သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလအတြင္း အိႏၵိယမွာ သတင္းလြတ္လပ္ခြင့္ ဖိႏွိပ္မႈေတြ ပုိတုိးလာ


ကိုဗစ္ေရာဂါကာကြယ္ရန္ မ်က္ႏွာဖံုးတပ္ထားေသာ အိႏၵိယသတင္းေထာက္မ်ား

Zawgyi/Unicode

အိႏၵိယနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ အေၾကာင္း ေျပာဆို ေရးသားတဲ့ သတင္းသမားေတြ တရားစြဲဆိုမႈေတြနဲ႔ ရင္ဆိုင္ေနၾကရ တာေၾကာင့္ သတင္းလြတ္လပ္ခြင့္ကို ဖိႏွိပ္ခ်ဳပ္ျခယ္ဖို႔ အိႏၵိယနိုင္ငံရဲ့ဥပေဒေတြ အသုံးခ်ခံရမွာကို စိုးရမ္ေနရေၾကာင္း သတင္း လြတ္လပ္ခြင့္ဆိုင္ရာ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

အရင္ကတည္းကလည္း အိႏၵိယနိုင္ငံေရးသမားေတြနဲ႔ အာဏာပိုင္ေတြက အသေရဖ်က္မႈဆိုင္ရာ ဥပေဒေတြကို အသုံးျပဳၿပီး တိုင္းျပည္ တြင္း သတင္းလြတ္လပ္ခြင့္ကို ကန္႔သတ္ဖို႔ႀကိဳးစားခဲ့ေနခဲ့တာပါ။ ဒါေပမဲ့ ကပ္ေရာဂါ က်ေရာက္ခ်ိန္အတြင္းမွာေတာ့ တရားစြဲဆိုခ်က္ ေတြက လြတ္လပ္စြာ ေျပာဆိုခြင့္ကို အာမခံထားတဲ့ အိႏၵိယနိုင္ငံရဲ့ အေျခခံ ဥပေဒမတိုင္ခင္ၿဗိတိသၽွလက္ထက္က ျပဌာန္း ခဲ့တဲ့ အိႏၵိယ ကပ္ေရာဂါဆိုင္ရာ အက္ဥပေဒနဲ႔ တရားစြဲထားတာေတြ ျဖစ္ေနတာပါ။ အဲဒီ ဥပေဒေရာ အလားတူ ဥပေဒတစ္ခု ျဖစ္တဲ့ ၂၀၀၅ ခုႏွစ္ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ ဥပေဒေရာ ႏွစ္ခုစလုံးက ေထာင္ဒဏ္နဲ႔ ေငြဒဏ္ေတြ ခ်မွတ္နိုင္ပါတယ္။

ၿပီးခဲ့တဲ့ လက အိႏၵိယနိုင္ငံ Editor Guild သတင္းသမားမ်ား အဖြဲ႕က Face The Nation သတင္းဌာနရဲ့ အယ္ဒီတာ Dhaval Patel ရဲ့ အမႈနဲ႔ ပတ္သက္ၿပီး ေထာက္ၿပ ေျပာဆိုထားခဲ့ပါတယ္။ Patel ဟာ သတင္းမွားေတြ ေရးသားခဲ့တယ္ဆိုၿပီး ေမလထဲမွာ အဖမ္းခံခဲ့ရတာပါ။ ကိုရိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားမႈႏႈန္း မ်ားတာေၾကာင့္ Gujarat ျပည္နယ္မွာ ေခါင္းေဆာင္ အေျပာင္းအလဲ ျဖစ္မယ္ ဆိုၿပီး ခန္႔မွန္း သတင္းေရးသားခ်က္နဲ႔ ဆက္ႏြယ္ၿပီး သူ႔အေပၚ တရားစြဲဆိုခဲ့တာလည္း ျဖစ္ပါတယ္။ အလားတူ ျဖစ္ရပ္မ်ိဳးေတြကိုလည္း Editor Guild သတင္းသမားမ်ား အဖြဲ႕က ေထာက္ျပခဲ့ပါတယ္။ Editor Guild ကလည္း သတင္းသမားေတြကို ၿခိမ္းေျခာက္ဖို႔ ရာဇဝတ္ႀကီး ဥပေဒေတြကို တလြဲ အသုံးျပဳတဲ့ အလားတူ အမႈေတြ ပို မ်ာ လာေနတယ္လို႔ ေထာက္ျပထားၿပီး အိႏၵိယ သတင္းသမားမ်ား အမ်ိဳးသား သမဂၢကလည္း မီဒီယာ လြတ္လပ္ခြင့္ကို ထိန္းသိမ္းေစာင့္ေရွာက္ေပးဖို႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi ကို ေတာင္းဆိုခဲ့ပါတယ္။

အိႏၵိယ သတင္းနဲ႔ အသံလႊင့္ဝန္ႀကီး ဌာန ဝန္ႀကီး Prakash Javadekar ကေတာ့ တိုင္းျပည္တြင္း မီဒီယာေတြ အႂကြင္းမဲ့ လြတ္လပ္ခြင့္ ရွိေၾကာင္း ကမၻာ့ သတင္းလြတ္လပ္ခြင့္ ေန႔မွာ ေျပာထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်း ပြောဆို ရေးသားတဲ့ သတင်းသမားတွေ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေကြရ တာကြောင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ခြယ်ဖို့ အိန္ဒိယနိုင်ငံရဲ့ဥပဒေတွေ အသုံးချခံရမှာကို စိုးရမ်နေရကြောင်း သတင်း လွတ်လပ်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အရင်ကတည်းကလည်း အိန္ဒိယနိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေက အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေကို အသုံးပြုပြီး တိုင်းပြည် တွင်း သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ကြိုးစားခဲ့နေခဲ့တာပါ။ ဒါပေမဲ့ ကပ်ရောဂါ ကျရောက်ချိန်အတွင်းမှာတော့ တရားစွဲဆိုချက် တွေက လွတ်လပ်စွာ ပြောဆိုခွင့်ကို အာမခံထားတဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေခံ ဥပဒေမတိုင်ခင်ဗြိတိသျှလက်ထက်က ပြဌာန်း ခဲ့တဲ့ အိန္ဒိယ ကပ်ရောဂါဆိုင်ရာ အက်ဥပဒေနဲ့ တရားစွဲထားတာတွေ ဖြစ်နေတာပါ။ အဲဒီ ဥပဒေရော အလားတူ ဥပဒေတစ်ခု ဖြစ်တဲ့ ၂၀၀၅ ခုနှစ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေရော နှစ်ခုစလုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ လက အိန္ဒိယနိုင်ငံ Editor Guild သတင်းသမားများ အဖွဲ့က Face The Nation သတင်းဌာနရဲ့ အယ်ဒီတာ Dhaval Patel ရဲ့ အမှုနဲ့ ပတ်သက်ပြီး ထောက်ပြ ပြောဆိုထားခဲ့ပါတယ်။ Patel ဟာ သတင်းမှားတွေ ရေးသားခဲ့တယ်ဆိုပြီး မေလထဲမှာ အဖမ်းခံခဲ့ရတာပါ။ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း များတာကြောင့် Gujarat ပြည်နယ်မှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မယ် ဆိုပြီး ခန့်မှန်း သတင်းရေးသားချက်နဲ့ ဆက်နွယ်ပြီး သူ့အပေါ် တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အလားတူ ဖြစ်ရပ်မျိုးတွေကိုလည်း Editor Guild သတင်းသမားများ အဖွဲ့က ထောက်ပြခဲ့ပါတယ်။ Editor Guild ကလည်း သတင်းသမားတွေကို ခြိမ်းခြောက်ဖို့ ရာဇဝတ်ကြီး ဥပဒေတွေကို တလွဲ အသုံးပြုတဲ့ အလားတူ အမှုတွေ ပို မျာ လာနေတယ်လို့ ထောက်ပြထားပြီး အိန္ဒိယ သတင်းသမားများ အမျိုးသား သမဂ္ဂကလည်း မီဒီယာ လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကို တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယ သတင်းနဲ့ အသံလွှင့်ဝန်ကြီး ဌာန ဝန်ကြီး Prakash Javadekar ကတော့ တိုင်းပြည်တွင်း မီဒီယာတွေ အကြွင်းမဲ့ လွတ်လပ်ခွင့် ရှိကြောင်း ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် နေ့မှာ ပြောထားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG