သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကုသရေး ငှက်ဖျားဆေးအသုံးဝင်မဝင် စမ်းသပ်မယ့်သုတေသနထဲ ဗြိတိန်ပါမည်


hydroxychloroquine
hydroxychloroquine

Zawgyi/Unicode

ငှက်ဖျားရောဂါကုသတဲ့ Chloroquine နဲ့ Hydroxychloroquine ဆေး တွေဟာ COVID-19 ရောဂါ ကုသရေး ဒါမှမဟုတ် ကာကွယ်ရေးအတွက် အသုံးပြုလို့ ရမရ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုကြီးမှာ ဗြိတိန်ဆေးရုံတွေက ကျန်းမာရေးလုပ်သားတွေ ပထမဆုံး ပါဝင်တော့မှာ ဖြစ်ပါတယ်။

Oxford တက္ကသိုလ် ဦးဆောင်တဲ့ ဒီလေ့လာမှုကို ကြာသပတေးနေ့က စတင်လိုက်တာ ဖြစ်ပြီး ဥရောပ၊ အာဖရိက၊ အာရှနဲ့ တောင်အမေရိကက ဒီရောဂါကုသရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သား ၄၀,၀၀၀ ကျော်နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံ မှာတင် လေ့လာစမ်းသပ်တဲ့ ဌာန ၂၅ ခု ထားရှိမယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။ COVID-19 အကူးစက် မခံရတဲ့ ကျန်းမာရေး လုပ်သားတိုင်း “COPCOV” လို့ခေါ်တဲ့ ဒီလေ့လာမှုမှာ ပါဝင်နိုင်ပါတယ်။

ဗြိတိန်နိုင်ငံက လုပ်သားတွေကို Hydroxychloroquine ဒါမှမဟုတ် လူ့ကျန်းမာရေးကို မထိခိုက်စေတဲ့ ဆေး ၃ လ ပေးပြီး အာရှ တိုက်သား တွေကိုတော့ Chloroquine ဒါမှမဟုတ် လူ့ကျန်းမာရေးကို မထိခိုက်စေတဲ့ဆေးနဲ့ စမ်းသပ်လေ့လာမှာ ဖြစ်ပါတယ်။

ဒီငှက်ဖျားဆေးက အသုံးတဲ့တယ်လို့ ဧပြီလသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ပြောခဲ့ရာကနေ ဒီဆေးအပေါ် စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာလည်း သမ္မတ ထရမ့်က COVID-19 အကူးစက် မခံရအောင် ကာကွယ်ဖို့ Hydroxychloroquine ကို သူသောက်နေကြောင်း ကြေညာခဲ့တာပါ။

ဒါပေမဲ့လည်း အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲရေးဌာန FDA က ဒီဆေးကို COVID-19 လူနာတွေ ကုသရာမှာ အကန့်အသတ်နဲ့ ပဲ ခွင့်ပြုထားပြီး ဒီဆေးက နှလုံးခုန်မမှန်တဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတာကြောင့် ဆေးရုံဆေးခန်းမှာ မဟုတ်ရင် သုံးခွင့် မပေးပါဘူး။

ဒီ COPCOV စမ်းသပ်မှုကို ထိုင်းနိုင်ငံ ဘန်ကောက် မဟီဒေါ တက္ကသိုလ် Oxford အပူပိုင်း ဆေးသုတေသန ဌာန (MORU - Mahidol Oxford Tropical Medicine Research Unit ) ကလည်း ပါဝင်ဆောင်ရွက်နေတာပါ။ ဒီငှက်ဖျား ကာကွယ်ဆေးတွေဟာ COVID-19 ရောဂါ ကာကွယ်ရေး ဒါမှမဟုတ် ကုသရေးမှာ ထိရောက်မှု ရှိနိုင်တယ်လို့ COPCOV အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ အထောက်ထားတော့ မပြနိုင်သေးပါဘူး။

[Unicode]







ငှက်ဖျားဆေးက ကိုဗစ်ကုသရေးအတွက် အသုံးဝင်မဝင် ဗြိတိန်သုတေသနပြုမည်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG