သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ တလကျော်အတွင်း COVID-19 ကူးစက်ခံ ၁ သန်းကျော်နိုင်ကြောင်း အစိုးရခန့်မှန်း


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ အမျိုးသားတဦးကို COVID-19 ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၃၊ ၂၀၂၀)
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ အမျိုးသားတဦးကို COVID-19 ကူးစက်မှုရှိမရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၃၊ ၂၀၂၀)

(Zawgyi / Unicode)

လာမယ့် ဇူလိုင်လကုန်ပိုင်း ရောက်ရင် ပါကစ္စတန်နိုင်ငံမှာ COVID-19 ကူးစက်သူ ၁.၂ သန်းထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းကြောင်း ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် ကူးစက်ပြန့်ပွားမှု နည်းရအောင် ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေး ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ အစိုးရက ထပ်လောင်း သတိပေးထားပါတယ်။

လူဦးရေ သန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ အခုချိန်ထိ ကိုဗစ်ကူးစက်ထားသူပေါင်း ၁၄၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂,၇၀၀ လောက် ရှိပါတယ်။

တနင်္ဂနွေ တရက်တည်းမှာတင် ပါကစ္စတန်မှာ ကိုဗစ်ကူးစက်မှုအသစ် ၆,၈၀၀ ကျော်အထိ စံချိန်တင်လောက်အောင် များပြားခဲ့ပါတယ်။

အခုလို ကိုဗစ်ကူးစက်မှု မြင့်မားလာတာက ပါကစ္စတန်အစိုးရကို အထူးစိုးရိမ်မှု ဖြစ်စေတယ်လို့ ပါကစ္စတန် ကိုဗစ်ရောဂါထိန်းချုပ်ရေးဌာန NCOC အကြီးအကဲ Asad Umar က ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ ရောဂါကူးစက်မှုတွေ ရှိနေတဲ့ကြားကပဲ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က စီးပွားရေးလုပ်ငန်းတွေနဲ့ လူအများနဲ့ သက်ဆိုင်တဲ့ ပွဲတွေကို လုပ်ကိုင်ခွင့် ပြန်ဖွင့်ပေးလိုက်ပြီးနောက်ပိုင်း ရောဂါကူးစက်မှု ပြန်တိုးလာတာပါ။

ဒီအတိုင်းသာ ဆက်သွားနေရင် ဇူလိုင်လအကုန်မှာ ကိုဗစ်ကူးစက်လူနာ ၁.၂ သန်းထိ ရှိလာမယ်လို့ ပညာရှင်တွေ သတိပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG