သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေဆး သန္း ၂,၀၀၀ ေရွ႕ႏွစ္ကုန္ရႏုိင္ဖို႔ WHO ေမ ွ်ာ္လင့္


ဂ်ာမနီႏိုင္ငံ Tuebingen ရွိ ဓာတ္ခဲြခန္းတခုမွာ COVID-19 ေရာဂါ ကာကြယ္ေဆးအတြက္ စမ္းသပ္ေနတဲ့ ျမင္ကြင္း။ (မတ္ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အေနနဲ႔ ေရွ႕ႏွစ္အကုန္မွာ COVID-19 ကာကြယ္ေဆး သန္း ၂,၀၀၀ ေလာက္ ရရွိႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္က ေျပာလိုက္ပါတယ္။ အဲဒီေဆးေတြကို ဦးစားေပးၿပီး ကာကြယ္ေဆးထုိးရမယ့္လူေတြအတြက္ အသံုးျပဳသြားရမယ္လို႔ေျပာပါတယ္။

အခုခ်ိန္မွာ COVID-19 ေရာဂါအတြက္ ခုိင္မာတဲ့ ကာကြယ္ေဆးတခုခု ထြက္မလာေသးတာေၾကာင့္ ေဆးရလာခဲ့ရင္ ဆိုတာက တကယ့္အေျခအေနႀကီးပါလို႔ WHO ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ Dr. Soumya Swaminathan က ဂ်ီနီဗာၿမိဳ႕မွာ အြန္လိုင္းကေနလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ေျပာသြားပါတယ္။

အခုေလာေလာဆယ္မွာ ကာကြယ္ေဆးအျဖစ္နဲ႔ ထုတ္လုပ္ႏုိင္ဖို႔ စမ္းသပ္ေနတဲ့ ေဆးအေတာ္မ်ားမ်ား ရွိတဲ့အတြက္ သူ႔အေနနဲ႔ အားရမိၿပီး အဲဒီထဲက အနည္းဆုံး ၁ ခု ဒါမွမဟုတ္ ၂ ခုကို ေရွ႕ႏွစ္အကုန္မွာ ကာကြယ္ေဆးအျဖစ္နဲ႔ အသုံးျပဳႏုိင္ဖို႔ ေမွွ်ာ္လင့္တယ္လို႔ သူက ေျပာပါတယ္။

WHO ကေတာ့ ဆီးခ်ိဳ ဒါမွမဟုတ္ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါလိုမ်ိဳး ေရာဂါအခံရွိတဲ့သူေတြ၊ အသက္အရြယ္ႀကီးရင့္သူေတြ အပါအ၀င္ ေရာဂါကူးစက္ဖို႔ အႏၲရာယ္ရွိတဲ့သူေတြနဲ႔ အဓိကက်တဲ့ အလုပ္သမားေတြ ကို ကာကြယ္ေဆး အရင္ထုိးေပးဖို႔ အၾကံျပဳထားတယ္လို႔ သူကေျပာပါတယ္။ ဒါေပမဲ့ ဘယ္သူေတြကို ဦးစားေပးၿပီး ထုိးသင့္တယ္ဆုိတာကိုေတာ့ ႏုိင္ငံေတြအေနနဲ႔ သေဘာတူညီမႈရဖို႔လိုတယ္လို႔လည္း ေျပာပါတယ္။

ၿဗိတိန္၊ ျပင္သစ္၊ နယ္သာလန္၊ ဂ်ာမနီနဲ႔ အေမရိကန္အပါ၀င္ ဖြံ႕ၿဖိဳတုိးတက္တဲ့ နုိင္ငံေတြကေတာ့ သူတုိ႔ႏုိင္ငံ သားေတြအတြက္ ကာကြယ္ေဆးေတြရရွိနုိင္ဖို႔ ေဆးကုမၸဏီေတြနဲ႔ သေဘာတူညီမႈေတြ ရထားၿပီးျဖစ္ပါတယ္။

COVID-19 ကာကြယ္ေဆး ဒါမွမဟုတ္ ကုသတဲ့ေဆး ထြက္ေပၚလာတဲ့အခါမွာ လူတုိင္းရႏုိ္င္ဖို႔အတြက္ ရန္ပုံေငြေကာက္ခံမယ့္ အလွဴရွင္အစည္းအေ၀းကို လာမယ့္ ဇြန္လ ၂၈ ရက္ေန႔မွာ က်င္းပသြားမယ္လို႔ ဥေရာပေကာ္မရွင္ဥကၠ႒ Ursual von der Leyen က မေန႔ ဗုဒၶဟူးေန႔က ေၾကျငာပါတယ္။

ကမာၻလုံးဆုိင္ရာ ကပ္ေရာဂါကို တုိက္ဖ်က္တဲ့ေနရာမွာ ကိုယ့္ကိုယ္ကို ဦးစားေပးတဲ့သူေတြအတြက္ ေနရာမရွိဘူးလို႔ သူကေျပာပါတယ္။

ေဆးထုတ္လုပ္တဲ့ကုမၸဏီေတြအေနနဲ႔ COVID-19 ေရာဂါကို ထိထိေရာက္ေရာက္ ကာကြယ္ကုသႏုိင္မယ့္ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး သူတုိ႔ရဲ႕ ကုန္ပစၥည္း အမွတ္တံဆိပ္မူပိုင္ခြင့္ေတြကို ရပ္ဆုိင္းထားဖို႔နဲ႔ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြအတြက္ ကာကြယ္ေဆးေတြ ၀ယ္ႏုိင္ဖို႔ ေဒၚလာဘီလီယံေပါင္းမ်ားစြာ လွဴဒါန္းဖို႔လိုအပ္တယ္လို႔ WHO နဲ႔ မိတ္ဖက္အဖဲြ႔ေတြက ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကာကွယ်ဆေး သန်း ၂,၀၀၀ ရှေ့နှစ်ကုန်ရနိုင်ဖို့ WHO မေ ျှာ်လင့်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အနေနဲ့ ရှေ့နှစ်အကုန်မှာ COVID-19 ကာကွယ်ဆေး သန်း ၂,၀၀၀ လောက် ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။ အဲဒီဆေးတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးရမယ့်လူတွေအတွက် အသုံးပြုသွားရမယ်လို့ပြောပါတယ်။

အခုချိန်မှာ COVID-19 ရောဂါအတွက် ခိုင်မာတဲ့ ကာကွယ်ဆေးတခုခု ထွက်မလာသေးတာကြောင့် ဆေးရလာခဲ့ရင် ဆိုတာက တကယ့်အခြေအနေကြီးပါလို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင် Dr. Soumya Swaminathan က ဂျီနီဗာမြို့မှာ အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

အခုလောလောဆယ်မှာ ကာကွယ်ဆေးအဖြစ်နဲ့ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေတဲ့ ဆေးအတော်များများ ရှိတဲ့အတွက် သူ့အနေနဲ့ အားရမိပြီး အဲဒီထဲက အနည်းဆုံး ၁ ခု ဒါမှမဟုတ် ၂ ခုကို ရှေ့နှစ်အကုန်မှာ ကာကွယ်ဆေးအဖြစ်နဲ့ အသုံးပြုနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

WHO ကတော့ ဆီးချို ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလိုမျိုး ရောဂါအခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ အပါအဝင် ရောဂါကူးစက်ဖို့ အန္တရာယ်ရှိတဲ့သူတွေနဲ့ အဓိကကျတဲ့ အလုပ်သမားတွေ ကို ကာကွယ်ဆေး အရင်ထိုးပေးဖို့ အကြံပြုထားတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဘယ်သူတွေကို ဦးစားပေးပြီး ထိုးသင့်တယ်ဆိုတာကိုတော့ နိုင်ငံတွေအနေနဲ့ သဘောတူညီမှုရဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီနဲ့ အမေရိကန်အပါဝင် ဖွံ့ဖြိုတိုးတက်တဲ့ နိုင်ငံတွေကတော့ သူတို့နိုင်ငံ သားတွေအတွက် ကာကွယ်ဆေးတွေရရှိနိုင်ဖို့ ဆေးကုမ္ပဏီတွေနဲ့ သဘောတူညီမှုတွေ ရထားပြီးဖြစ်ပါတယ်။

COVID-19 ကာကွယ်ဆေး ဒါမှမဟုတ် ကုသတဲ့ဆေး ထွက်ပေါ်လာတဲ့အခါမှာ လူတိုင်းရနိုင်ဖို့အတွက် ရန်ပုံငွေကောက်ခံမယ့် အလှူရှင်အစည်းအဝေးကို လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursual von der Leyen က မနေ့ ဗုဒ္ဓဟူးနေ့က ကြေငြာပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့သူတွေအတွက် နေရာမရှိဘူးလို့ သူကပြောပါတယ်။

ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ COVID-19 ရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသနိုင်မယ့် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်မူပိုင်ခွင့်တွေကို ရပ်ဆိုင်းထားဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ ဝယ်နိုင်ဖို့ ဒေါ်လာဘီလီယံပေါင်းများစွာ လှူဒါန်းဖို့လိုအပ်တယ်လို့ WHO နဲ့ မိတ်ဖက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG