သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid 19 နဲ႔ အေရးေပၚဌာန


COVID-19 ေရာဂါ အႀကီးအက်ယ္ကူးစက္ေနတဲ့ လန္ဒန္ၿမိဳ႕မွာရွိေနတဲ့ St Thomas' ေဆးရံုမွာ အေရးေပၚလူနာ တင္ယာဥ္က လူနာ တဦးကို သယ္ယူေနတဲ့ ကာကြယ္ေရး၀တ္စံု ၀တ္ဆင္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ား

Covid 19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံက ေဆးရံုေတြမွာ ဘာေတြလုပ္ေဆာင္ေနၾကတယ္ ဆိုတာကို ၿဗိတိန္အေရွ႕ေတာင္ပိုင္း Essex ေဆးရံု အေရးေပၚဌာနက Emergency Medicine လို႔ေခၚတဲ့ အေရးေပၚဆိုင္ရာ ေဆးပညာရွင္ ေဒါက္တာအလိမၼာဝင္းသိန္းကို ေမးျမန္းၿပီးတင္ျပေပးမွာပါ။

Covid 19 နဲ႔ အေရးေပၚဌာန
please wait

No media source currently available

0:00 0:07:19 0:00
တိုက္႐ိုက္ လင့္ခ္


ZAWGYI/UNICODE

(ZAWGYI)

Covid 19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံက ေဆးရံုေတြမွာ ဘာေတြလုပ္ေဆာင္ေနၾကတယ္ ဆိုတာကို ၿဗိတိန္အေရွ႕ေတာင္ပိုင္း Essex ေဆးရံု အေရးေပၚဌာနက Emergency Medicine လို႔ေခၚတဲ့ အေရးေပၚဆိုင္ရာ ေဆးပညာရွင္ ေဒါက္တာအလိမၼာဝင္းသိန္းကို ေမးျမန္းၿပီးတင္ျပေပးမွာပါ။

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“ဒီ ေဆးရံုမွာေတာ့ Covid ေရာဂါစျဖစ္တဲ့ မတ္လ အလယ္ေလာက္ ကတည္းက ၂ ပိုင္း ခြဲလိုက္ပါတယ္။ hot area နဲ႔ cold area လို႔ ေခၚပါတယ္။ hot area ကိုလာတဲ့ လူေတြကေတာ့ ambulanceအေရးေပၚလူနာတင္ယာဥ္နဲ႔ ေခၚလာၾကတာ မ်ားပါတယ္။ သူတို႔က အဖ်ားရွိတယ္။ ၿပီး ေခ်ာင္းေတြ တအားဆိုးမယ္၊ အသက္ရႈၾကပ္မယ္၊ လည္ပင္းနာတာ၊ ႏွာရည္ တအားက်ေနတာ၊ အသက္ရႈမေကာင္းတဲ့ လကၡဏာ (symptoms) ရွိတဲ့ လူေတြကို ေခၚလာတာေပါ့ေနာ္။ သူတို႔ကိုဆို hot area မွာ ထားပါတယ္။ hot area နဲ႔ cold area ကို သပ္သပ္ကို wall ကို နံရံကာၿပီး ခြဲလိုက္ရတာေပါ့။ ဘာလို႔လည္းဆုိေတာ့ cold area မွာ ရွိတဲ့ လူေတြက ေခ်ာ္လဲတာ ေလာက္လည္း ျဖစ္ႏုိင္တယ္။ ႏွလံုးေရာဂါ - heart attack ရတာလည္း ျဖစ္ႏုိင္တယ္။ ေစာေစာက လကၡဏာေတြ မရွိတဲ့ လူေတြကို cold ဧရိယာမွာ ထားတာပါ။ hot ေနရာေလာက္ Covid ေရာဂါ သံသယ မရွိလို႔ ထားတာာပါ။”

ေမး။ ။“ဒီ hot ေနရာကို လူနာေတြကို ပို႔ၿပီ ဆိုရင္ ဒီလူနာေတြကို ပထမဆံုး ဘယ္လိုစၿပီး ကုေပးပါသလဲ။”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“လူနာေရာက္လာၿပီ ဆိုတာနဲ႔ - အရမ္း ေရာဂါ အေျခေနဆိုးေနတယ္၊ ဥပမာ- ေအာက္ဆီဂ်င္အရမ္း နဲေနတယ္၊ အသက္ရႈ တအား ၾကပ္ေနတယ္ဆိုရင္ က်မတို႔က ႀကိဳသိပါတယ္။ ambulance သမားက red phone လို႔ေခၚပါတယ္။ အေရးေပၚဖံုး emergency phone ေပါ့ေနာ္။ လွမ္းေခၚတာေပါ့။ ေခၚၿပီးေတာ့ သူတို႔က ဘာေတြ ျဖစ္ေနတယ္ ဆိုတာေျပာပါတယ္။ ေသြးဖိအားတို႔ ႏွလံုးခုန္ႏႈန္းတို႔ ေအာက္ဆီဂ်င္ အေျခေန တို႔ကို ေျပာျပလို႔ ရွိရင္ က်မတို႔က ကဲ အဲဒီလူနာက ေတာ္ေတာ္ ဆိုးေနတယ္။ အသဲအသန္ ေနရာမွာ ၾကည့္မယ္ေပါ့ေနာ္။ အဲဒါဆိုရင္ resuscitation area လို႔ ေခၚပါတယ္။ အသဲအသန္ မဟုတ္တဲ့လူေတြကိုေတာ့ ပံုမွန္ hot ဧရိယာမွာ ပဲ ၾကည့္တာေပါ့။

က်မတို႔ကေတာ့ လူနာစၿပီး ေရာက္ကတည္းက ေသြးေဖါက္တယ္၊ chest x-ray ရင္ပတ္ကို ဓါတ္မွန္ရိုက္တယ္၊ ပံုမွန္ရိုက္ပါတယ္။ လူနာက blood test ေသြးစစ္တာေတြ၊ ရင္ပတ္ အိပ္စေရးရိုက္တာေတြက ေကာင္းတယ္၊ ေအာက္ဆီဂ်င္ level က ေကာင္းတယ္ ဆိုလို႔ရွိရင္ antibiotic ေပးၿပီး ျပန္လႊတ္ပါတယ္။ မေကာင္းဘူး ဆိုလို႔ရွိရင္ေတာ့ ေဆးရံုမွာတင္ပါတယ္။ ေဆးရံု တင္ရင္ေတာ့ medical team ေဆးကုသေရး အဖြဲ႔ကိုပဲ လႊဲလိုက္တာေပါ့။ တန္းၿပီးေတာ့။ သူတုိ႔medical ward က ကိုဗစ္ ward လို႔ ေခၚပါတယ္။ အဲဒီလို မသြားခင္မွာ swab ယူပါတယ္။ ႏွာေခါင္းနဲ႔ ပါးစပ္ထဲကို swab ယူပါတယ္။”

ေမး။. ။“လူနာတေယာက္ ေရာက္လာၿပီဆိုရင္ ဒီလူနာဟာ ကိုဗစ္ေရာဂါ ျဖစ္ေနလား မျဖစ္ဖူးလား ဘယ္လိုလုပ္ သိပါသလဲ”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“အတိအက် ဘယ္လိုမွ မသိႏိုင္ေသးပါဘူး။ swab အေျဖမထြက္မခ်င္း။ အခုေတာ့ က်မတို႔ သိႏိုင္တာ တခုကေတာ့ လူနာ ေရာက္ေရာက္ခ်င္း chest x-ray ဓါတ္မွန္ ရိုက္လိုက္လို႔ ရွိရင္ chest x-ray မွာ ျပတဲ့ လကၡဏာေတြက Covid sign လို႔ ေခၚပါတယ္။ ၾကည့္လိုက္တာနဲ႔ က်မတို႔ သိပါတယ္။ က်မတို႔ ေဆးရံုမွာ radiologist ဓါတ္ေရာင္ျခည္ဆိုိင္ရာ ကၽြမ္းက်င္သူက ၂၄ နာရီ ဂ်ဴတီနဲ႔ ဆင္းရပါတယ္။ radiologist က chest x-ray ကို ဖတ္ၿပီး အေျခေနကို ေျပာျပပါတယ္။ အဲဒီေတာ့ ဒီ chest x-ray ၾကည့္လိုက္လို႔ရွိရင္ က်မတို႔ လူနာနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ကို မွန္းလို႔ ရေနပါၿပီ။ ေနာက္ၿပီးေတာ့ ေသြးအေျဖ blood result ေပၚမွာလည္း မူတည္ပါတယ္။”

ေမး။. ။“ ေသြးအေျဖေပၚမွာ ဘယ္လို မူတည္တာပါလဲ။”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“အဲဒီ ေသြးအေျဖမွာabnormalities မူမမွန္တာေတြကို ျပပါတယ္။ အဲဒီ ကိုဗစ္ရွိတဲ့လူနာက။. Lymphopenia လို႔ ေခၚပါတယ္။ blood count က နဲလို႔ရွိရင္ အဲဒါက ကိုဗစ္ျဖစ္ဖို႔ chance အခြင့္လန္း အရမ္းမ်ားပါတယ္။ ဒါေပမဲ့ အခု အခ်ိန္မွာေတာ့ ဘယ္သူပဲ ျဖစ္ျဖစ္ ေခ်ာင္းဆိုးေနတယ္၊ အပူခ်ိန္ရွိေနတယ္၊ အသက္ရႈၾကပ္ေနတယ္ ဆိုလုိ႔ရွွိရင္ေတာ့ ၉ ၀% ေက်ာ္ကေတာ့ ကိုဗစ္ပါပဲ။ chest x-ray က က်မတို႔ဆီမွာ ၅ မိနစ္အတြင္း အေျဖရပါတယ္။ chest x-ray ၾကည့္လိုက္လို႔ရွိရင္ ေရာဂါအေျဖရွာလို႔ ရပါၿပီ။”

ေမး။. ။“ဒီကိုဗစ္လူနာ ေသခ်ာၿပီ ဆိုရင္ ဘာဆက္လုပ္ပါသလဲ။”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“လူနာက ေအာက္ဆီဂ်င္ လိုေနၾကတာမ်ားပါတယ္။ အဲဒီေတာ့ ေအာက္ဆီဂ်င္လိုရင္ ေအာက္ဆီဂ်င္ ေပးတယ္ေပါ့ေနာ္။ ျပန္ႏိုင္တဲ့ လူနာကိုေတာ့ antibiotic ေပးၿပီးေတာ့ မျပန္ႏုိင္တဲ့လူနာကိုေတာ့၊ ဒီလူနာဟာ အထူးၾကပ္မတ္ေဆာင္ intensive care ကိုသြားရမယ့္ လူနာလား၊ ရိုးရိုး medical ward ထဲမွာပဲ ေနႏိုင္သလား၊ ဆိုတာ အဲဒီအခ်ိန္မွာ ဆံုးျဖတ္ရပါတယ္။ ခုနကေျပာျပတဲ့ resuscitation ခန္းထဲမွာရွိေနတဲ့ လူနာကေတာ့ အရမ္းကိုဆိုးဝါး ေနတယ္ဆိုရင္ အသက္ရႈစက္ တပ္မလား ဆိုတာကို ဆံုးျဖတ္ရ ပါတယ္။ အဲဒီအခါ က်လို႔ရွိရင္ က်မတို႔က Intensive Care Specialists (ICU) ေတြကို ေခၚပါတယ္။ သူတို႔က လာၾကည့္တယ္။ သူတို႔ ဆံုးျဖတ္ပါတယ္။ သူတို႔ decide လုပ္ ဆံုးျဖတ္ခ်က္ခ်တဲ့ ေနရာမွာ သူတု႔ိၾကည့္ရတဲ့ factors အေၾကာင္းခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီေပၚမွာ မူတည္ၿပီးေတာ့ လည္ေခ်ာင္းထဲကို ပိုက္ tube ထည့္မလား။ အသက္ရႈစက္နဲ႔ ဆက္မလား ဆိုတာကို ICU က အထူးကု specialists ေတြက ဆံုးျဖတ္ၿပီးေတာ့ သူတို႔ လုပ္ပါတယ္။ တခါထဲေပါ့ေနာ္။”

ေမး။. ။“ကိုယ့္ကိုယ္ကိုသံသယျဖစ္ေနတယ္၊ ကိုဗစ္ ၁၉ေရာဂါ အကူးခံေနရတယ္လို႔ သံသယရွိရင္ ဘာေတြ လုပ္ရမလဲ။”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“က်မတို႔ဆီမွာ 111 ဆိုတဲ့ စံနစ္ရွိပါတယ္။ အဲဒါက health advise line က်န္းမာေရးဆိုင္ရာ အႀကံေပးတဲ့ ဖံုးလိုင္းေပါ့ေနာ္၊ အဲဒီလိုင္းမွာ ေျဖတဲ့လူေတြက က်န္းမာေရးကုသမႈ ဆိုင္ရာ ကၽြမ္းက်င္သူေတြ healthcare professional ေတြေပါ့။ မ်ားေသာအားျဖင့္ သူနာျပဳေတြ၊ nurse ေတြ၊ paramedic ေတြ သူတုိ႔ကို သင္တန္းေပးေလ့က်င့္ train လုပ္ထားတာေပါ့။ အဲဒီနံပတ္ကို ေခၚလိုက္ရင္ သူတို႔က symptoms ေတြ၊ ျဖစ္ေနတဲ့ ေရာဂါလကၡဏာေတြကို ေမးပါတယ္။ အကုန္လံုးေပါ့။ အရင္က ဘာေရာဂါျဖစ္ဖူးတယ္ medical history က အစ၊ ဘာေဆးေတြေသာက္ဖူးတယ္၊ drug history ကအစ သူတုိ႔ေမးရမယ့္ checklist အခ်က္ေတြ အမ်ားႀကီးပါ။ အဲဒါေတြကို ေမးပါတယ္။ ေမးၿပီးေတာ့ သူတို႔ဆံုးျဖတ္ႏိုင္တဲ့ ကိစၥဆိုရင္ သူတို႔ဖာသာ ဆံုးျဖတ္တယ္။ မဆံုးျဖတ္ႏုိင္ရင္လည္း ခဏေနရင္ ေဆးတာဝန္ခံက ျပန္ေခၚပါလိမ့္မယ္ ဆိုၿပီးေတာ့ ေျပာပါတယ္။ အဲဒါက GP (General Physician) အေထြေထြေရာဂါကု ဆရာဝန္ ျဖစ္တာမ်ားတယ္။ သူကျပန္ေခၚတယ္။ အဲဒီမွာ GP ဆရာဝန္က ဆံုးျဖတ္လိုက္တာေပါ့။ ေနေကာင္းရင္ေတာ့ အိမ္မွာပဲ ေနအံုးေပါ့ေနာ္၊ ပါရာစီတေမာ ေသာက္ပါ၊ ေရမ်ားမ်ား ေသာက္ပါ၊ ဘာေတြလုပ္ရမယ္ဆိုတာ၊ ဘယ္ sign ေတြ၊ symptom ေတြ၊ လကၡဏာေတြ ၾကည့္ ေနရမယ္၊ ဘယ္အခ်ိန္မွာ ေနမေကာင္းရင္ 999 ေခၚရမယ္ ဆိုတာ သူတို႔က ညႊန္ၾကားေပးတာေပါ့။ အဲဒီလို ဆရာဝန္နဲ႔ စကား ေျပာေနတဲ့ အခ်ိန္မွာ မေကာင္းဘူးလို႔ ထင္ရင္ေတာ့ ဆရာဝန္က ခ်က္ခ်င္း လူနာတင္ယာဥ္ ambulance လႊတ္လိုက္ပါတယ္။”

ေမး။။“အခုေျပာတဲ့ 111 နဲ႔ 999 ဘာကြာပါလဲ”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“ 111 က non-emergency call ေပါ့ေနာ္။ ဥပမာ လူတေယာက္က အခုလိုအခ်ိန္မွာ အပူခ်ိန္ရွိေနတယ္ေပါ့ေနာ္။ လည္ေခ်ာင္းနာတယ္၊ ေခ်ာင္းဆိုးတယ္ဆိုလို႔ရွိရင္ သူ႔မွာ အသက္အႏၱရာယ္ ရွိေနတဲ့ အခ်ိန္မဟုတ္လို႔ရွိရင္ 111 ကိုေခၚလို႔ ရပါတယ္။ ဒါေပမယ့္ ဥပမာ လူတေယာက္က အရမ္းကို ရင္ဘတ္ေအာင့္တယ္ေပါ့ေနာ္၊ ႏွလံုးေရာဂါေၾကာင့္ heart attack ရတယ္လို႔ ထင္လို႔ရွိရင္ အဲဒီလူနာ 999 ကိုေခၚလို႔ ရပါတယ္။ 999 က emergency အေရးေပၚေပါ့။ အဲဒီ 999 call က ၃ ခုျပန္ခြဲပါတယ္။ police လိုခ်င္လား။ ambulance လိုခ်င္လား၊ မီးသတ္လား အဲလို ထပ္ခြဲပါတယ္။”

ေမး။.။“အေရးေပၚအခန္းေတြကို ကိုင္ရတဲ့ ဆရာဝန္ေတြ အေနနဲ႔ ေရာဂါမကူးေအာင္ ကိုယ့္ကိုယ္ကို ဘယ္လိုကာကြယ္တာေတြ လုပ္ပါသလဲ။”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“hot area မွာလာတဲ့ လူေတြကေတာ့ အကုန္လံုးနီးပါးက ေနာက္က်လို႔ရွိရင္ positive ျဖစ္တာကိုး။ အဲဒီေတာ့ အကုန္လံုး full PPE ဝတ္ရပါတယ္။ မ်က္စိပိုင္းကိုကာတဲ့ မ်က္မွန္ google ရယ္၊ ႏွာေခါင္းစည္း mask က FFP 3 mask လို႔ ေခၚပါတယ္။ ၿပီးေတာ့ surgical gown ခြဲစိတ္ခန္းသံုး ဝတ္ရံုနဲ႔gloves လက္အိတ္ ဝတ္ရပါတယ္။ အေပၚမွာ visor မ်က္ႏွာအကာ တပ္ပါတယ္။”

ေမး။.။“ျမန္မာႏုိင္ငံက လူေတြ ကိုဗစ္နဲ႔ ပတ္သက္ၿပီး ဘာေတြ သတိထားသင့္ပါသလဲ”

ေဒါက္တာအလိမၼာဝင္းသိန္း။ ။“မေပါ့ၾကဖို႔လိုပါတယ္။ ဒီေရာဂါ ကူးပံုက fomites လို႔ ေခၚပါတယ္။ ကိုယ့္ကိုယ္မွာ ပါလာတာကိုး။ ကိုယ္အျပင္ထြက္ေလ၊ ကိုယ့္အိမ္ကို သယ္လာေလပဲ။ အဲဒီေတာ့ တတ္ႏိုင္သမ ွ် အိမ္မွာ ေနၾကဖို႔၊ လူႀကီးေတြနဲ႔ ကိုယ္ခံအားနဲတဲ့ လူေတြ ဥပမာ ဆီးခ်ိဳ ရွိတဲ့လူေတြ၊ ႏွလံုးေရာဂါ အဆုတ္ေရာဂါ၊ ပန္းနာရင္ၾကပ္ ရွိတဲ့လူေတြ၊ ကင္ဆာရွိတဲ့လူေတြက အိမ္ထဲမွာပဲ ေန၊ လံုးဝ အျပင္ကို ထြက္ကို မထြက္သင့္ပါဘူး။ အိမ္သားေတြကလည္း လံုးဝ မထြက္သင့္ပါဘူး။ လူထူတဲ့ ေနရာကို မသြားတာဟာ အေကာင္းဆံုးပါပဲ။

ၿဗိတိန္က ေဆးရံု အေရးေပၚဌာနမွာ တာဝန္က်ေနတဲ့ ေဒါက္တာအလိမၼာဝင္းသိန္း ပါ။

(UNICODE)

Covid 19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဆေးရုံတွေမှာ ဘာတွေလုပ်ဆောင်နေကြတယ် ဆိုတာကို ဗြိတိန်အရှေ့တောင်ပိုင်း Essex ဆေးရုံ အရေးပေါ်ဌာနက Emergency Medicine လို့ခေါ်တဲ့ အရေးပေါ်ဆိုင်ရာ ဆေးပညာရှင် ဒေါက်တာအလိမ္မာဝင်းသိန်းကို မေးမြန်းပြီးတင်ပြပေးမှာပါ။

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“ဒီ ဆေးရုံမှာတော့ Covid ရောဂါစဖြစ်တဲ့ မတ်လ အလယ်လောက် ကတည်းက ၂ ပိုင်း ခွဲလိုက်ပါတယ်။ hot area နဲ့ cold area လို့ ခေါ်ပါတယ်။ hot area ကိုလာတဲ့ လူတွေကတော့ ambulance အရေးပေါ်လူနာတင်ယာဉ်နဲ့ ခေါ်လာကြတာ များပါတယ်။ သူတို့က အဖျားရှိတယ်။ ပြီး ချောင်းတွေ တအားဆိုးမယ်၊ အသက်ရှုကြပ်မယ်၊ လည်ပင်းနာတာ၊ နှာရည် တအားကျနေတာ၊ အသက်ရှုမကောင်းတဲ့ လက္ခဏာ (symptoms) ရှိတဲ့ လူတွေကို ခေါ်လာတာပေါ့နော်။ သူတို့ကိုဆို hot area မှာ ထားပါတယ်။ hot area နဲ့ cold area ကို သပ်သပ်ကို wall ကို နံရံကာပြီး ခွဲလိုက်ရတာပေါ့။ ဘာလို့လည်းဆိုတော့ cold area မှာ ရှိတဲ့ လူတွေက ချော်လဲတာ လောက်လည်း ဖြစ်နိုင်တယ်။ နှလုံးရောဂါ - heart attack ရတာလည်း ဖြစ်နိုင်တယ်။ စောစောက လက္ခဏာတွေ မရှိတဲ့ လူတွေကို cold ဧရိယာမှာ ထားတာပါ။ hot နေရာလောက် Covid ရောဂါ သံသယ မရှိလို့ ထားတာာပါ။”

မေး။ ။“ဒီ hot နေရာကို လူနာတွေကို ပို့ပြီ ဆိုရင် ဒီလူနာတွေကို ပထမဆုံး ဘယ်လိုစပြီး ကုပေးပါသလဲ။”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“လူနာရောက်လာပြီ ဆိုတာနဲ့ - အရမ်း ရောဂါ အခြေနေဆိုးနေတယ်၊ ဥပမာ- အောက်ဆီဂျင်အရမ်း နဲနေတယ်၊ အသက်ရှု တအား ကြပ်နေတယ်ဆိုရင် ကျမတို့က ကြိုသိပါတယ်။ ambulance သမားက red phone လို့ခေါ်ပါတယ်။ အရေးပေါ်ဖုံး emergency phone ပေါ့နော်။ လှမ်းခေါ်တာပေါ့။ ခေါ်ပြီးတော့ သူတို့က ဘာတွေ ဖြစ်နေတယ် ဆိုတာပြောပါတယ်။ သွေးဖိအားတို့ နှလုံးခုန်နှုန်းတို့ အောက်ဆီဂျင် အခြေနေ တို့ကို ပြောပြလို့ ရှိရင် ကျမတို့က ကဲ အဲဒီလူနာက တော်တော် ဆိုးနေတယ်။ အသဲအသန် နေရာမှာ ကြည့်မယ်ပေါ့နော်။ အဲဒါဆိုရင် resuscitation area လို့ ခေါ်ပါတယ်။ အသဲအသန် မဟုတ်တဲ့လူတွေကိုတော့ ပုံမှန် hot ဧရိယာမှာ ပဲ ကြည့်တာပေါ့။

ကျမတို့ကတော့ လူနာစပြီး ရောက်ကတည်းက သွေးဖေါက်တယ်၊ chest x-ray ရင်ပတ်ကို ဓါတ်မှန်ရိုက်တယ်၊ ပုံမှန်ရိုက်ပါတယ်။ လူနာက blood test သွေးစစ်တာတွေ၊ ရင်ပတ် အိပ်စရေးရိုက်တာတွေက ကောင်းတယ်၊ အောက်ဆီဂျင် level က ကောင်းတယ် ဆိုလို့ရှိရင် antibiotic ပေးပြီး ပြန်လွှတ်ပါတယ်။ မကောင်းဘူး ဆိုလို့ရှိရင်တော့ ဆေးရုံမှာတင်ပါတယ်။ ဆေးရုံ တင်ရင်တော့ medical team ဆေးကုသရေး အဖွဲ့ကိုပဲ လွှဲလိုက်တာပေါ့။ တန်းပြီးတော့။ သူတို့ medical ward က ကိုဗစ် ward လို့ ခေါ်ပါတယ်။ အဲဒီလို မသွားခင်မှာ swab ယူပါတယ်။ နှာခေါင်းနဲ့ ပါးစပ်ထဲကို swab ယူပါတယ်။”

မေး။. ။“လူနာတယောက် ရောက်လာပြီဆိုရင် ဒီလူနာဟာ ကိုဗစ်ရောဂါ ဖြစ်နေလား မဖြစ်ဖူးလား ဘယ်လိုလုပ် သိပါသလဲ”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“အတိအကျ ဘယ်လိုမှ မသိနိုင်သေးပါဘူး။ swab အဖြေမထွက်မချင်း။ အခုတော့ ကျမတို့ သိနိုင်တာ တခုကတော့ လူနာ ရောက်ရောက်ချင်း chest x-ray ဓါတ်မှန် ရိုက်လိုက်လို့ ရှိရင် chest x-ray မှာ ပြတဲ့ လက္ခဏာတွေက Covid sign လို့ ခေါ်ပါတယ်။ ကြည့်လိုက်တာနဲ့ ကျမတို့ သိပါတယ်။ ကျမတို့ ဆေးရုံမှာ radiologist ဓါတ်ရောင်ခြည်ဆိုင်ရာ ကျွမ်းကျင်သူက ၂၄ နာရီ ဂျူတီနဲ့ ဆင်းရပါတယ်။ radiologist က chest x-ray ကို ဖတ်ပြီး အခြေနေကို ပြောပြပါတယ်။ အဲဒီတော့ ဒီ chest x-ray ကြည့်လိုက်လို့ရှိရင် ကျမတို့ လူနာနဲ့ ပတ်သက်ပြီး တော်တော်ကို မှန်းလို့ ရနေပါပြီ။ နောက်ပြီးတော့ သွေးအဖြေ blood result ပေါ်မှာလည်း မူတည်ပါတယ်။”

မေး။. ။“ သွေးအဖြေပေါ်မှာ ဘယ်လို မူတည်တာပါလဲ။”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“အဲဒီ သွေးအဖြေမှာ abnormalities မူမမှန်တာတွေကို ပြပါတယ်။ အဲဒီ ကိုဗစ်ရှိတဲ့လူနာက။. Lymphopenia လို့ ခေါ်ပါတယ်။ blood count က နဲလို့ရှိရင် အဲဒါက ကိုဗစ်ဖြစ်ဖို့ chance အခွင့်လန်း အရမ်းများပါတယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ ဘယ်သူပဲ ဖြစ်ဖြစ် ချောင်းဆိုးနေတယ်၊ အပူချိန်ရှိနေတယ်၊ အသက်ရှုကြပ်နေတယ် ဆိုလို့ရှိရင်တော့ ၉ ဝ% ကျော်ကတော့ ကိုဗစ်ပါပဲ။ chest x-ray က ကျမတို့ဆီမှာ ၅ မိနစ်အတွင်း အဖြေရပါတယ်။ chest x-ray ကြည့်လိုက်လို့ရှိရင် ရောဂါအဖြေရှာလို့ ရပါပြီ။”

မေး။. ။“ဒီကိုဗစ်လူနာ သေချာပြီ ဆိုရင် ဘာဆက်လုပ်ပါသလဲ။”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“လူနာက အောက်ဆီဂျင် လိုနေကြတာများပါတယ်။ အဲဒီတော့ အောက်ဆီဂျင်လိုရင် အောက်ဆီဂျင် ပေးတယ်ပေါ့နော်။ ပြန်နိုင်တဲ့ လူနာကိုတော့ antibiotic ပေးပြီးတော့ မပြန်နိုင်တဲ့လူနာကိုတော့၊ ဒီလူနာဟာ အထူးကြပ်မတ်ဆောင် intensive care ကိုသွားရမယ့် လူနာလား၊ ရိုးရိုး medical ward ထဲမှာပဲ နေနိုင်သလား၊ ဆိုတာ အဲဒီအချိန်မှာ ဆုံးဖြတ်ရပါတယ်။ ခုနကပြောပြတဲ့ resuscitation ခန်းထဲမှာရှိနေတဲ့ လူနာကတော့ အရမ်းကိုဆိုးဝါး နေတယ်ဆိုရင် အသက်ရှုစက် တပ်မလား ဆိုတာကို ဆုံးဖြတ်ရ ပါတယ်။ အဲဒီအခါ ကျလို့ရှိရင် ကျမတို့က Intensive Care Specialists (ICU) တွေကို ခေါ်ပါတယ်။ သူတို့က လာကြည့်တယ်။ သူတို့ ဆုံးဖြတ်ပါတယ်။ သူတို့ decide လုပ် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ သူတု့ိကြည့်ရတဲ့ factors အကြောင်းချက်တွေ အများကြီးရှိပါတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လည်ချောင်းထဲကို ပိုက် tube ထည့်မလား။ အသက်ရှုစက်နဲ့ ဆက်မလား ဆိုတာကို ICU က အထူးကု specialists တွေက ဆုံးဖြတ်ပြီးတော့ သူတို့ လုပ်ပါတယ်။ တခါထဲပေါ့နော်။”

မေး။. ။“ကိုယ့်ကိုယ်ကိုသံသယဖြစ်နေတယ်၊ ကိုဗစ် ၁၉ ရောဂါ အကူးခံနေရတယ်လို့ သံသယရှိရင် ဘာတွေ လုပ်ရမလဲ။”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“ကျမတို့ဆီမှာ 111 ဆိုတဲ့ စံနစ်ရှိပါတယ်။ အဲဒါက health advise line ကျန်းမာရေးဆိုင်ရာ အကြံပေးတဲ့ ဖုံးလိုင်းပေါ့နော်၊ အဲဒီလိုင်းမှာ ဖြေတဲ့လူတွေက ကျန်းမာရေးကုသမှု ဆိုင်ရာ ကျွမ်းကျင်သူတွေ healthcare professional တွေပေါ့။ များသောအားဖြင့် သူနာပြုတွေ၊ nurse တွေ၊ paramedic တွေ သူတို့ကို သင်တန်းပေးလေ့ကျင့် train လုပ်ထားတာပေါ့။ အဲဒီနံပတ်ကို ခေါ်လိုက်ရင် သူတို့က symptoms တွေ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးပါတယ်။ အကုန်လုံးပေါ့။ အရင်က ဘာရောဂါဖြစ်ဖူးတယ် medical history က အစ၊ ဘာဆေးတွေသောက်ဖူးတယ်၊ drug history ကအစ သူတို့မေးရမယ့် checklist အချက်တွေ အများကြီးပါ။ အဲဒါတွေကို မေးပါတယ်။ မေးပြီးတော့ သူတို့ဆုံးဖြတ်နိုင်တဲ့ ကိစ္စဆိုရင် သူတို့ဖာသာ ဆုံးဖြတ်တယ်။ မဆုံးဖြတ်နိုင်ရင်လည်း ခဏနေရင် ဆေးတာဝန်ခံက ပြန်ခေါ်ပါလိမ့်မယ် ဆိုပြီးတော့ ပြောပါတယ်။ အဲဒါက GP (General Physician) အထွေထွေရောဂါကု ဆရာဝန် ဖြစ်တာများတယ်။ သူကပြန်ခေါ်တယ်။ အဲဒီမှာ GP ဆရာဝန်က ဆုံးဖြတ်လိုက်တာပေါ့။ နေကောင်းရင်တော့ အိမ်မှာပဲ နေအုံးပေါ့နော်၊ ပါရာစီတမော သောက်ပါ၊ ရေများများ သောက်ပါ၊ ဘာတွေလုပ်ရမယ်ဆိုတာ၊ ဘယ် sign တွေ၊ symptom တွေ၊ လက္ခဏာတွေ ကြည့် နေရမယ်၊ ဘယ်အချိန်မှာ နေမကောင်းရင် 999 ခေါ်ရမယ် ဆိုတာ သူတို့က ညွှန်ကြားပေးတာပေါ့။ အဲဒီလို ဆရာဝန်နဲ့ စကား ပြောနေတဲ့ အချိန်မှာ မကောင်းဘူးလို့ ထင်ရင်တော့ ဆရာဝန်က ချက်ချင်း လူနာတင်ယာဉ် ambulance လွှတ်လိုက်ပါတယ်။”

မေး။ ။“အခုပြောတဲ့ 111 နဲ့ 999 ဘာကွာပါလဲ”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“ 111 က non-emergency call ပေါ့နော်။ ဥပမာ လူတယောက်က အခုလိုအချိန်မှာ အပူချိန်ရှိနေတယ်ပေါ့နော်။ လည်ချောင်းနာတယ်၊ ချောင်းဆိုးတယ်ဆိုလို့ရှိရင် သူ့မှာ အသက်အန္တရာယ် ရှိနေတဲ့ အချိန်မဟုတ်လို့ရှိရင် 111 ကိုခေါ်လို့ ရပါတယ်။ ဒါပေမယ့် ဥပမာ လူတယောက်က အရမ်းကို ရင်ဘတ်အောင့်တယ်ပေါ့နော်၊ နှလုံးရောဂါကြောင့် heart attack ရတယ်လို့ ထင်လို့ရှိရင် အဲဒီလူနာ 999 ကိုခေါ်လို့ ရပါတယ်။ 999 က emergency အရေးပေါ်ပေါ့။ အဲဒီ 999 call က ၃ ခုပြန်ခွဲပါတယ်။ police လိုချင်လား။ ambulance လိုချင်လား၊ မီးသတ်လား အဲလို ထပ်ခွဲပါတယ်။”

မေး။. ။“အရေးပေါ်အခန်းတွေကို ကိုင်ရတဲ့ ဆရာဝန်တွေ အနေနဲ့ ရောဂါမကူးအောင် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်တာတွေ လုပ်ပါသလဲ။”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“hot area မှာလာတဲ့ လူတွေကတော့ အကုန်လုံးနီးပါးက နောက်ကျလို့ရှိရင် positive ဖြစ်တာကိုး။ အဲဒီတော့ အကုန်လုံး full PPE ဝတ်ရပါတယ်။ မျက်စိပိုင်းကိုကာတဲ့ မျက်မှန် google ရယ်၊ နှာခေါင်းစည်း mask က FFP 3 mask လို့ ခေါ်ပါတယ်။ ပြီးတော့ surgical gown ခွဲစိတ်ခန်းသုံး ဝတ်ရုံနဲ့ gloves လက်အိတ် ဝတ်ရပါတယ်။ အပေါ်မှာ visor မျက်နှာအကာ တပ်ပါတယ်။”

မေး။. ။“မြန်မာနိုင်ငံက လူတွေ ကိုဗစ်နဲ့ ပတ်သက်ပြီး ဘာတွေ သတိထားသင့်ပါသလဲ”

ဒေါက်တာအလိမ္မာဝင်းသိန်း။ ။“မပေါ့ကြဖို့လိုပါတယ်။ ဒီရောဂါ ကူးပုံက fomites လို့ ခေါ်ပါတယ်။ ကိုယ့်ကိုယ်မှာ ပါလာတာကိုး။ ကိုယ်အပြင်ထွက်လေ၊ ကိုယ့်အိမ်ကို သယ်လာလေပဲ။ အဲဒီတော့ တတ်နိုင်သမ ျှ အိမ်မှာ နေကြဖို့၊ လူကြီးတွေနဲ့ ကိုယ်ခံအားနဲတဲ့ လူတွေ ဥပမာ ဆီးချို ရှိတဲ့လူတွေ၊ နှလုံးရောဂါ အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ် ရှိတဲ့လူတွေ၊ ကင်ဆာရှိတဲ့လူတွေက အိမ်ထဲမှာပဲ နေ၊ လုံးဝ အပြင်ကို ထွက်ကို မထွက်သင့်ပါဘူး။ အိမ်သားတွေကလည်း လုံးဝ မထွက်သင့်ပါဘူး။ လူထူတဲ့ နေရာကို မသွားတာဟာ အကောင်းဆုံးပါပဲ။

ဗြိတိန်က ဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျနေတဲ့ ဒေါက်တာအလိမ္မာဝင်းသိန်း ပါ။

XS
SM
MD
LG