(ZAWGYI/ UNICODE)
Zawgyi
ဒီတပတ်တော့ Covid 19 ရောဂါ လို လူတွေကို ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေအကြောင်း ကြားကြရမှာပါ။ မြန်မာ့တောရိုင်းတိရိစ္ဆာန်တွေကနေ လူကိုအန္တရာယ်ပေးတဲ့ ဗိုင်းရပ်စ်တွေ အကြောင်းလေ့လာနေတဲ့ ဒေါက်တာအောင်သန်းတိုးကို မေးမြန်းပြီး တင်ပြပေးမှာပါ။
ဒေါက်တာအောင်သန်းတိုး။. ။“ကိုရိုနာဗိုင်းရပ်စ် ဆိုတာက မျိုးစိတ်အကြီးပေါ့နော်။(Family: Coronaviridae)။ကိုရိုနာဗိုင်းရပ်စ်က အမျိုးစားတခုပါ။ ကိုရိုနာဗိုင်းရပ်စ် အောက်မှာလည်း group အုပ်စုခွဲထားတာ အများကြီးရှိပါတယ်။ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ ဆိုပြီး၊ အများကြီးရှိပါသေးတယ်။ အဲဒီထဲမှာ အခု ပြောမယ့် ကိုရိုနာဗိုင်းရပ်စ်က တော့ ဘီတာ ကိုရိုနာဗိုင်းရပ် အမျိုးအစား ဖြစ်ပါတယ်။”
လက်တင်ဘာသာနဲ့ သရဖူ ဒါမှမဟုတ် ပန်းခွေပုံသဏ္ဍာန်ကို corona ကိုရိုနာ လို့ ခေါ်ပါတယ်။ လူတွေမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း ပထမဆုံး လေ့လာသူတွေဖြစ်တဲ့ Scottish ပိုးမွှားဗေဒပညာရှင် June Dalziel Almeida နဲ့ ဗြိတိသ ျှဆရာဝန် Davi d Arthur John Tyrrell တို့ က ဒီနံမယ်ကို ပေးခဲ့ကြတာပါ။
ဒေါက်တာအောင်သန်းတိုး။. ။“ကိုရိုနာဗိုင်းရပ်စ်ရဲ့ structureပုံသဏ္ဍာန်က ထူးခြားတယ်။ သူက အလုံးလေးထဲမှာ အပေါ်မှာ သူက ဒူးရင်းသီးလို ဆူးချွန်လေးတွေ အများကြီးရှိတယ်။ ဒီဆူးချွန် ပရိုတိန်းကလေးတွေ၊ အဲဒါတွေက လူရဲ့ ခန္ဓာကိုယ်ထဲဝင်သွားရင်၊ လူခန္ဓာကိုယ်မှာရှိတဲ့receptor ၊ ဒီ ကျွန်တော်တို့ ဆဲလ်တွေမှာ ရှိတဲ့ receptor နဲ့သွားချိတ်ဖို့ လိုအပ်တယ်ပေါ့။ အဲဒီလို ချိတ်ပြီးမှ လူ့ရဲ့ ခန္ဓာကိုယ် ဆဲလ် ထဲ ဝင်လို့ရတယ်။ သူက သရဖူ- crown ပုံရှိနေလို့။ အဲဒီကိုရိုနာဗိုင်းရပ်စ် ရဲ့ အဓိပ္ပါယ်က crown virus ပေါ့နော်။ အဲဒီဆူးချွန်လေးတွေကြောင့် ခေါ်တာပါ။
မေး။. ။“လူသိများတဲ့ လူတွေမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် အကြောင်းပြောပြပေးပါ။ ဘယ်နှစ်ခုလောက် ရှိပါသလဲ။”
ဒေါက်တာအောင်သန်းတိုး။. ။“ကိုရိုနာဗိုင်းရပ်စ်ကတော့ အရင်ကတည်းက ပြန့်နေတဲ့ ဗိုင်းရပ်စ်ပါ။ လူတွေတင်မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေမှာလည်း ပြန့်တယ်။ ဒီကိုရိုနာဗိုင်းရပ်စ် ဆိုရင် အဓိကက ဝက်တို့၊ ကြောင်တို့မှာ ဖြစ်နေတာက ကြာပြီ။ ဒီဝက်တွေမှာ ဆိုလို့ရှိရင် ဝမ်းရောဂါဖြစ် နေတဲ့ ရောဂါတွေ ရှိတယ်။ နွားတွေမှာလည်း အမျိုးစုံ ဖြစ်တယ်ပေါ့နော်။
အဲဒီထဲမှာမှ ကျနော်တို့လူတွေမှာ ဖြစ်တာက ကျတော့ ဘီတာကိုရိုနာဗိုင်းရပ်စ်တွေပါ။ အရင်တုန်းကတော့ SARS ဆားစ်တွေ MARS မားစ်တွေ ဖြစ်ဖူးတယ်ပေါ့။ ဆားစ်ကကျတော့ ၂၀၀၃- ၄ ကဖြစ်တာပေါ့နော်။ အဲဒီတုန်းကတော့ သူက ကြောင်ကတိုးကနေ တဆင့် လူတွေကို ကူးတယ်လို့ ပြောတယ်။ မားစ်ကကျတော့ ၂၀၁၂ မှာ ဖြစ်တာပါ။ သူက လင်းနို့ကနေ ကုလားအုပ်၊ ကုလားအုပ်ကနေ လူတွေကို ကူးတာပါ။ အခုဒီ ၂၀၁၉ Covid 19 ကကျတော့ လင်းနို့မှာ ကိုရိုနာဗိုင်းရပ်စ် ကတော့ တွေ့တယ်။ ဒါပေမယ့် လင်းနို့ကနေ တဆင့် ကြားခံ သတ္တဝါ reservoir သတ္တဝါ ရှိဖို့နဲ့ အဲဒီသတ္တဝါက ဘာဖြစ်မလဲ မသိသေးပါဘူး။ အဲဒါကို လေ့လာစမ်းသပ်နေတုန်းပါပဲ ခင်ဗျ။
ကိုရိုနာဗိုင်းရပ်စ် အနေနဲ့က အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ ဆိုပြီး မျိုးစုံရှိတယ်။ အခု ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကကျတော့ အဓိက လင်းနို့ကနေ တဆင့် ကူးလာနိုင်တဲ့ဟာပေါ့နော်။ လင်းနို့ကနေ တဆင့်ကူးတာက အယ်လ်ဖာနဲ့ ဘီတာမှာ ကူးတယ်။ အခု ဘီတာမှာ ကျတော့ လင်းနို့ကနေ တဆင့် ကြားခံနယ် ရှိမယ်။ ကြားခံက လူတင်မကဘူး၊ တခြား ကြားခံ သတ္တဝါတွေလည်း ရှိတယ်။ အခုဆိုဘယ်လို ပြောနေကြလဲ ဆိုတော့ တချို့ကသင်းခွေချပ်က ကြားခံနယ် ဖြစ်နိုင်တယ်လို့ ပြောတယ်။ အဲဒီလို ပြောကြတဲ့ အဓိက ရည်ရွယ်ချက်က သင်းခွေချပ်မှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်က အခု တွေ့တဲ့ Covid 19 နဲ့ဆိုရင် သူက genome level အဆင့်မှာ ဆိုရင် ၉ ၆ % အထိ ဆင်တယ်။
ဒါပေမဲ့ အဲဒါသင်းခွေချပ်က ဗိုင်းရပ်စ်လားဆိုတာတပ်အပ် မပြောနိုင်သေးဘူး။ မြွေမှာ တွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကလည်းအခု လူမှာ ဖြစ်တဲ့ Covid 19 နဲ့ဆင်တယ်။ ဆင်တာပဲ ရှိတယ်၊ မြွေကနေ တဆင့် ကြားခံနယ်ဖြစ်ပြီး လာပြီးတော့ ကူးတယ် လို့တော့ ပြောလို့ မရသေးပါဘူး။
မေး။ ။“ကိုရိုနာဗိုင်းရပ်စ်ကို လင်းနို့မှာ တွေ့ရတယ် ဆိုတော့၊ မြန်မာနိုင်ငံမှာလည်း လင်းနို့မှာ ဒီဗိုင်းရပ်စ် မျိုးစိတ်သစ် ၆ ခု တွေ့တယ်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နဲနဲ ရှင်းပြပေးပါ။”
ဒေါက်တာအောင်သန်းတိုး။. ။“ဟုတ်ကဲ့ အဲဒီ ပရောဂျက် အကြောင်း ပြောရရင် သူက predict project ပေါ့ predict ဆိုတဲ့ သဘောက ရောဂါအသစ်တွေကို ကြိုတင်ပြီးတော့ ခန့်မှန်းတာ။ အဓိက ကတော့ အမေရိကန်အစိုးရက funding လုပ်ပေးတဲ့ ပရောဂျက်ပါ။ ၂၀၁၅ က စတယ်။ ၅ နှစ်တာ ကာလလုပ်တယ်ခင်ဗျ။ ရှာဖွေတာကတော့ ဖားအံက ဂူတွေရယ်၊ ရန်ကုန်က လှော်ကားမှာပါ။ အဓိက တွေ့တာကတော့ ဖားအံက ဂူတွေမှာ ဗိုင်းရပ်စ် အသစ်တွေ တွေ့ပါတယ်ခင်ဗျ။ ဒီဗိုင်းရပ်စ် အသစ် ၆ မျိုးက ကျတော့ မြန်မာပြည်အနေနဲ့ ရော ကမ္ဘာအနေနဲ့ရော ပထမဦးဆုံး တွေ့တာ။ ကမ္ဘာပေါ်မှာ first time ကိုတွေ့တာက ကိုရိုနာဗိုင်းရပ်စ် ၄ မျိုးပါ။ နောက်ထပ် ၂ မျိုးကတော့ တခြားနိုင်ငံတွေမှာ တွေ့ထား ပြီးသားပါ။ စုစုပေါင်းက ၆ ခုပါခင်ဗျ။”
မေး။. ။“အသစ်တွေ့တဲ့ ၆ ခု ထဲက လူတွေ အတွက် အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် မျိုးများ ပါပါသလား အဲဒီအထဲမှာ။”
ဒေါက်တာအောင်သန်းတိုး။. ။“ကျနော်တို့ ၆ ခု စလုံးကို စမ်းကြည့်တယ်။မျိုးဗီဇ genome level စစ်တယ်။ ကျနော်တို့ တခြားစမ်းသပ်မှုတွေပါ ပြီးတဲ့အခါ ဒီ ၆ ခုစလုံးက လူတွေကို အခုလောလောဆယ် အချိန် မှာတော့ ကူးစက်နိုင်တဲ့ ရောဂါ ပေးနိုင်တဲ့ အခြေနေမှာ တော့ မရှိသေးပါဘူး။
ပရောဂျက် လုပ်တဲ့ အချိန်မှာ တောရိုင်းတိရိစ္ဆာန်တွေကိုပဲ sample နမူနာ စစ်တာမဟုတ်ပါဘူးခင်ဗျ။ လူတွေကိုလည်း စစ်ပါတယ်။ ဖားအံမှာ ဆိုရင် လင်းနို့ဂူဆိုတာ ရှိတယ်။ အဲဒီမှာ သန်းချီတဲ့ လင်းနို့တွေရှိတယ်။ ဒီလင်းနို့ဂူထဲမှာ လင်းနို့ချေးကောက်တဲ့ အလုပ်သမတွေလည်း ရှိတယ်။ ဒီအလုပ်သမားတွေကို စစ်သလို သူတို့ရဲ့ မိသားစုတွေကိုပါ စစ်ပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်ရောဂါ မတွေ့ဘူး။ ပြီးခဲ့တဲ့နှစ်က ဖျားဖူးလားမေးတော့ ဖျားဖူးတယ်။ ဒါပေမယ့် ရိုးရိုးတုတ်ကွေးရောဂါနဲ့ ဖျားဖူးတာပဲ တွေ့ပါတယ်ခင်ဗျ။”
မေး။.။“မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို စားသောက်တာနဲ့ သူတို့ကို ထိတွေ့နေရတဲ့ သူက အများကြီးပါ။ ဒါကြောင့် အန္တရာယ်ကို နဲနဲ ပြောပြပေးပါ။ ဘယ်လောက် စိုးရိမ်စရာ ကောင်းသလဲဆိုတာ။”
ဒေါက်တာအောင်သန်းတိုး။. ။“အခု ကျနော်တို့ ဗိုင်းရပ်စ်တွေ ဖြစ်လာတဲ့ တောက်လေ ျှာက်က ကူးတယ်ဆိုတာနဲ့ ရောဂါအကြီးကြီး ထဖြစ်မှာတော့ မဟုတ်ပါဘူး။ နေရာရယ်၊ အချိန်ရယ်၊ ကြားခံတွေရယ်၊ အကုန်လုံး သူ့ဟာနဲ့သူ right time- right place – right person အချိန်၊ နေရာ၊ လူသင့်တော်တာ အားလုံးစုံညီသွားတော့မှပဲ ဗိုင်းရပ်စ်က ပုံစံပြောင်းပြီး mutate ဖြစ်ပြီးတော့ အခုလို ကပ်ရောဂါ ဖြစ်လာနိုင်တာပါ။ ဆိုတော့ စားတာ သောက်တာကို ဆင်ခြင်ရုံနဲ့ ပြီးတာ မဟုတ်ပါဘူး ခင်ဗျ။ ecosystem ဂေဟစံနစ်တွေကိုလည်း ထိန်းသိမ်းဖို့ လိုပါတယ်။ ဥပမာ တောကောင်က တောထဲမှာ နေပြီးတော့ လူတွေက လူတွေ ဘက်ခြမ်းမှာ နေမယ်။ မဟုတ်ရင် တောကောင်ကနေ လူတွေဘက်ကို ရောဂါတွေ ကူးသန်းလာနိုင်ပါတယ်ခင်ဗျ။”
“ဆိုတော့ အများကြီး သတိထားရမှာ ပေါ့နော်”
“ဟုတ်ပါတယ်။“
မေး။.။“စောစောက လူတွေကို ကူးဖို့လို့ တဆင့်တဆင့် ပြောင်းလာတယ် ဆိုတာ နဲနဲ ရှင်းပြပေးပါ။ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးက ဘယ်လိုမျိုး ကူးလာနိုင်တယ် ဆိုတာ။”
ဒေါက်တာအောင်သန်းတိုး။. ။“အခု လောလောဆယ် အရှေ့မှာ ဖြစ်သွားတဲ့SARS / MARS ဆားစ် ရော မားစ်ရောက ပြောရရင်၊ လင်းနို့တွေမှာက နဂိုကတည်းက ဗိုင်းရပ်စ် မျိုးစုံ ရှိပြီးသား။ ကိုရိုနာဗိုင်းရပ်စ် အပြင် တခြားဗိုင်းရပ်စ်တွေလည်း ရှိအုံးမယ်။ ဒါပေမယ့် သူတို့ အနေနဲ့က သူတို့ကိုယ် သူတို့ ရောဂါမဖြစ်စေဘူး။ ဒါပေမယ့် တောကောင်တွေ ရောင်းတဲ့ နေရာမှာ လင်းနို့အပြင် တခြား တောကောင်တွေ ရှိမယ်။ ဥပမာ SARS ဆားစ် ကိစ္စမှာ ဆိုရင် လင်းနို့ရယ် ကြောင်ကတိုး ရယ်ကို ထားတယ်။ အဲဒီမှာ လင်းနို့တွေက ဘယ်လို ဖြစ်သလဲ ဆိုတော့ ပုံမှန်အချိန်မှာ ဆိုရင် ဒီရောဂါ တွေကို မပြန့်ပွါးနိုင်ဘူး ဆိုပေမယ့် သူက လှောင်အိမ်ထဲမှာ လှောင်ချိုင့် ထဲမှာ ထားတဲ့အချိန်ကျရင် သူက stress အရမ်းဖြစ်တယ်။ အဲဒီလို stress ဖြစ်တဲ့ အချိန်ကျမှ ဗိုင်းရပ်စ်တွေက တခြားတွေကို ကူးရော၊ ဒီလို ကူးတဲ့အချိန်မှာ ကြောင်ကတိုးနား ထားမိရင် ကြောင်ကတိုးကို ကူးရော။ အဲဒီမှာ အဲဒီ ကြောင်ကတိုးမှာလည်း သူ့ရဲ့ ဇီဝစံနစ် ရှိမယ်။ တိုက်ထုတ်နိုင်တာ ရှိသလို မတိုက်ထုတ်နိုင်တာလည်း ရှိမယ်။ အဲဒီလို ဖျားနေတဲ့ ကြောင်ကတိုးကို ကျနော်တို့က စားမိတဲ့အချိန်မှာ ကျနော်တို့ အဲဒီ SARS ဆားစ် ရောဂါ စရတာပါ။ ဆိုတော့ သူတို့က ပုံမှန် ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေရာ ကနေ ဥပမာ လင်းနို့စားရင် ဒီရောဂါ ဖြစ်မလား လို့မေးရင်တော့ ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဖူး။ ကျနော် ခုနက ပြောသလို သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့ နေရာ၊ သင့်တော်တဲ့ ကြားလူ အကုန်လုံး အချိန်ကိုက်ဖြစ်ဖို့လိုပါတယ်။”
ဒေါက်တာအောင်သန်းတိုးပါ။
------------------------------
(Unicode)
မေး။. ။“အသဈတှေ့တဲ့ ၆ ခု ထဲက လူတှေ အတှကျ အန်တရာယျရှိတဲ့ ဗိုငျးရပျဈ မြိုးမြား ပါပါသလား အဲဒီအထဲမှာ။”