သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈ သက္သာေစေရး ကမၻာတလႊား ႏုိင္ငံေတြ ႀကိဳးပမ္း


ျပင္သစ္ႏုိင္ငံရွိ တုိယုိတာကားစက္႐ုံတြင္ အလုပ္လုပ္ေနသည့္ ဝန္ထမ္းတဦး။ (ဧၿပီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမာၻေပၚက ႏုိင္ငံတုိင္းလိုလို စီးပြားေရးက်ဆင္းမႈဒဏ္ကို အႀကီးအက်ယ္ ခံစားခဲ့ရေပမယ့္ တခ်ိဳ႕ႏုိင္ငံေတြကေတာ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ အလုပ္သမားေတြအေပၚမွာ ထိခုိက္မႈ သက္သာေအာင္ လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ ဗုိင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အျပင္းအထန္ လုပ္ေဆာင္ခဲ့တဲ့ ဖြံ႔ၿဖိဳးတုိးတက္တဲ့ ႏုိင္ငံတခ်ိဳ႕ကေတာ့ စီးပြားေရးအရ ထိခုိက္မႈေတြနည္းေအာင္ လုပ္ႏုိင္ခဲ့ေပမယ့္ အရင္းအျမစ္ေတြ သိပ္မရွိတဲ့ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကေတာ့ အႏၱရာယ္အမ်ားဆုံး ရင္ဆုိင္ေနရပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ဗြီအုိေအသတင္းေထာက္ Brian Padden သတင္းေပးပို႔ထားတာကို ကုိရန္ႏုိင္ တင္ျပေပးထားပါတယ္။

ေတာင္ကိုရီးယား၊ စင္ကာပူနဲ႔ ဗီယက္နမ္ႏုိင္ငံေတြဟာ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ စီးပြားေရးလုပ္ငန္းေတြကို ပိတ္တာ၊ ဗုိင္းရပ္စ္ပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာေတြနဲ႔ ဗုိင္းရပ္စ္ ကူးစက္ခံထားရတဲ့ သူေတြနဲ႔ ထိေတြ႔ဆက္ဆံခဲ့တဲ့ သူေတြကို စုံစမ္းေဖာ္ထုတ္တာ လုပ္ၿပီး ဗုိင္းရပ္စ္ကူးစက္မႈေတြ မပ်ံ႕ႏွံ႔ေအာင္ ေစာေစာစီးစီးနဲ႔ ထိထိေရာက္ေရာက္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ အဲဒီလို လုပ္ခဲ့တဲ့အတြက္ အဲဒီႏုိင္ငံေတြဟာ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္တဲ့အခါမွာ အေအာင္ျမင္ဆုံး ျဖစ္ခဲ့တယ္လို႔ စီးပြားေရးပညာရွင္ေတြက ေျပာပါတယ္။

Stephanie Segal ဟာ CSIS မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာ ေလ့လာေရးဌာနက ႏုိင္ငံေရးေဘာဂေဗဒ အကဲခတ္ ျဖစ္ပါတယ္။

“စီးပြားေရးလုပ္ငန္းေတြကို ျဖည္းျဖည္းခ်င္း ျပန္ဖြင့္တဲ့အခါမွာ စားသုံးသူေတြက ဘယ္လိုတုံ႔ျပန္မလဲ ဆုိတာကလည္း မသိႏုိင္တဲ့ အခ်က္ေတြထဲမွာ တခုအပါအ၀င္ ျဖစ္ေနတာေၾကာင့္ ဒါေတြလုပ္ခဲ့တယ္ဆုိရင္ေတာ့ စီးပြားေရးေတြကို ျပန္ဖြင့္တဲ့အခါမွာ ယုံၾကည္မႈေတြရေအာင္ အမွန္တကယ္ အားေပးႏုိင္မွာ ျဖစ္ပါတယ္။”

အာရွ၊ ဥေရာပနဲ႔ ေျမာက္အေမရိက ႏုိင္ငံေတြက ဖြံ႔ၿဖိဳးတုိးတက္တဲ့ ႏုိင္ငံေတြမွာေတာ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ အလုပ္သမားေတြကို စီးပြားေရးေတြ ပိတ္ထားတဲ့ ကာလအတြင္း ၀င္ေငြမထိခုိက္ရေအာင္ ကပ္ေရာဂါကယ္ဆယ္ေရးနဲ႔ အကူအညီေပးေရး အစီအစဥ္ေတြ လုပ္ၿပီး ကူညီခဲ့ၾကပါတယ္။

ဂ်ာမနီႏုိင္ငံကေတာ့ အလုပ္မလုပ္ရဘဲ နားေနရတဲ့ အလုပ္သမားေတြကို လစာေပးဖို႔အတြက္ ကုမၸဏီေတြကို အစိုးရက ေငြေၾကး ျပန္ေထာက္ပံ့တာေတြေၾကာင့္ ဂ်ာမနီႏုိင္ငံမွာ အလုပ္လက္မဲ့ႏႈန္းက အေတာ္ေလးကို နည္းပါးခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ အလုပ္ျပဳတ္တဲ့သူ အေရအတြက္ အေတာ္ေလးကို မ်ားခဲ့ၿပီး အလုပ္သမား အခြင့္အေရးေတြကိုေတာ့ အလုပ္လက္မဲ့ ကူညီေထာက္ပ့ံေရး အစီအစဥ္ေတြကေန တဆင့္ ေတာင္းခံခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီအစီအစဥ္ေတြဟာ လိုအပ္ခ်က္ေတြ၊ ဟာကြက္ေတြ ရွိေနတာေၾကာင့္ အေမရိကန္ႏုိင္ငံသား အေတာ္မ်ားမ်ားဟာ စားနပ္ရိကၡာ ကူညီေထာက္ပံ့ေပးေနတဲ့ အစီအစဥ္ေတြကို အားကိုးေနၾကရပါတယ္။

ကပ္ေရာဂါ မတုိင္ခင္ကတည္းက ဆင္းရဲမဲြေတမႈနဲ႔ ႐ုန္းကန္ေနရတဲ့ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကေတာ့ ကမာၻတ၀န္း ပုိ႔ကုန္ထုတ္လုပ္မႈေတြနဲ႔ ခရီးသြားလုပ္ငန္းေတြမွာ အႀကီးအက်ယ္ က်ဆင္းခဲ့တာေၾကာင့္ စီးပြားေရး ႐ုိက္ခတ္မႈဒဏ္ကို အႀကီးအက်ယ္ ခံၾကရပါတယ္။

ကမာၻတ၀န္းမွာ အငတ္ေဘး မက်ေရာက္ရေအာင္ သတိေပးတဲ့အေနနဲ႔ အႏၱရာယ္ေတြနဲ႔ အမ်ားဆုံး ရင္ဆုိင္ေနရတဲ့သူေတြကို လူသားခ်င္းစာနာတဲ့ အကူအညီေတြ ေပးႏုိင္ဖို႔အတြက္ အေမရိကန္ေဒၚလာ ၇ ဘီလီယံေလာက္ လုိအပ္တယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာလိုက္ပါတယ္။

“လူသားခ်င္းစာနာမႈ အကူအညီေတြက စိတ္ဓာတ္ပိုင္းဆုိင္ရာအရ အလြန္အေရးႀကီးတဲ့ အရာတခုတင္မဟုတ္ဘဲ ဒါက ဗုိင္းရပ္စ္ကို တုိက္ဖ်က္ဖို႔အတြက္လည္း တကယ္ လက္ေတြ႔လိုအပ္ခ်က္ ျဖစ္ပါတယ္။ တကယ္လို႔ COVID-19 ကပ္ေရာဂါက အဆင္းရဲဆုံး ေနရာေဒသေတြကို အႀကီးအက်ယ္ ထိခုိက္ပ်က္စီးေစတယ္ဆုိရင္ က်ေနာ္တုိ႔အားလုံးအတြက္လည္း အႏၱရာယ္ရွိပါတယ္။”

စီးပြားေရးအရ အကူအညီေပးမႈေတြ ပိုၿပီး လိုအပ္ေနေပမယ့္လည္း ဘ႑ာေရးအရ အသုံးျပဳမႈေတြကို အားမေပးတဲ့ သမား႐ုိးက်၀ါဒီေတြကေတာ့ အေမရိကန္အစိုးရက ေႂကြးၿမီေတြ ထပ္တင္ခံၿပီး ေငြေၾကးေတြ အေျမာက္အျမား သုံးစဲြမယ့္ကိစၥကို ပိုၿပီးေတာ့ ဆန္႔က်င္ေနၾကပါတယ္။ အဲဒီလို သုံးစဲြလိုက္ျခင္းအားျဖင့္ အခြန္ေတြ ပိုၿပီးေတာ့ တုိးျမႇင့္ေကာက္ခံလာရမွာ ျဖစ္သလို ၿခိဳးၿခံေခၽြတာေရး အစီအစဥ္ေတြ လုပ္လိုက္တဲ့အတြက္ လာမယ့္ႏွစ္ေတြအတြင္း စီးပြားေရး ႀကီးထြားမႈႏႈန္းက ေႏွးေကြးလာႏုိင္တယ္လို႔လည္း သတိေပးလိုက္ပါတယ္။

“တကယ္လို႔ လူေတြ အလုပ္ျပန္မသြားၾကဘူးဆုိရင္ ေနာက္ထပ္ အကူအညီေတြ ထပ္ေပးဖို႔ လိုလာမွာပါ။ အဲဒီမွာ စၿပီး ၾကားလာရမယ့္ အရာေတြထဲက တခုကေတာ့ စီးပြားေရးအရ ေျခကုန္လက္ပမ္း က်တာေတြကို ၾကားလာရမွာပါ။” လုိ႔ Stephanie Segal က ေျပာပါတယ္။

ဒါေပမယ့္လည္း ဗုိင္းရပ္စ္ကာကြယ္ေဆးကို မေတြ႔မခ်င္း ဒါမွမဟုတ္ ေရာဂါေပ်ာက္ကင္းေအာင္ ကုသႏုိင္တဲ့ေဆးကို မေတြ႔မခ်င္း စီးပြားေရး က်ဆင္းမႈေတြကို ဘယ္ေလာက္ထိ ဆုိးရြားမယ္၊ ဘယ္ေလာက္ထိ ၾကာမယ္ဆုိတာကို ေျပာဖို႔ ခက္ဦးမွာျဖစ္တယ္လို႔ စီးပြားေရးပညာရွင္ေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ စီးပြားေရးလုပ္ငန္းေတြကို အခ်ိန္မတုိင္ခင္ ျပန္ဖြင့္လိုက္ျခင္းအားျဖင့္လည္း ကပ္ေရာဂါျပႆနာႀကီးကို ပိုၿပီးေတာ့ ရွည္ၾကာသြားေစႏုိင္တယ္လို႔လည္း သတိေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး ကမ္ဘာတလွှား နိုင်ငံတွေ ကြိုးပမ်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို စီးပွားရေးကျဆင်းမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပေမယ့် တချို့နိုင်ငံတွေကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေအပေါ်မှာ ထိခိုက်မှု သက်သာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့ကတော့ စီးပွားရေးအရ ထိခိုက်မှုတွေနည်းအောင် လုပ်နိုင်ခဲ့ပေမယ့် အရင်းအမြစ်တွေ သိပ်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အန္တရာယ်အများဆုံး ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာ၊ ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ သူတွေကို စုံစမ်းဖော်ထုတ်တာ လုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့အောင် စောစောစီးစီးနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်တဲ့အခါမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

Stephanie Segal ဟာ CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက နိုင်ငံရေးဘောဂဗေဒ အကဲခတ် ဖြစ်ပါတယ်။

“စီးပွားရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်တဲ့အခါမှာ စားသုံးသူတွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကလည်း မသိနိုင်တဲ့ အချက်တွေထဲမှာ တခုအပါအဝင် ဖြစ်နေတာကြောင့် ဒါတွေလုပ်ခဲ့တယ်ဆိုရင်တော့ စီးပွားရေးတွေကို ပြန်ဖွင့်တဲ့အခါမှာ ယုံကြည်မှုတွေရအောင် အမှန်တကယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။”

အာရှ၊ ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို စီးပွားရေးတွေ ပိတ်ထားတဲ့ ကာလအတွင်း ဝင်ငွေမထိခိုက်ရအောင် ကပ်ရောဂါကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး အစီအစဉ်တွေ လုပ်ပြီး ကူညီခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံကတော့ အလုပ်မလုပ်ရဘဲ နားနေရတဲ့ အလုပ်သမားတွေကို လစာပေးဖို့အတွက် ကုမ္ပဏီတွေကို အစိုးရက ငွေကြေး ပြန်ထောက်ပံ့တာတွေကြောင့် ဂျာမနီနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက အတော်လေးကို နည်းပါးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အလုပ်ပြုတ်တဲ့သူ အရေအတွက် အတော်လေးကို များခဲ့ပြီး အလုပ်သမား အခွင့်အရေးတွေကိုတော့ အလုပ်လက်မဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကနေ တဆင့် တောင်းခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီအစီအစဉ်တွေဟာ လိုအပ်ချက်တွေ၊ ဟာကွက်တွေ ရှိနေတာကြောင့် အမေရိကန်နိုင်ငံသား အတော်များများဟာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေကို အားကိုးနေကြရပါတယ်။

ကပ်ရောဂါ မတိုင်ခင်ကတည်းက ဆင်းရဲမွဲတေမှုနဲ့ ရုန်းကန်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ကမ္ဘာတဝန်း ပို့ကုန်ထုတ်လုပ်မှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အကြီးအကျယ် ကျဆင်းခဲ့တာကြောင့် စီးပွားရေး ရိုက်ခတ်မှုဒဏ်ကို အကြီးအကျယ် ခံကြရပါတယ်။

ကမ္ဘာတဝန်းမှာ အငတ်ဘေး မကျရောက်ရအောင် သတိပေးတဲ့အနေနဲ့ အန္တရာယ်တွေနဲ့ အများဆုံး ရင်ဆိုင်နေရတဲ့သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက် လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောလိုက်ပါတယ်။

“လူသားချင်းစာနာမှု အကူအညီတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အလွန်အရေးကြီးတဲ့ အရာတခုတင်မဟုတ်ဘဲ ဒါက ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက်လည်း တကယ် လက်တွေ့လိုအပ်ချက် ဖြစ်ပါတယ်။ တကယ်လို့ COVID-19 ကပ်ရောဂါက အဆင်းရဲဆုံး နေရာဒေသတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတယ်ဆိုရင် ကျနော်တို့အားလုံးအတွက်လည်း အန္တရာယ်ရှိပါတယ်။”

စီးပွားရေးအရ အကူအညီပေးမှုတွေ ပိုပြီး လိုအပ်နေပေမယ့်လည်း ဘဏ္ဍာရေးအရ အသုံးပြုမှုတွေကို အားမပေးတဲ့ သမားရိုးကျဝါဒီတွေကတော့ အမေရိကန်အစိုးရက ကြွေးမြီတွေ ထပ်တင်ခံပြီး ငွေကြေးတွေ အမြောက်အမြား သုံးစွဲမယ့်ကိစ္စကို ပိုပြီးတော့ ဆန့်ကျင်နေကြပါတယ်။ အဲဒီလို သုံးစွဲလိုက်ခြင်းအားဖြင့် အခွန်တွေ ပိုပြီးတော့ တိုးမြှင့်ကောက်ခံလာရမှာ ဖြစ်သလို ခြိုးခြံချွေတာရေး အစီအစဉ်တွေ လုပ်လိုက်တဲ့အတွက် လာမယ့်နှစ်တွေအတွင်း စီးပွားရေး ကြီးထွားမှုနှုန်းက နှေးကွေးလာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

“တကယ်လို့ လူတွေ အလုပ်ပြန်မသွားကြဘူးဆိုရင် နောက်ထပ် အကူအညီတွေ ထပ်ပေးဖို့ လိုလာမှာပါ။ အဲဒီမှာ စပြီး ကြားလာရမယ့် အရာတွေထဲက တခုကတော့ စီးပွားရေးအရ ခြေကုန်လက်ပမ်း ကျတာတွေကို ကြားလာရမှာပါ။” လို့ Stephanie Segal က ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးကို မတွေ့မချင်း ဒါမှမဟုတ် ရောဂါပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးကို မတွေ့မချင်း စီးပွားရေး ကျဆင်းမှုတွေကို ဘယ်လောက်ထိ ဆိုးရွားမယ်၊ ဘယ်လောက်ထိ ကြာမယ်ဆိုတာကို ပြောဖို့ ခက်ဦးမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းတွေကို အချိန်မတိုင်ခင် ပြန်ဖွင့်လိုက်ခြင်းအားဖြင့်လည်း ကပ်ရောဂါပြဿနာကြီးကို ပိုပြီးတော့ ရှည်ကြာသွားစေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

XS
SM
MD
LG