သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ရဲ႕ စီးပြားေရး ျပန္ေကာင္းလာေနၿပီလို႔ အိမ္ျဖဴေတာ္ေျပာ


အေမရိကန္ျပည္ေထာင္စု Illinois ျပည္နယ္မွာ အလုပ္အကုိင္ရွာေဖြေရး အခ်က္အလက္ ၾကည့္႐ႈေနသည့္ အမ်ဳိးသမီးတဦး။ (ဧၿပီ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာ့အႀကီးဆံုးျဖစ္တဲ့ အေမရိကန္ စီးပြားေရးဟာ အခုအခါမွာ ျပန္လည္ထူေထာင္ေရး အဆင့္ကို ေရာက္ရွိေနၿပီလို႔ အိမ္ျဖဴေတာ္ စီးပြားေရးအႀကံေပး Larry Kudlow က တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ စီးပြားေရးလုပ္ငန္း ေထာင္ေပါင္းမ်ားစြာကို ပိတ္ပစ္ခဲ့ရတဲ့အတြက္ အေမရိကန္စီးပြားေရးကို အေတာ္ေလး ထိခိုက္ခဲ့တာ ျဖစ္ပါတယ္။ လာမယ့္လေတြအတြင္း အလုပ္လက္မဲ့ဦးေရ ဆက္ၿပီး ျမင့္မားေနဆဲ ရွိလိမ့္မယ္လို႔လည္း ေလ့လာသူေတြက ႀကိဳတင္ခန္႔မွန္းထားပါတယ္။

ဒါေပမယ့္လည္း CNN ႐ုပ္သံ သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ Kudlow ေျပာသြားတာကေတာ့ အေမရိကန္ စီးပြားေရးဟာ ျပန္လည္ပတ္ေနေၾကာင္းနဲ႔ ၂၀၂၁ ခုႏွစ္ဟာ ခိုင္မာတဲ့ႏွစ္တႏွစ္ ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။

အလုပ္လက္မဲ့ျဖစ္ေနတဲ့ အစိုးရ၀န္ထမ္းေတြ ဆိုရင္လည္း တဦးကို တပတ္ ေဒၚလာ ၆၀၀ နဲ႔ အလုပ္လက္မဲ့ ခံစားခြင့္အျဖစ္ ရရွိေနေၾကာင္း၊ အလုပ္လက္မဲ့ျဖစ္သြားတဲ့ လူေပါင္း သန္း ၄၀ ေက်ာ္အတြက္လည္း သက္ဆိုင္ရာ ျပည္နယ္ေတြက အလုပ္လက္မဲ့ ခံစားခြင့္အျပင္ ဗဟိုအစိုးရဘက္ကလည္း အေရးေပၚရန္ပံုေငြအျဖစ္နဲ႔ အလုပ္လက္မဲ့ခံစားခြင့္ ထပ္ၿပီးေပးထားေၾကာင္း Kudlow က ေျပာပါတယ္။

ကပ္ေရာဂါေၾကာင့္ လူေတြ အလုပ္မလုပ္ရတဲ့အတြက္ အစိုးရက ပိုက္ဆံေတြ ေထာက္ပံေပးခဲ့ၿပီး ဒါေတြဟာ ပံုမွန္ အလုပ္လစာထက္ေတာင္ မ်ားေသးတယ္လို႔လည္း အိမ္ျဖဴေတာ္ စီးပြားေရးအႀကံေပးက ဆိုပါတယ္။

ဒါေပမယ့္ ဒီလို အလုပ္လက္မဲ့ ခံစားခြင့္ေတြကို လာမယ့္ ဇူလိုင္လအကုန္မွာ အဆံုးသတ္ဖို႔ရွိေနေၾကာင္း Kudlow က ေျပာပါတယ္။

အခုခ်ိန္မွာ လူေတြ ျပန္ၿပီး အလုပ္ဆင္းဖို႔ Trump အစိုးရက လိုလားေနပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ကမၻာမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆံုး ႏိုင္ငံအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ ကူးစက္ခံရသူေပါင္း ၂ သန္းေက်ာ္ရွိေနၿပီး ေသဆံုးသူ စုစုေပါင္းဟာ ၁၁၅,၀၀၀ ေက်ာ္ရွိခဲ့ၿပီး လာမယ့္လေတြအတြင္း လူေပါင္း သိန္းနဲ႔ခ်ီ ေသဆံုးဖို႔ ရွိတယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

အေမရိကန္ႏိုင္ငံမွာ တရား၀င္ စာရင္းထုတ္ျပန္ခ်က္အရ ေမလမွာ အလုပ္လက္မဲ့ႏႈန္းဟာ ၁၃.၃ ရာခုိင္ႏႈန္း ရွိတယ္လို႔ ဆိုေပမယ့္ စစ္တမ္းေကာက္ယူမႈ အမွားအယြင္းေတြ ျဖစ္ခဲ့တာေၾကာင့္ တကယ္တမ္း အလုပ္လက္မဲ့ႏႈန္းဟာ ၁၆.၄ ရာခုိင္ႏႈန္းထိ ရွိသင့္ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

အေမရိကန္ ဗဟိုဘဏ္ဘက္ကေတာ့ ဒီႏွစ္အကုန္မွာ အလုပ္လက္မဲ့ဦးေရ ၉.၃ ရာခုိင္ႏႈန္းသို႔ က်ဆင္းႏိုင္ၿပီး ၂၀၂၁ ခုႏွစ္အကုန္မွာ ၆.၅ ရာခုိင္ႏႈန္းအထိ က်ဆင္းသြားလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အမေရိကန်ရဲ့ စီးပွားရေး ပြန်ကောင်းလာနေပြီလို့ အိမ်ဖြူတော်ပြော

ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အမေရိကန် စီးပွားရေးဟာ အခုအခါမှာ ပြန်လည်ထူထောင်ရေး အဆင့်ကို ရောက်ရှိနေပြီလို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးလုပ်ငန်း ထောင်ပေါင်းများစွာကို ပိတ်ပစ်ခဲ့ရတဲ့အတွက် အမေရိကန်စီးပွားရေးကို အတော်လေး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့်လတွေအတွင်း အလုပ်လက်မဲ့ဦးရေ ဆက်ပြီး မြင့်မားနေဆဲ ရှိလိမ့်မယ်လို့လည်း လေ့လာသူတွေက ကြိုတင်ခန့်မှန်းထားပါတယ်။

ဒါပေမယ့်လည်း CNN ရုပ်သံ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Kudlow ပြောသွားတာကတော့ အမေရိကန် စီးပွားရေးဟာ ပြန်လည်ပတ်နေကြောင်းနဲ့ ၂၀၂၁ ခုနှစ်ဟာ ခိုင်မာတဲ့နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အလုပ်လက်မဲ့ဖြစ်နေတဲ့ အစိုးရဝန်ထမ်းတွေ ဆိုရင်လည်း တဦးကို တပတ် ဒေါ်လာ ၆၀၀ နဲ့ အလုပ်လက်မဲ့ ခံစားခွင့်အဖြစ် ရရှိနေကြောင်း၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူပေါင်း သန်း ၄၀ ကျော်အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်တွေက အလုပ်လက်မဲ့ ခံစားခွင့်အပြင် ဗဟိုအစိုးရဘက်ကလည်း အရေးပေါ်ရန်ပုံငွေအဖြစ်နဲ့ အလုပ်လက်မဲ့ခံစားခွင့် ထပ်ပြီးပေးထားကြောင်း Kudlow က ပြောပါတယ်။

ကပ်ရောဂါကြောင့် လူတွေ အလုပ်မလုပ်ရတဲ့အတွက် အစိုးရက ပိုက်ဆံတွေ ထောက်ပံပေးခဲ့ပြီး ဒါတွေဟာ ပုံမှန် အလုပ်လစာထက်တောင် များသေးတယ်လို့လည်း အိမ်ဖြူတော် စီးပွားရေးအကြံပေးက ဆိုပါတယ်။

ဒါပေမယ့် ဒီလို အလုပ်လက်မဲ့ ခံစားခွင့်တွေကို လာမယ့် ဇူလိုင်လအကုန်မှာ အဆုံးသတ်ဖို့ရှိနေကြောင်း Kudlow က ပြောပါတယ်။

အခုချိန်မှာ လူတွေ ပြန်ပြီး အလုပ်ဆင်းဖို့ Trump အစိုးရက လိုလားနေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ကူးစက်ခံရသူပေါင်း ၂ သန်းကျော်ရှိနေပြီး သေဆုံးသူ စုစုပေါင်းဟာ ၁၁၅,၀၀၀ ကျော်ရှိခဲ့ပြီး လာမယ့်လတွေအတွင်း လူပေါင်း သိန်းနဲ့ချီ သေဆုံးဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံမှာ တရားဝင် စာရင်းထုတ်ပြန်ချက်အရ မေလမှာ အလုပ်လက်မဲ့နှုန်းဟာ ၁၃.၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပေမယ့် စစ်တမ်းကောက်ယူမှု အမှားအယွင်းတွေ ဖြစ်ခဲ့တာကြောင့် တကယ်တမ်း အလုပ်လက်မဲ့နှုန်းဟာ ၁၆.၄ ရာခိုင်နှုန်းထိ ရှိသင့်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် ဗဟိုဘဏ်ဘက်ကတော့ ဒီနှစ်အကုန်မှာ အလုပ်လက်မဲ့ဦးရေ ၉.၃ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ပြီး ၂၀၂၁ ခုနှစ်အကုန်မှာ ၆.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG