သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုဗစ်ရောဂါကူးစက်မှု လျှင်မြန်စွာဖြစ်ပေါ်နေ


အိန္ဒိယနိုင်ငံမှာ COVID ကြောင့် သေဆုံးသွားတဲ့လူနာတဦး
အိန္ဒိယနိုင်ငံမှာ COVID ကြောင့် သေဆုံးသွားတဲ့လူနာတဦး

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သိပ်ကို လ ျှင်လ ျှင်မြန်မြန် ပြန့်နှံ့ နေပြီး ရောဂါပိုးကူးစက်သူ တသိန်းပြည့်ဖို့ ၉၈ ရက် ကြာခဲ့ပေမယ့် နောက်ထပ် ၁၈ ရက်အတွင်းမှာတင် ၂ သိန်းဖြစ်လာတာ တွေ့ရတယ်လို့ အာဖရိကဒေသဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Matshidiso Moeti က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနိုင်ငံတွေမှာ ရောဂါဖြစ်ပွါးသူ အရေအတွက်ကို တကယ်ဖြစ်နေတဲ့ အရေအတွက်ထက်လျော့ပြီး ပြနေကြတယ်လို့ ကူးစက်ရောဂါ ပညာရှင် အများအပြားက တွက်ဆ နေချိန်မှာပဲ WHO က သတိပေးချက် ထွက်လာတာ ဖြစ်ပါတယ်။

အခုလို ကူးစက်သူ အရေအတွက် တိုးလာနေပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အစိုးရတွေ ကတော့ ဒီရောဂါ ဆိုင်ရာ ကန့်သတ်မှုတွေကို ဖြေလေ ျှာ့ ပေးနေကြတာ ဖြစ်ပြီး ဒီလို လုပ်မပေးရင် သူတို့ နိုင်ငံတွေ အတွက် ငွေကြေးဆိုင်ရာ ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပြောနေကြတာပါ။

အိန္ဒိယ နိုင်ငံမှာဆိုရင် ရောဂါအတွက် ချထားတဲ့ ကန့်သတ်မှုတွေ ဖြေလေ ျှာ့ပေးလိုက်တဲ့ နေ့မှာပဲ အကူးစက်ခံရသူ အရေအတွက် က မှတ်တမ်းတင်လောက်အောင် တိုးလာခဲ့တာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တဦးဖြစ်တဲ့ Mark Lowcock ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတွေကို အဆိုးဝါးဆုံး ထိခိုက်စေနိုင်တဲ့ အပြင် စားနပ်ရိက္ခပြတ်လပ်တဲ့ အငတ်ဘေးနဲ့ပါ ကြုံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတိုက်က ဖွံ့ဖြိုးဆဲနဲ့ ဝင်ငွေအလယ်အလတ် ရှိတဲ့ နိုင်ငံတွေမှာ ရောဂါကူးစက်မှု များနေတာကို လနဲ့ ချီတွေ့ရနိုင်တာကြောင့် ကျန်းမာရေးအရာရှိတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG