သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္လူနာေတြ ကုသေရးအတြက္ ေစ်းသက္သာၿပီး အလြယ္တကူရႏုိင္တဲ့ေဆးေတြ႔


Dexamethasone ေဆး

(Zawgyi/Unicode)

ေစ်းသက္သာၿပီး လြယ္လြယ္ကူကူ ရနိုင္တဲ့ steroid ေဆးတမ်ိဳးက COVID-19 ေၾကာင့္ ေရာဂါေဝဒနာ ျပင္းျပင္းထန္တန္ ခံစားေနရသူေတြကို ကုသေပးနိုင္တယ္လို႔ ၿဗိတိန္ သုေတသနပညာရွင္ေတြက အဂၤါေန႔က ေျပာပါတယ္။

အဆစ္ေရာင္ေရာဂါနဲ႔ တျခားေရာဂါေတြကို ကုသရာမွာ အသုံးျပဳတဲ့ dexamethasone ေဆးက ေရာင္ရမ္းေနတာေတြကို သက္သာေစတဲ့ စတီးရြိဳက္ေဆးတမ်ိဳး ျဖစ္ပါတယ္။ COVID-19 အေရးေပၚလူနာေတြ၊ အသက္ရႈစက္တပ္ထားရသူေတြနဲ႔ ေအာက္စီဂ်င္ေပးထားရသူေတြကို ဒီေဆးနဲ႔ ကုသရာမွာ တိုးတက္ေအာင္ျမင္မႈေတြကို ေတြ႕ရတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

လူနာ ၆၄၀၀ ေက်ာ္ကို သုေတသနျပဳေလ့လာခ်က္အရ ဒီေဆးက အေရးေပၚ အေျခအေနမွာရွိတဲ့ လူနာေတြမွာ အက်ိဳးသက္ေရာက္မႈရွိတာကို ေတြ႕ရၿပီး ေရာဂါမျပင္းထန္တဲ့ လူနာေတြအေပၚမွာေတာ့ အက်ိဳးသက္ေရာက္မႈနည္းတယ္လို႔ Oxford တကၠသိုလ္ သုေတသနပညာရွင္ေတြက ေျပာပါတယ္။

Dexamethasone ေသာက္ေဆး ဒါမွမဟုတ္ အေၾကာေဆးထိုးသြင္းၿပီး COVID-19 လူနာေတြကို ကုသခဲ့ရာမွာ အသက္ရႈစက္ တပ္ထားရသူေတြထဲ ေသဆုံးမႈ ၃၅ ရာခိုင္ႏႈန္းနဲ႔ ေအာက္စီဂ်င္ပ ဲ လိုအပ္သူ လူနာေတြထဲ ေသဆုံးမႈ ၂၀ ရာခိုင္ႏႈန္း အသီးသီး ေလ်ာ့က် ေစခဲ့တယ္လို႔ ဆိုပါတယ္။

ၿဗိတိန္ က်န္းမာေရးဌာနအေနနဲ႔ COVID-19 အေရးေပၚလူနာေတြအတြက္ ဒီေဆးကို အျမန္ဆုံး အသုံးျပဳသြားမွာျဖစ္ၿပီး ေနာက္ထပ္ လူ၂ သိန္း ေလာက္ထိ ကုသေပးနိုင္မယ့္ေဆးေတြကို စုေဆာင္းထားၿပီးၿပီလို႔ ၿဗိတိန္ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

ဒီ စမ္းသပ္မႈကို တြဲဘက္ ဉီးေဆာင္သူ Oxford တကၠသိုလ္ ပါေမာကၡ Martin Landray က dexamethasone ေဆးက ေဈးသက္သာသလို ေရာဂါျပင္းထန္သူေတြကို အသက္ကယ္ေပးနိုင္တယ္လို႔ ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ စၿပီးကူးစက္ ျပန္႔ႏွံ့တဲ့ မတ္လေလာက္ကတည္းကသာ ဒီေဆးကို ၿဗိတိန္ နိုင္ငံမွာအသုံးျပဳခဲ့ရင္ လူ ၅၀၀၀ ေက်ာ္ေလာက္ရဲ့ အသက္ကိုကယ္နိုင္ခဲ့မွာ ျဖစ္တယ္လို႔လည္း သုေတသန ပညာရွင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကိုဗစ်လူနာတွေ ကုသရေးအတွက် ဈေးသက်သာပြီး အလွယ်တကူရနိုင်တဲ့ဆေးတွေ့

(Unicode)

ဈေးသက်သာပြီး လွယ်လွယ်ကူကူ ရနိုင်တဲ့ steroid ဆေးတမျိုးက COVID-19 ကြောင့် ရောဂါဝေဒနာ ပြင်းပြင်းထန်တန် ခံစားနေရသူတွေကို ကုသပေးနိုင်တယ်လို့ ဗြိတိန် သုတေသနပညာရှင်တွေက အင်္ဂါနေ့က ပြောပါတယ်။

အဆစ်ရောင်ရောဂါနဲ့ တခြားရောဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ dexamethasone ဆေးက ရောင်ရမ်းနေတာတွေကို သက်သာစေတဲ့ စတီးရွိုက်ဆေးတမျိုး ဖြစ်ပါတယ်။ COVID-19 အရေးပေါ်လူနာတွေ၊ အသက်ရှုစက်တပ်ထားရသူတွေနဲ့ အောက်စီဂျင်ပေးထားရသူတွေကို ဒီဆေးနဲ့ ကုသရာမှာ တိုးတက်အောင်မြင်မှုတွေကို တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လူနာ ၆၄၀၀ ကျော်ကို သုတေသနပြုလေ့လာချက်အရ ဒီဆေးက အရေးပေါ် အခြေအနေမှာရှိတဲ့ လူနာတွေမှာ အကျိုးသက်ရောက်မှုရှိတာကို တွေ့ရပြီး ရောဂါမပြင်းထန်တဲ့ လူနာတွေအပေါ်မှာတော့ အကျိုးသက်ရောက်မှုနည်းတယ်လို့ Oxford တက္ကသိုလ် သုတေသနပညာရှင်တွေက ပြောပါတယ်။

Dexamethasone သောက်ဆေး ဒါမှမဟုတ် အကြောဆေးထိုးသွင်းပြီး COVID-19 လူနာတွေကို ကုသခဲ့ရာမှာ အသက်ရှုစက် တပ်ထားရသူတွေထဲ သေဆုံးမှု ၃၅ ရာခိုင်နှုန်းနဲ့ အောက်စီဂျင်ပ ဲ လိုအပ်သူ လူနာတွေထဲ သေဆုံးမှု ၂၀ ရာခိုင်နှုန်း အသီးသီး လျော့ကျ စေခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန် ကျန်းမာရေးဌာနအနေနဲ့ COVID-19 အရေးပေါ်လူနာတွေအတွက် ဒီဆေးကို အမြန်ဆုံး အသုံးပြုသွားမှာဖြစ်ပြီး နောက်ထပ် လူ၂ သိန်း လောက်ထိ ကုသပေးနိုင်မယ့်ဆေးတွေကို စုဆောင်းထားပြီးပြီလို့ ဗြိတိန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒီ စမ်းသပ်မှုကို တွဲဘက် ဉီးဆောင်သူ Oxford တက္ကသိုလ် ပါမောက္ခ Martin Landray က dexamethasone ဆေးက ဈေးသက်သာသလို ရောဂါပြင်းထန်သူတွေကို အသက်ကယ်ပေးနိုင်တယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စပြီးကူးစက် ပြန့်နှံ့တဲ့ မတ်လလောက်ကတည်းကသာ ဒီဆေးကို ဗြိတိန် နိုင်ငံမှာအသုံးပြုခဲ့ရင် လူ ၅၀၀၀ ကျော်လောက်ရဲ့ အသက်ကိုကယ်နိုင်ခဲ့မှာ ဖြစ်တယ်လို့လည်း သုတေသန ပညာရှင်တွေက ပြောပါတယ်။

XS
SM
MD
LG