(Zawgyi/Unicode)
ကမာၻတလႊားကူးစက္ျပန္႔ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကုသေဆးနဲ႔ ကာကြယ္ေဆးေတြ ထုတ္ႏို္င္ေအာင္ သုေတသန လုပ္ေဆာာင္မႈေတြဟာ လွ်င္လွ်င္ျမန္ျမန္ တိုးတက္လာေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေျပာပါတယ္။
ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူက ၾကာသပေတးေန႔မွာ ၈ သန္းေက်ာ္ (၈,၄၁၀ ,၆၈၂) ရွိေနၿပီး ေသဆံုးရသူက သန္းတဝက္နီးပါး (၄၅၀,၇၁၆) ရွိေနၿပီ ျဖစ္တဲ့ အတြက္ ဒီေရာဂါအတြက္ ေဆးကို အားလံုးက အျမန္ရခ်င္ ေနၾကတာ ျဖစ္ပါတယ္။
အခု ဒီေဆးရဖို႔ သုေတသနလုပ္ေဆာင္မႈေတြ အျမန္ႀကီးတိုးတက္လာေနတယ္ ဆိုေပမယ့္ စိတ္ခ်လက္ခ် သံုးႏိုင္ဖို႔ေတာ့ အခက္အခဲေတြ အမ်ားႀကီးကို ေက်ာ္ျဖတ္ရအံုးမယ္လို႔ WHO ကေျပာပါတယ္။
တုိးတက္မႈ အလားအလာေကာင္းတဲ့ ကာကြယ္ေဆးအနဲဆံုး အမ်ိဳးေပါင္း ၂၀၀ ေလာက္ရွိၿပီး အဲဒီ ထဲက ဆယ္ခုေလာက္ ကို အခု လူသားေတြနဲ႔ စမ္းသပ္ေနေၾကာင္းနဲ႔ ၃ မ်ိဳးကေတာ့ လာမယ့္ သီတင္းပတ္ အနည္းငယ္ အတြင္းမွာပဲ ေဆးခန္းေတြမွာ စမ္းသပ္တဲ့ အဆင့္ ၃ ကို ေရာက္ေတာ့မယ္လို႔WHO သုေတသန ပညာရွင္ေတြရဲ့ အႀကီးအကဲ Soumya Swaminathan က VOA ကိုေျပာပါတယ္။
“ကာကြယ္ေဆးအတြက္ စမ္းသပ္မႈေတြဟာ အခုဆို အဆင့္ အသစ္ထဲဝင္ေနပါၿပီ။ အဆင့္ ၃ စမ္းသပ္မႈ ဆိုတာက ဒီကာကြယ္ေဆးဟာ ထိေရာက္မႈနဲ႔ စိတ္ခ်ရမႈ ရွိမရွိ သက္ေသျပႏိုင္မယ့္ အဆင့္ပါ။” လို႔ေျပာသြားတာပါ။ ဒါ့အျပင္ ကာကြယ္ေဆးထုတ္တဲ့ အလုပ္ဟာ ရႈပ္ေထြးၿပီး မေရရာမႈေတြက အမ်ားအျပား ရွိတတ္ေပမယ့္ အဆင္ေျပမယ္လုိ႔ သူ ေမ ွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။
တကယ္လို႔ ကံေကာင္းရင္ ဒီႏွစ္မကုန္ခင္မွာပဲ ေဆး တခု ဒါမွမဟုတ္ ၂ ခု ေလာက္ ရလာႏိုင္တယ္လို႔လည္း ခန္႔မွန္းပါတယ္။
COVID-19 လူနာတခ်ိဳ႕ဟာ အီဘိုလာေရာဂါ ကုသရာမွာ သံုးတဲ့ Remdesivir ေဆးနဲ႔ အခ်ိန္တိုတို အတြင္း ျပန္ၿပီးနလံထူလာတာကို ေတြ႔ရသူလို အေျခေန သိပ္ဆိုးေနတဲ့ ကိုဗစ္လူနာေတြ ကိုလည္း ေယာင္ယမ္းနာအတြက္ ေပးတဲ့ dexamethasone ေဆးက အသက္ကယ္ႏိုင္တာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ငွက္ဖ်ားေရာဂါ အတြက္ သံုးတဲ့ hydroxychloroquine ကေတာ့ လံုးဝအက်ိဳးမရွိသလို တခါတရံ ေသဆံုးမႈေတြပါ ရွိေနတာပါ။
..............
ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်ရေး တိုးတက်မှုရှိကြောင်း WHO ပြော
(Unicode)
ကမ္ဘာတလွှားကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ ထုတ်နိုင်အောင် သုတေသန လုပ်ဆောာင်မှုတွေဟာ လျှင်လျှင်မြန်မြန် တိုးတက်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ကြာသပတေးနေ့မှာ ၈ သန်းကျော် (၈ ၄၁၀ ၆၈၂) ရှိနေပြီး သေဆုံးရသူက သန်းတဝက်နီးပါး (၄၅၀,၇၁၆) ရှိနေပြီ ဖြစ်တဲ့ အတွက် ဒီရောဂါအတွက် ဆေးကို အားလုံးက အမြန်ရချင် နေကြတာ ဖြစ်ပါတယ်။
အခု ဒီဆေးရဖို့ သုတေသနလုပ်ဆောင်မှုတွေ အမြန်ကြီးတိုးတက်လာနေတယ် ဆိုပေမယ့် စိတ်ချလက်ချ သုံးနိုင်ဖို့တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ရအုံးမယ်လို့ WHO ကပြောပါတယ်။
တိုးတက်မှု အလားအလာကောင်းတဲ့ ကာကွယ်ဆေးအနဲဆုံး အမျိုးပေါင်း ၂၀၀ လောက်ရှိပြီး အဲဒီ ထဲက ဆယ်ခုလောက် ကို အခု လူသားတွေနဲ့ စမ်းသပ်နေကြောင်းနဲ့ ၃ မျိုးကတော့ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ဆေးခန်းတွေမှာ စမ်းသပ်တဲ့ အဆင့် ၃ ကို ရောက်တော့မယ်လို့WHO သုတေသန ပညာရှင်တွေရဲ့ အကြီးအကဲ Soumya Swaminathan က VOA ကိုပြောပါတယ်။
“ကာကွယ်ဆေးအတွက် စမ်းသပ်မှုတွေဟာ အခုဆို အဆင့် အသစ်ထဲဝင်နေပါပြီ။ အဆင့် ၃ စမ်းသပ်မှု ဆိုတာက ဒီကာကွယ်ဆေးဟာ ထိရောက်မှုနဲ့ စိတ်ချရမှု ရှိမရှိ သက်သေပြနိုင်မယ့် အဆင့်ပါ။” လို့ပြောသွားတာပါ။ ဒါ့အပြင် ကာကွယ်ဆေးထုတ်တဲ့ အလုပ်ဟာ ရှုပ်ထွေးပြီး မရေရာမှုတွေက အများအပြား ရှိတတ်ပေမယ့် အဆင်ပြေမယ်လို့ သူ မေ ျှာ်လင့်ကြောင်းလည်း ပြောပါတယ်။
တကယ်လို့ ကံကောင်းရင် ဒီနှစ်မကုန်ခင်မှာပဲ ဆေး တခု ဒါမှမဟုတ် ၂ ခု လောက် ရလာနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
COVID-19 လူနာတချို့ဟာ အီဘိုလာရောဂါ ကုသရာမှာ သုံးတဲ့ Remdesivir ဆေးနဲ့ အချိန်တိုတို အတွင်း ပြန်ပြီးနလံထူလာတာကို တွေ့ရသူလို အခြေနေ သိပ်ဆိုးနေတဲ့ ကိုဗစ်လူနာတွေ ကိုလည်း ယောင်ယမ်းနာအတွက် ပေးတဲ့ dexamethasone ဆေးက အသက်ကယ်နိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ငှက်ဖျားရောဂါ အတွက် သုံးတဲ့ hydroxychloroquine ကတော့ လုံးဝအကျိုးမရှိသလို တခါတရံ သေဆုံးမှုတွေပါ ရှိနေတာပါ။