(Zawgyi / Unicode)
ကမၻာေပၚမွာ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဒုတိယအမ်ားဆံုးရွိေနတဲ့ ဘရာဇီးႏုိင္ငံဟာ ဒီေရာဂါေၾကာင့္ ေသဆံုးသူ အေရအတြက္မွာလည္း အခုအခါ ၿဗိတိန္ႏိုင္ငံထက္ ေက်ာ္လြန္ၿပီး ဒုတိယအမ်ားဆံုး ျဖစ္လာပါတယ္။
Johns Hopkins တကၠသိုလ္ သုေတသနဌာနရဲ႕ တနဂၤေႏြေန႔အထိ စာရင္းအရ ဘရာဇီးႏုိင္ငံမွာ ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၄၂,၇၀၀ ေက်ာ္အထိ တိုးလာခဲ့ၿပီး ၿဗိတိန္ႏုိင္ငံမွာေတာ့ ေသဆံုးသူ ၄၁,၇၀၀ ေက်ာ္ ရွိပါတယ္။ ကမၻာေပၚမွာ ဒီေရာဂါေၾကာင့္ ေသဆံုးမႈအမ်ားဆံုးက အေမရိကန္ျပည္ေထာင္စုမွာျဖစ္ၿပီး ေသဆံုးသူ ၁၁၅,၀၀၀ ေက်ာ္ရွိၿပီး ကူးစက္မႈေပါင္း ၂ သန္းေက်ာ္ ရွိပါတယ္။
ကမၻာတ၀န္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြဟာ တျဖည္းျဖည္း ပိုမ်ားလာေနၿပီး ၈ သန္းနီးပါးေလာက္ကို ျဖစ္လာေနၿပီ ဆုိတာကို Johns Hopkins တကၠသိုလ္ စာရင္းေတြက ေဖာ္ျပေနပါတယ္။
ကူးစက္မႈနဲ႔ ေသဆံုးမႈ အမ်ားဆံုးက အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ပါတယ္။ ဘရာဇီးႏုိင္ငံၿပီးရင္ ကူးစက္မႈ တတိယအမ်ားဆံုးက ႐ုရွားႏုိင္ငံျဖစ္ၿပီး ကူးစက္သူေပါင္း ၅ သိန္းေက်ာ္ ရွိပါတယ္။
ဒီေရာဂါျဖစ္ပြားတာကို စတင္ေတြ႔ရွိခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ အေစာပိုင္း ကူးစက္မႈေတြ သိသိသာသာ က်ဆင္းသြားခဲ့ၿပီးတဲ့ေနာက္ တနဂၤေႏြေန႔ကေတာ့ ကူးစက္သူ ၅၇ ဦး ထပ္မံေတြ႔ရွိခဲ့ၿပီး ဒါဟာ ၂ လအတြင္း တေန႔တည္း အမ်ားဆံုးကူးစက္မႈလည္း ျဖစ္ပါတယ္။
ေရာဂါထိန္းခ်ဳပ္ေရး အသြားအလာ ကန္႔သတ္မႈေတြ ျပန္လည္ေျဖေလွ်ာ့ေပးခဲ့ၿပီး ေနာက္ပိုင္းမွာ ခုလို ကူးစက္မႈေတြ ျပန္ေတြ႔လာရတာ ျဖစ္ပါတယ္။
တေက်ာ့ျပန္ ကူးစက္မႈေတြ ျပန္ဆိုးလာမွာ စိုးရိမ္ေနတဲ့ ေဘဂ်င္းၿမိဳ႕ေတာ္မွာ တနဂၤေႏြေန႔က လူေတြ ေထာင္ေသာင္းခ်ီ ေရာဂါရွိမရွိ စမ္းသပ္ စစ္ေဆးခဲ့ၾကပါတယ္။
-----------------------------
(Unicode)
ဘရာဇီးမှာ COVID-19 သေဆုံးသူ ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်လာ
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးရှိနေတဲ့ ဘရာဇီးနိုင်ငံဟာ ဒီရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာလည်း အခုအခါ ဗြိတိန်နိုင်ငံထက် ကျော်လွန်ပြီး ဒုတိယအများဆုံး ဖြစ်လာပါတယ်။
Johns Hopkins တက္ကသိုလ် သုတေသနဌာနရဲ့ တနင်္ဂနွေနေ့အထိ စာရင်းအရ ဘရာဇီးနိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးသူ ၄၂,၇၀၀ ကျော်အထိ တိုးလာခဲ့ပြီး ဗြိတိန်နိုင်ငံမှာတော့ သေဆုံးသူ ၄၁,၇၀၀ ကျော် ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဒီရောဂါကြောင့် သေဆုံးမှုအများဆုံးက အမေရိကန်ပြည်ထောင်စုမှာဖြစ်ပြီး သေဆုံးသူ ၁၁၅,၀၀၀ ကျော်ရှိပြီး ကူးစက်မှုပေါင်း ၂ သန်းကျော် ရှိပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေဟာ တဖြည်းဖြည်း ပိုများလာနေပြီး ၈ သန်းနီးပါးလောက်ကို ဖြစ်လာနေပြီ ဆိုတာကို Johns Hopkins တက္ကသိုလ် စာရင်းတွေက ဖော်ပြနေပါတယ်။
ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံပြီးရင် ကူးစက်မှု တတိယအများဆုံးက ရုရှားနိုင်ငံဖြစ်ပြီး ကူးစက်သူပေါင်း ၅ သိန်းကျော် ရှိပါတယ်။
ဒီရောဂါဖြစ်ပွားတာကို စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ အစောပိုင်း ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့ကတော့ ကူးစက်သူ ၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဒါဟာ ၂ လအတွင်း တနေ့တည်း အများဆုံးကူးစက်မှုလည်း ဖြစ်ပါတယ်။
ရောဂါထိန်းချုပ်ရေး အသွားအလာ ကန့်သတ်မှုတွေ ပြန်လည်ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်းမှာ ခုလို ကူးစက်မှုတွေ ပြန်တွေ့လာရတာ ဖြစ်ပါတယ်။
တကျော့ပြန် ကူးစက်မှုတွေ ပြန်ဆိုးလာမှာ စိုးရိမ်နေတဲ့ ဘေဂျင်းမြို့တော်မှာ တနင်္ဂနွေနေ့က လူတွေ ထောင်သောင်းချီ ရောဂါရှိမရှိ စမ်းသပ် စစ်ဆေးခဲ့ကြပါတယ်။