႔ စားေသာက္ဆုိင္ေတြမွာသြားစားတာေတြ၊ အားကစားခန္းမေတြမွာ ေလ့က်င့္ခန္းလုပ္တာေတြ လုပ္ႏုိင္ၿပီျဖစ္သလို ၅ ေယာက္ထက္မေက်ာ္ဘဲ စုေ၀းေတြ႔ဆုံလို႔ရၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ COVID-19 ကူးစက်မှု တရက်အတွင်း စံချိန်တင်မြင့်တက်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ဒီနေ့ တရက်တည်းမှာ ၁၃၅၈၆ ယောက် ရှိတာကြောင့် အများဆုံးစံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၃၈၀,၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး၊ သေဆုံးသူလည်း နောက်ထပ် ၃၃၆ ယောက် ထပ်တိုးတာကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၂,၅၇၃ ယောက်ထက်မနည်း ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲက ၆၀ ရာခိုင်နှုန်း က Maharashtra, Tamil Nadu နဲ့ New Delhi ပြည်နယ်တွေကဖြစ်ကြပါတယ်။ ကူးစက်မှု အန္တရာယ်အများဆုံးနေရာတွေက လွဲပြီး နိုင်ငံတဝန်း ကျန်တဲ့နေရာတွေမှာ အပြင်မထွက်ရ အမိန့်ထုတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပြီး ဈေးဆိုင်တွေ၊ ဘုရားကျောင်းတွေ၊ ကုန်ထုတ်လုပ်တဲ့နေရာတွေကို ပြန်ဖွင့်လိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ရုပ်ရှင်ရုံတွေကိုတော့ ပိတ်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၉ ယောက်ရှိပြီး အဲဒီထဲက ၂၆ ယောက်က ဆိုးလ်မြို့တော်နဲ့ အနားက Incheon မြို့တွေက ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ဒါကြောင့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံရသူဟာ ၁၂,၃၀၆ ယောက်နဲ့ သေဆုံးသူ ၂၈၀ ရှိပါတယ်။ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကစပြီး နေ့စဉ် ရောဂါပိုးတွေ့ရှိသူဟာ ၃၀ ကနေ ၅၀ ကြားမှာရှိတယ်လို့ဆိုပါတယ်။

စင်ကာပူမှာတော့ အိမ်ထဲကနေ အပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ကန့်သတ်ချက်တွေအတော်များများကို ပြန်ရုပ်သိမ်းလိုက်တာကြောင့် လူတွေအနေနဲ့ စားသောက်ဆိုင်တွေမှာသွားစားတာတွေ၊ အားကစားခန်းမတွေမှာ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်နိုင်ပြီဖြစ်သလို ၅ ယောက်ထက်မကျော်ဘဲ စုဝေးတွေ့ဆုံလို့ရပြီဖြစ်ပါတယ်။

XS
SM
MD
LG