သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ တသန်းခွဲ ထပ်တိုး


အလုပ်လက်မဲ့ခံစားခွင့်လာရောက်လျှောက်နေကြသည့် အမေရိကန်ပြည်သူများ
အလုပ်လက်မဲ့ခံစားခွင့်လာရောက်လျှောက်နေကြသည့် အမေရိကန်ပြည်သူများ

Zawgyi/Unicode

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ နောက်ထပ် ၁ သန်းခွဲရှိပြီး ဒါဟာ ၃ လအတွင်း အနည်းဆုံး တွေ့ရတာ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ စီးပွါးရေး လုပ်ငန်းတွေ တဖြေးဖြေး ပြန်ဖွင့်နေတဲ့ အတွက် အလုပ်သမားအများအပြား အလုပ်ခွင် ပြန်ဝင် နေကြတာကြောင့် အခုဆို အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားသူဟာ သီတင်းပတ် ၁၂ ပတ်ကြာ ဆက်တိုက် လျော့ကျလာတာ ဖြစ်ပါတယ်။ ဒါမပမယ့် ကပ်ရောဂါကြောင့် ကျဆင်းသွားတဲ့ အမေရိကန် စီးပွါးရေး ပြန်ကောင်းလာစေဖို့ အချိန်ကြာအုံးမှာ ဖြစ်ကြောင်း စီးပွါးရေးဆိုင်ရာ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အမေရိကန်အလုပ်သမား ၁၆၄ သန်းကျော် ထဲက လေးပုံတပုံကျော် ဖြစ်တဲ့ ၄၄ သန်းလောက် ဟာ မတ်လ လယ်ကစပြီး အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားခဲ့တကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သန်းနဲ့ချီပြီး အလုပ်ပြန်ဝင် နေကြပြီ ဖြစ်တဲ့ အတွက် ခံစားခွင့် လျှောက်ထားသူဟာ ၂၁ သန်းနီးပါးလောက်ပဲ ရှိတော့တာ ဖြစ်ပါတယ်။

မေလ အတွက် အမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၃.၃ % ဖြစ်တယ်လို့ တာဝန်ခံ အရာရှိတွေက သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ စစ်တမ်းကောက်သူတွေရဲ့ မှားယွင်းမှုကြောင့် ဖြစ်ကြောင်းနဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၆.၄% ဖြစ်ပါတယ်။

ဗဟိုဘဏ်ကတော့ အမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဒီနှစ်ကုန်လောက်မှာ ၉ .၃% အထိကျဆင်း သွားနိုင်ပြီး ၂၀၂၁ နှစ်ကုန်ကျရင် ၆ယ၅% ဖြစ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာပဲ ခန့်မှန်းချက် ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]







XS
SM
MD
LG