(Zawgyi/Unicode)
Coronavirus ပိုးကူးစက္မႈ တားဆီးႏိုင္ေရးအတြက္ ေဒၚလာ ၇ ဘီလီယံေလာက္ လိုအပ္ေနတယ္လို႔ ကုလသမဂၢက ပန္ၾကားလိုက္ပါတယ္။ လူသန္းေပါင္းမ်ားစြာရဲ႕ အသက္ေတြကို ကယ္တင္ဖုိ႔နဲ႔ ထိခိုက္လြယ္တဲ့ ႏိုင္ငံေတြမွာ ေရာဂါပိုးကူးစက္မႈ ရပ္ေအာင္ကာကြယ္ဖုိ႔ ရန္ပံုေငြ ပိုၿပီး လိုအပ္ေနတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ႐ံုးက ဒီကေန႔ ေျပာၾကားပါတယ္။
ကမာၻ႔အဆင္းရဲဆံုးႏုိင္ငံေတြမွာ ေနာက္ ၃ လကေန ၆ လအခ်ိန္ေလာက္မွ COVID-19 ကပ္ေရာဂါကူးစက္မႈ အထြဋ္အထိပ္ကို ေရာက္မယ္လို႔ ခန္႔မွန္းရေပမဲ့ အဲဒီႏို္င္ငံေတြမွာ အလုပ္လက္မဲ့ျဖစ္ကုန္တာ၊ အစားအေသာက္႐ွားပါးတာအျပင္ ကေလးငယ္ေတြအတြက္ ကာကြယ္ေဆး မထိုးႏုိင္တဲ့ ျပေသနာေတြ စ ျမင္ေနရၿပီလုိ႔ဆိုပါတယ္။
COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၂ ဘီလီယံ ထည့္ဝင္ၾကဖို႔ အလွဴ႐ွင္ေတြကို ကုလသမဂၢက အေစာပိုင္းက ပန္ၾကားထားေပမဲ့ စုစုေပါင္း ေဒၚလာ ၆.၇ ဘီလီယံေလာက္လိုအပ္တယ္လို႔ ဒီကေန႔ ထပ္ၿပီး ေျပာၾကားတာျဖစ္ပါတယ္။
အဆင္းရဲဆံုးသူေတြ အထူးသျဖင့္ အမ်ဳိးသမီး၊ မိန္းကေလးငယ္ေတြနဲ႔ အကာအကြယ္မဲ့ေနသူေတြကို ကပ္ေရာဂါနဲ႔ ကမာၻ႔စီးပြားေရး က်ဆင္းတဲ့ဒဏ္ကေန အကာအကြယ္မေပးဘူးဆိုရင္ ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ ဆိုးက်ဳိးသက္ေရာက္မႈေတြ ျဖစ္လာလိမ့္မယ္လို႔ လူသားခ်င္းစာနာမႈဆိုင္ရာ႐ံုး အႀကီးအကဲ Mark Lowcock ကေျပာပါတယ္။
ဖိလစ္ပိုင္၊ Pakistanနဲ႔ အာဖရိကႏုိင္ငံ ၇ ႏိုင္ငံခုကို အထိခိုက္လြယ္ဆံုး ႏုိင္ငံေတြအျဖစ္ စာရင္းထပ္တုိးၿပီး ရန္ပံုေငြ ထပ္တုိးေပးဖို႔ ကုလသမဂၢက ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။
[Unicode Version]
COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေ ထပ်တိုးပေးကြဖို့ WHO ပန်ကြား
Coronavirus ပိုးကူးစက်မှု တားဆီးနိုင်ရေးအတွက် ဒေါ်လာ ၇ ဘီလီယံလောက် လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ဖို့နဲ့ ထိခိုက်လွယ်တဲ့ နိုင်ငံတွေမှာ ရောဂါပိုးကူးစက်မှု ရပ်အောင်ကာကွယ်ဖို့ ရန်ပုံငွေ ပိုပြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးက ဒီကနေ့ ပြောကြားပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ နောက် ၃ လကနေ ၆ လအချိန်လောက်မှ COVID-19 ကပ်ရောဂါကူးစက်မှု အထွဋ်အထိပ်ကို ရောက်မယ်လို့ ခန့်မှန်းရပေမဲ့ အဲဒီနိုင်ငံတွေမှာ အလုပ်လက်မဲ့ဖြစ်ကုန်တာ၊ အစားအသောက်ရှားပါးတာအပြင် ကလေးငယ်တွေအတွက် ကာကွယ်ဆေး မထိုးနိုင်တဲ့ ပြသေနာတွေ စ မြင်နေရပြီလို့ဆိုပါတယ်။
COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်ကြဖို့ အလှူရှင်တွေကို ကုလသမဂ္ဂက အစောပိုင်းက ပန်ကြားထားပေမဲ့ စုစုပေါင်း ဒေါ်လာ ၆.၇ ဘီလီယံလောက်လိုအပ်တယ်လို့ ဒီကနေ့ ထပ်ပြီး ပြောကြားတာဖြစ်ပါတယ်။
အဆင်းရဲဆုံးသူတွေ အထူးသဖြင့် အမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ အကာအကွယ်မဲ့နေသူတွေကို ကပ်ရောဂါနဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းတဲ့ဒဏ်ကနေ အကာအကွယ်မပေးဘူးဆိုရင် နောက်နှစ်ပေါင်းများစွာအထိ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ လူသားချင်းစာနာမှုဆိုင်ရာရုံး အကြီးအကဲ Mark Lowcock ကပြောပါတယ်။
ဖိလစ်ပိုင်၊ Pakistanနဲ့ အာဖရိကနိုင်ငံ ၇ နိုင်ငံခုကို အထိခိုက်လွယ်ဆုံး နိုင်ငံတွေအဖြစ် စာရင်းထပ်တိုးပြီး ရန်ပုံငွေ ထပ်တိုးပေးဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့တာဖြစ်ပါတယ်။